Anna_Nyein
နည်းနည်းလေးအဆူခံရတာနဲ့ မျက်ရည်ဝဲတတ်တဲ့ ကောင်မလေး..
အမေကကြောင်လေးတွေသူများကို ပေးပစ်တဲ့အခါ အမြဲလိုလိုကြိတ်ငိုတတ်တဲ့ကောင်မလေး..
တစိမ်းတွေရှေ့မှာအပြောဆိုခံရတဲ့အခါ ဝမ်းနည်းပြီးခံစားလွယ်တတ်တဲ့ကောင်မလေး..
တချိန်တုန်းက အန်နာပေါ့..။
ကလေးဆန်ခဲ့တယ်၊ ခံစားလွယ်ခဲ့တယ်၊ ပျော့ညံ့ခဲ့တယ်၊ တဇွတ်ထိုးဆန်ခဲ့တယ်။
တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာတဲ့အခါမှာတော့ ဘာလုပ်လုပ် ချင့်ချိန်စဥ်းစားတတ်လာတယ်၊ အရာရာကိုနားလည်ပေးတတ်လာတယ်၊ ခွင့်လွှတ်ပေးတတ်လာတယ်။
ငယ်ငယ်ကလိုလည်းမတွယ်တာတတ်တော့ဘူး။ မဟုတ်တာလေးကို ဗွေယူပြီးခံစားမနေတော့ဘူး။ လက်လွှတ်ရမယ်ဆိုလည်း လွှတ်ပေးလိုက်ဖို့အသင့်ပဲ။
မလိုအပ်ပဲ အရာရာကိုသံယောဇဥ်သိပ်မထားတတ်တော့ဘူး။
လွယ်လွယ်နဲ့ မျက်ရည်ကျတတ်တဲ့လူစားမဟုတ်တော့သလို ကိုယ့်မျက်ရည်ကိုလည်း နှမြောတတ်လာတယ်။ စိတ်ဓာတ်မာတဲ့လူမဟုတ်ရင်တောင် ပျော့ညံ့တဲ့လူစားမျိုးတော့မဟုတ်တော့ဘူး။
ဒါတွေဟာအချိန်ကြောင့်ပဲ။
အချိန်တွေပြောင်းလဲလာသလို ကိုယ်လည်းအတူတူပြောင်းလဲလာတယ်။ စိတ်ပိုင်းဆိုင်ရာအရရော၊ ရုပ်ပိုင်းဆိုင်ရာအရရောပေါ့..။
"ဘယ်အရာကိုမဆိုအချိန်ကပဲ ကုစားပေးသွားလိမ့်မယ်"တဲ့။
Join my Tg Channel >> https://t.me/TheArtOfSharing_by_Anna
- Anna_Nyein 🧚
241106 (7:20 PM)
Keep Reading