ပြာလဲ့ရီဝေ
နယ်ရှစ်ခွင်လုံး မှိုင်း မှိုင်းညို့ညို့မှုန်မှုန်ရီ
မိုးရာသီရောက်ပြီ
စိတ်မှာထွေမိ သတိဝင်ကာရီ(ရယ်) ဆောင်းမှမကြွင်းပြီ။
[ ဪ... ထားရက်လေသည့် ရက်များဆီ
မနေ့သို့နှယ် ထင်ပါသည်
ဆောင်းရောက်နေလည်း မိုးကိုလွမ်းတယ်
နွေရောက်နေလည်း မိုးကိုတတယ်
မိုးရာသီဖွဲဖွဲထဲ လက်ကလေးတွဲလို့ ပြေးခဲ့မှုန်ရီ
ခုတော့ဝေဝါးပြီ ] ၂
မီးမဲ့၍ မှိုင်းညို့နေသည် ဆောင်းမိုက်၍ အိုင်းအုံ့နေသည်
သည်အနှီ......
ထားရက်လေသည့် ရက်များဆီ မနေ့သို့နှယ် ထင်ပါသည်
[ နယ်ရှစ်ခွင်လုံး မှိုင်း မှိုင်းညို့ညို့မှုန်မှုန်ရီ
မိုးရာသီရောက်ပြီ
စိတ်မှာထွေမိ သတိဝင်ကာရီ(ရယ်) ဆောင်းမှမကြွင်းပြီ] ၂
Keep Reading