နွယ်ငြိမ်းလင်းပွင့်
မျှော်လင့်ခဲ့ရဖူးသူက
မျှော်လင့်ချက်တွေ ပေးနေမိတယ်။
စွဲလမ်းခဲ့ဖူးသူက
အစွဲအလမ်းတွေ တိုးစေမိတယ်။
ရင်နာခဲ့ဖူးသူက
ရင်နာစေမဲ့ လမ်းကို ခင်းပြမိတယ်။
ဖြစ်သူအဟောင်းက
ပြုသူအသစ် နေရာဝင်ယူပြီး
ရက်ရက်စက်စက် နှိပ်စက်နေလေရဲ့ ....။
သိသိရက်နဲ့ မျက်ကွယ်ပြု
စကားတွေ ဝေ့ဝဲပြောပြီး
သူ့ခံစားချက်တွေ ရှောင်ဖယ်သူလေ။
တနင့်တပိုး တစ်ဖက်သတ် အမှတ်တရတွေ
ဖိစီးခဲ့ဖူးသူက
အမှတ်တရ အပိုင်းအစလေးတွေ
တူတူ ဖန်တီးပေးဖို့တော့ လက်မနှေးခဲ့ဘူး။
အဓိပ္ပါယ် နှစ်ခွ စကားတွေ ပြောဖို့ ဝန်မလေးခဲ့ဘူး။
လှပတဲ့ စာလေးတွေ ပြန်ပို့ဖို့ မတွန့်ဆုတ်ခဲ့ဘူး။
လူကြီးဆန်ပါတယ်ပေါ့ ....
တကယ်က ....
မရိုးသားတဲ့ ရက်စက်တတ်တဲ့
လူကြီးတစ်ယောက် ဖြစ်နေခဲ့တာလေ။
ခွင့်လွှတ်တော့ကွယ် ....
သဘောကျပေးလို့
ကျေးဇူးအများကြီးတင်တယ်။
29.1.24 (Mon)
Keep Reading