Nu Lwin
" ပြေးပြေးလွှားလွှား သွားသွားလာလာ "
" ဒင် ဒေါင် ဒင် ဒေါင်" ဟူသော တိုင်ကပ်နာရီမှ နာရီသံနဲ့အတူ ဒေါ်စောမြ အိပ်ယာထမှ လူးလဲထကာ မျက်နှာသစ်ရန် အိမ်ရှေ့ ရေကန်ပေါင်ပေါ်သို့ သွားကာ ကျောက်ခွေရေစည်ထဲမှ ရေခပ်ကာ မျက်နှာသစ်လေသည်။ဒေါ်စောမြတို့လို ဘဝသမားတွေအဖို့ အရာရာကို ပြေးပြေးလွှားလွှား လုပ်ရလေသည်။မျက်နှာသစ်ပီးတဲ့နောက် ဖွာလန်ကြဲနေတဲ့ ဆံပင်ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ဖြီးရသေး။ ခေါင်းကိုသပ်သပ်ရပ်ရပ် ဖြစ်အောင်ဖြီးပီး မနက်စောစောစီးစီး ကိုယ်သေရင် ကိုယ်နောက်ပါမဲ့ ဘုရားရှိခိုးတဲ့အလုပ်လဲ လုပ်ရသေးတယ်လေ။သောက်တော်ရေကပ်ဖို့ ငွေဖလားနဲ့ ရေအပြည့်ခပ် အဲ့နောက် သောက်တော်ရေခွက်တွေထဲ ရေဖြည့် ဘုရားကိုကပ် ပြီးတော့ ဘုရားစာကို တတ်သလောက်မှတ်သလောက်ရွတ်ဖတ်။ ပုတီးလေး တစ်ပတ်နှစ်ပတ်လေးစိတ်ပေါ့။ဒေါ်စောမြ ဘုရားရှိခိုးပီးတာနဲ့ မနက်ငါးနာရီထိုးပီလေ။ ဘုရားရှိခိုးပီးတာနဲ့ ယောက်ကျားဖြစ်သူ ဦးစောမောင်ကို အိပ်ယာထရန်နှိုး။လက်လုပ်မှ ပါးစပ်ပေါက် စိုပြေရတဲ့ စျေးသည် သူတို့ဘဝတွေကတော့ သူများတွေ အိပ်ကောင်းနေချိန် မနက်အစောကြီးထပီး စျေးသွားဖို့ ပြင်ဆင်မှ အတော်ပဲ မဟုတ်ပါလား။
သားသမီးလေးနှစ်ယောက်မွေးထားပါတယ်။တစ်ယောက်မှကို ဒေါ်စောမြတို့ လင်မယားကို အကျိ ုးမပေး။အကြီးကောင် စောဦးကတော့ သူ့ကိုယ်သူ စာရေးဆရာဖြစ်အောင် လုပ်မည်ဟု စာရေးဆရာရူးရူးပီး တောင်တွေးမြောက်တွေ
Unlock to read this premium article with 10 points.