မောင်ဇင်(မှိုင်းဌာနီ)
စကားလုံးဟူ ၊ များထွေမူလည်း
မရှိနတ္တိ ၊ ပျောက်ဆုံးလေ၏။
မျှော်တမ်းတသူ ၊ တစ်ယောက်မူလည်း
ပြုံးရွင်နတ္တိ ၊ပျောက်ဆုံးလေ၏။
ဆောင်းတွင်းလေမြူး ၊ အအေးမည်လည်း
အေးချမ်းနတ္တိ၊ ပျောက်ဆုံးလေ၏။
ပူလောင်မောဟ ၊ အမြိုက်သည်လည်း
ငြိမ်းအေးနတ္တိ ၊ ပျောက်ဆုံးလေ၏။
အေးစက်မေတ္တာ ၊ အချစ်သည်လည်း
နွေးထွေးနတ္တိ ၊ပျောက်ဆုံးလေ၏။
အကြိမ်ကြိမ် မရှိ ၊ ဤသည့် နတ္တိ
မုန်းလှပေပြီ ၊ မမြဲသည်ကို။
မောင်ဇင်(မှိုင်းဌာနီ) /၂၁.၁၁.၂၄/
Keep Reading