SoonYeik
ကမ္ဘာမြေဟာ မပျော်စရာများတယ်
လူငယ်ဘဝဟာ အပူအပင်မကင်းခဲ့
အပူအပင်တွေဟာ အချစ်ကြောင့်ဖြစ်မယ်
စစ်ကြောင့်ဖြစ်မယ် မိသားစုအရေးဖြစ်နိုင်သလို
ရှင်သန်နေထိုင်နိုင်မှုအတွက်လဲဖြစ်နေနိုင်မယ်
ယမ်းနံ့သင်းနေတဲ့ ထိုမြေမှာ
ပျော်စရာရှားလို့ ဖြစ်ပါစေ
သစ္စာမရှိတဲ့ ထိုသူကြောင့်
နှလုံးသားတစ်စုံ ဒဏ်ရာထင်၍ဖြစ်ပါစေ
ရှင်သန်နေထိုင်မှု မသင့်မတင့်မှုကြောင့် ဖြစ်ပါစေ
လူငယ်ဘဝဟာ အပူအပင်မကင်းခဲ့.....
ဒဏ်ရာအနာတရနည်း"ရှိမယ်
စိုးရိမ်ကြောင့်ကြမှုနည်း"ပါမယ်
ဘဝဟာ ဒီက စတယ်.....
စွန်းရိပ်
Keep Reading