Charlie
လူငယ်အများ ကျွန်ုပ်အပါဝင်
အများစုမှာ ရေမြေရပ်ခြား
တိုင်းတပါးတွင် ပညာသင်ကြား
သက်မွေးဝမ်းကျောင်းများ ပြုဖို့ပြင်းပြ
စိတ်ဆန္ဒကို ပြည့်စုံအောင်မြင်
အရာထင်အောင် ကြိုးစားကြရ
လုပ်ကိုင်ရသည်။
ထိုအလုပ်မှာ လွယ်လှသည်မဟုတ်
ပိတ်ပင်တားဆီး ချုပ်ကိုင်သည်ကတဖုံ
လူငယ့်ရည်မှန်းချက် အနာဂတ်ကို
ဂုတ်သွေးစုတ် အမြတ်ထုတ်သည်ကတစ်ဖွဲ့
ထိုထိုအကြားတွင် အစစ်မှန်ကိုရှာ
လက်တွဲလုပ်ကိုင် အကောင်ထည်ဖော်ကြရသည်။
ရပ်ထဲရွာထဲ လူကြီးများက
မင်းတို့လူငယ် ငယ်ရွယ်သေးတယ်
ငယ်တုန်းရွယ်တုန်း အချိန်အခါပေးတုန်း
ရေမြေရပ်ခြား သွားကြသွားဟ
ကြိုးစားကြဟေ့ လုပ်ကြကိုင်ကြ
တွန်းတွန်းတိုက်တိုက် ပြောကြဆိုကြ
အားပေးကြသည် ထိုချိန်ထိုခါ
ရေမြေရပ်ခြား ပညာသင်ကြား
လုပ်ကိုင်စားဖို့ ကုန်ကျစရိတ်
အဖိုးအခအား ဆွေမျိုးကပင်
ချေးဖို့ခက်ခဲ မတတ်နိုင်တာ
ဘယ်သူကများ ချေးငှားစိုက်ထုတ်
ပုံပေးမည်နည်းဟု စိတ်နှလုံး၌သာ
တီးတိုးပြောဆို သက်ပြင်းတို့ချ
နှုတ်ခမ်းပြုံးကာ ခေါင်းကလေးညိတ်
အသံတိတ်ကာ လှည့်ထွက်ခဲ့သည်။
လူငယ်အများ ရေမြေခြားမှာ
သွားကြသည်မှာ စိတ်ထဲမကောင်း
ဘဝင်မကျသော်လည်း ထို့သို့သွားမှ
တိုးတက်ရာရာ ရှာနိုင်သည်မို့
နည်းလမ်းအဖုံဖုံ စွန့်စွန့်စားစား
ပညာသင်ကြား လုပ်ကိုင်စားကြရသည်။
ထိုအဖြစ်ပျက်မှာ ဝတ္ထုပုံပြင်
အသွင်မဟုတ် တကယ့်လက်တွေ့
အဖြစ်ပျက်တည်း ...။
ချာလီ
(18th January, 2025)
Keep Reading