ရေတမာ မွန်
ဘဝ လှေပေါ်မှာ
လောဘဝန်
မောဟဝန်
ဒေါသဝန်
သောကဝန်
အကုသိုလ်အထုပ်ကြီး
ပိုပြီးလေး၏။
လျော့
လျော့
ပထမဦးစားပေးလည်း လျော့
ဒုတိယ ဦးစားပေးလည်းလျော့
စားဝတ်နေရေး
လျော့လို့ရတာအကုန်လျော့။
မနာဝန်တိူခြင်းအပေါက်ကို
အမြန်ပိတ်ရမည်။
ကြည့်စမ်း တဏှာရေတွေဝင်လာနေပြီ
သံယောဇဉ်တွေ ထပ်လျော့
ဖြစ်လာသမျှ ဒုက္ခ သက်သက်မို့
ဝန်မပိပါစေနှင့်။
ဘဝလှေကြီး မြုပ်လုနီးပြီ
လျော့စမ်း မြန်မြန် လွတ်လမ်းအစဥ်လာရှိတယ်။
ဟိုမှာ တဖက်ကမ်းမြင်ရပြီ။
စိတ်ကြောင့်ဖြစ်တာတွေ ကို
စိတ်နဲ့သာ အဆုံးသတ်ကြရမယ်။
ဘာဖြစ်လို့လဲ
ကံအကြောင်းနဲ့ဆက်ခဲ့သမျှဟာ သံသရာရှည်ကြောင်းတွေများတယ်။
ဥာဏ်အကြောင်းနဲ့ဖဲ့ဖဲ့ချွေချလိုက်ပါ။
အဖန်တစ်ရာမက သံသရာဘဝ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ
ရှိလာရင်လည်း ကုသိုလ်ရေးကောင်းမှူ့နဲ့ပျော်ပါ
မရှိပါရင်လည်း ကုသိုလ်အတွေးကြောင့် အရှုံးမရှိပါ။
မေတ္တာ ကရုဏာ မုဒိတာတို့ထက်သာသော
ဥပက္ခာတရားနဲ့ နေတတ်အောင်ကျိုးစားပါ။
အပူမဟပ်ဘူး။
လူနပ်ချမ်းသာတယ်ဆိုတာ ဘဝမှာ နေတတ်သွားတာပါ။
ဒေါသ က ပူလောင်ခြင်းကိုပေးတယ်။
လောဘ က ဆာလောင်ခြင်းကိုပေးတယ်။
မောဟ က မာန်ထောင်ခြင်းကို ပေးတယ်။
မာန်ထောင် ဆာလောင်နေသူရဲ့ပူလောင်ခြင်းဟာ
အင်မတန်ကြောက်ဖို့ကောင်းတယ်။
မလုပ်ရဲတာ ဘာမှ မရှိဘူး။
ငရဲက လာသူ ပြာပူမကြောက်ဘူး။
အဲ့ဒီတော့ စိတ်ကိုလျှော့။
လျှော့လို့ရတာအကုန်လျှော့လိုက်ပါ ခန္ဓာဝန်ထုပ်ကြီးက
ဘဝလှေကို မနာလိုဝန်တိုခြင်း တောင်းတခြင်း ကြောင်းကြခြင်း
အပေါက်သုံးပေါက်က ထိုးဖောက်လို့ တဏှာရေတွေပြည့်ပြည့်လာပြီ။ မြှုပ်တော့မယ် မိတ်ဆွေ။ သတိထားကြည့်လိုက်အုံး။
စုံးစုံးမြုတ်တော့မယ်။ ကဲ ဆက်လှော်မလား ။ အမြုတ်ခံမလား။
သီလ သမာဓိ ပညာ စက်ကုန်ဖွင့်မယ် ။ လွတ်အောင်ရုန်းကြမယ်။
အချိန်မှီ။ ရှေ့သို့။
ရေတမာ မွန်
Keep Reading