မြူ
ရုပ်လှတဲ့သူတွေ အနားမှာ ရှိလာတိုင်း
ငါ့ကိုယ်ငါ ပိုသေးသွားသလို ခံစားရတယ်။
သူတို့ရဲ့ မျက်ဝန်းက တောက်ပနေသလို
ငါ့မျက်ဝန်းကတော့ မီးမရှိတဲ့ကြယ်လေးလို တိတ်ဆိတ်နေတယ်။
သူတို့လို မလှဘူးဆိုပေမယ့်
ငါ့မှာ တစ်စုံတစ်ယောက်ကို ချစ်နိုင်တဲ့ နှလုံးသားရှိတယ်။
ရုပ်ရည်ကြောင့်မဟုတ်ဘဲ နှလုံးသားနဲ့ ချစ်ပေးမယ့်သူ
တစ်နေ့မှာ မကြုံတွေ့နိုင်ဘူးလား…
မိန်းမလှလေးတွေနဲ့ ယှဉ်ရင်…
ရှုံးရပါကြောင်း…
ဒါပေမယ့် မေတ္တာနဲ့ချစ်ခြင်း မှာတော့
ငါက ပိုပါတယ်…
-မြူ
Keep Reading