Honey cho
CV means curriculum vitae.Cvဆိုတာက အလုပ်လျှောက်ရာမှာ အရမ်းအရေးပါတဲ့ေဖာင်တစ်မျိုးပါ။
သူကလည်း လူကြီးမင်းတို့ရဲ့ ပညာအရည်အချင်းတွေ၊လုပ်ငန်းအတွေ့အကြုံတွေနဲ့ အလုပ်အတွက်လိုအပ်တဲ့အရည်အချင်းတွေရှိမရှိကို အသံတိတ်ဖော်ပြပေးမဲ့ အရာတစ်ခုဆိုလည်းမမှားပါဘူး။
ဒါဆိုရင် Cv form လုပ်ဖို့ဆိုအရေးကြီးဆုံးက မိမိရဲ့ဓာတ်ပုံတစ်ပုံလိုပါတယ်။အဲ့ဓာတ်ပုံကလည်း စမတ်ကျကျနဲ့ကိုယ့်ရဲ့ဥပဓိရုပ်ကို ထင်းနေစေမဲ့ပုံမျိုးလည်းဖြစ်ဖို့လိုပါတယ်။selfie ပုံတွေ၊အရမ်းeffectsပိနေတဲ့ပုံတွေသုံးလို့မရပါဘူး။ဒါဟာကိုယ့်ရဲ့cv form ကိုစစ်မဲ့သက်ဆိုင်ရာအရာရှိကို လေးစားမှုပြပြီး ကိုယ့်ရဲ့နောက်ထပ်အရည်အချင်းတွေကို ဆက်ဖတ်ချင်စိတ်၊မဖတ်ချစ်စိတ်ဟာဒီအပေါ်မှာလည်းမူတည်ပါတယ်။
နောက်ပြီးတော့ Cvထဲမှာ မိမိရဲ့ကိုယ်ရေးအကျဉ်း၊personal information တွေကိုလည်းပြည့်ပြည့်စုံစုံထည့်ပေးဖို့လိုပါတယ်။ဥပမာ-မိမိရဲ့အသက်၊နေရပ်လိပ်စာ၊ဆက်သွယ်ရန်အီးမေးလ်၊gmailအစရှိသဖြင့်။ဆက်သွယ်ရန်ဖုန်းနံပါတ်၊မိမိရဲ့Educational status တွေရယ်၊လုပ်ငန်းအတွေ့အကြုံ၊လုပ်သက်အတွေ့အကြုံတွေနဲ့ ကိုယ့်ရဲ့ကျွမ်းကျင်မှုskillsတွေကိုသေချာအသေးစိတ်ဖော်ပြနိုင်ရပါ့မယ်။
အဓိကကတော့ ကိုယ့်ရဲ့ commitment ကိုလည်းတိတိကျကျနဲ့ မိမိရဲ့အလုပ်အပေါ်အချိန်တိကျမှု၊ခေါင်းဆောင်မှုစွမ်းရည်၊တာဝန်ယူမှုတာဝန်ခံမှု၊teamworks နဲ့ညီညွတ်စွာလုပ်ဆောင်တတ်မှုဒီလိုမျိုးကိုယ်ပေးနိုင်တဲ့အလုပ်အပေါ်ကတိကဝတ်ကိုလည်းသေချာဖော်ပြထားရပါ့မယ်။
Cv ကဒီလိုမျိုးအဆင်ပြေသွားပြီဆိုရင် ဒုတိယအဆင့်ကလူတွေ့အင်တာဗျူးပါ။
ဒါကတော့အလုပ်လျှောက်သူတိုင်းစိတ်လှုပ်ရှားရတဲ့art of work လို့ခေါ်တဲ့အရာတစ်ခုပါဘဲ။
ဒီအချိန်ဟာ တကယ်တော့စိတ်အေးအေးနဲ့နှစ်ဦးနှစ်ဖက်ညှိနှိုင်းတဲ့meeting တစ်ခုပါဘဲ။
အလုပ်ရှင်ကလည်း သူ့အလုပ်အတွက်လိုအပ်တဲ့ လိုအပ်ချက်တွေကိုအလုပ်လာလျှောက်တဲ့သူနဲ့ညှိနှိုင်းပြီးအဆင်ပြေ၊မပြေဒီလျှောက်ထားသူဟာသူတို့အလုပ်နဲ့ကိုက်မကိုက်ကို မေးမြန်းတဲ့နေရာဆိုလည်းမမှားပါဘူး။
အင်တာဗျူးမှာဆိုရင်လည်းအလုပ်လျှောက်ထားသူကလည်း ကိုယ်အလုပ်လုပ်ရမဲ့အပိုင်းဟာကိုယ်နဲ့ကိုက်ညီမှုရှိ၊မရှိ၊အချိန်ရောကိုက်မကိုက်၊လစာရောသဘောကျမကျ ညှိနှိုင်းချင်တာရှ်ရင်တစ်ဖက်ကလူကိုရှိန်မနေဘဲလွတ်လပ်စွာကိုယ့်ရဲ့ရပိုင်ခွင့်ကိုတောင်းဆိုသင့်တဲ့နေရာဘဲဖြစ်ပါတယ်။
ဒါလေးတွေကတော့ အလုပ်ဝင်ဖို့ပြင်နေတဲ့ညီလေး၊ညီမလေးတွေအတွက် လက်တွေ့မှာအသုံးဝင်မယ်လို့လည်းဟန်နီမျှော်လင့်ပါတယ်။
အလုပ်အကိုင်အခွင့်အလမ်းတွေ
များစွာပိုင်ဆိုင်ကြပါစေ။
Keep Reading