Author's Profile Photo

အက္ခရာ - Haruki

16/04/2024

မိမိကိုယ်ကို ပြုပြင်ခြင်း (၁၀)

4 mins read
Life Style
Personal Development
18 Again
မိမိကိုယ်ကို ပြုပြင်ခြင်း (၁၀)'s photo

အပိုင်း ၁၀ ဖြစ်ပါတယ်ခင်ဗျာ။ ဒီဆောင်းပါးလေးတွေဟာ စာဖတ်သူလေးကို ပြုပြင်ပြောင်းလဲဖို့ အင်မတန်အထောက်အကူဖြစ်လိမ့်မယ်ဆိုတာ ကျွန်တော်အာမခံပါတယ်။ အပိုင်း ၁၀ ဆောင်းပါးလေးကို စလိုက်ကြပါစို့....။

၁။ သူတို့ ဘယ်လိုကွာခြားပါသလဲ

* အောင်မြင်သူက အမြဲတမ်း အစီအစဉ်ရေးဆွဲထားလေ့ရှိပါတယ်။ ကျရှုံးသူက အမြဲတမ်း ဆင်ခြေပေးလေ့ရှိပါတယ်။

* အောင်မြင်သူက ပြဿနာတိုင်းအတွက် ဖြေရှင်းချက်ရှိတယ်လို့ မြင်ပါတယ်။ ကျရှုံးသူတွေ ဖြေရှင်းချက်တိုင်းအတွက် ပြဿနာရှိတယ်လို့ မြင်ပါတယ်။

* အောင်မြင်သူက ဖြစ်နိုင်ခြေရှိတယ်လို့ မြင်ပါတယ်။ ကျရှုံးသူက ပြဿနာတွေပဲလို့ မြင်ပါတယ်။

* အောင်မြင်သူက ဖြေရှင်းချက်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ကျရှုံးသူက ပြဿနာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

* အောင်မြင်သူနဲ့ ကျရှုံးသူ ကွာခြားတာက စိတ်ဓာတ်ပါ။ စိတ်ဓာတ်ကွာရင် လုပ်ရပ်ကွာတတ်ပြီး ရလဒ်တွေပါ ခြားနားသွားတတ်ပါတယ်။

၂။ အဆိပ်အတောက်တွေ ရှောင်ရှားလေ

* ကြွားဝါ ဟန်ဆောင်တတ်တဲ့စိတ်ဟာ မိမိဘဝအတွက် ကြီးမားတဲ့အဆိပ်အတောက်တစ်ခုပါ။

* မိမိဘဝ တခဏတာ အဆင်ပြေဖို့အတွက် ကြွားဝါ ဟန်ဆောင်မှုတွေကို အသုံးမပြုပါနဲ့။

* ကြွားဝါ ဟန်ဆောင်တဲ့စိတ်နဲ့ မိမိဘဝကို တည်ဆောက်မိရင် အရှက်တကွဲ ဖြစ်ရတတ်ပါတယ်။

* ကြွားဝါ ဟန်ဆောင်တဲ့စိတ်နဲ့ မိသားစုဘဝကို တည်ဆောက်မိရင် ဘဝပြိုလဲတတ်ပါတယ်။

* ကြွားဝါ ဟန်ဆောင်တဲ့စိတ်နဲ့ သူငယ်ချင်းတွေကို တည်ဆောက်မိရင် ယုံကြည်မှု ကင်းမဲ့တတ်ပါတယ်။

* ကြွားဝါ ဟန်ဆောင်တဲ့စိတ်နဲ့ ပတ်ဝန်းကျင်ကို တည်ဆောက်မိရင် နာမည်သေသွားတတ်ပါတယ်။

* ကြွားဝါ ဟန်ဆောင်တဲ့စိတ်နဲ့ အရာရာကို တည်ဆောက်မိရင် မကြာမီ အရာအားလုံး ပျက်စီးတတ်ပါတယ်။

၃။ ဂုဏ်သိက္ခာကျမယ့်အလုပ် မလုပ်ပါနဲ့

* ကိုယ့်ကြောင့် ကိုယ့်မိဘတွေ စိတ်ဆင်းရဲစေမယ့်အလုပ်၊ ဂုဏ်သိက္ခာကျစေမယ့် အလုပ်ဆိုရင် မလုပ်ပါနဲ့။

* ကိုယ့်ကြောင့် ကိုယ့်ဆရာသမားတွေ စိတ်ဆင်းရဲစေမယ့်အလုပ် ဂုဏ်သိက္ခာကျစေမယ့် အလုပ်ဆိုရင် မလုပ်ပါနဲ့။

* ကိုယ့်ကြောင့် ကိုယ့်ကျေးဇူရှင်တွေ စိတ်ဆင်းရဲစေမယ့်အလုပ် ဂုဏ်သိက္ခာကျစေမယ့် အလုပ်ဆိုရင် မလုပ်ပါနဲ့။

* ကိုယ့်ကြောင့် ကိုယ့်ညီအစ်ကို မောင်နှမတွေ စိတ်ဆင်းရဲစေမယ့်အလုပ် ဂုဏ်သိက္ခာကျစေမယ့် အလုပ်ဆိုရင် မလုပ်ပါနဲ့။

* ကိုယ့်ကြောင့် ကိုယ့်မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းတွေ စိတ်ဆင်းရဲစေမယ့်အလုပ် ဂုဏ်သိက္ခာကျစေမယ့် အလုပ်ဆိုရင် မလုပ်ပါနဲ့။

* ကိုယ့်ကြောင့် ကိုယ့်ပတ်ဝန်းကျင်ကလူတွေစိတ်ဆင်းရဲမယ့်အလုပ် ဂုဏ်သိက္ခာကျစေမယ့်အလုပ်ဆိုရင်မလုပ်ပါနဲ့။

* ကိုယ့်ကြောင့် ကိုယ်နဲ့ပတ်သက်သူတွေအားလုံး စိတ်မချမ်းသာရင်တောင် စိတ်မဆင်းရဲစေဖို့၊ ဂုဏ်သိက္ခာမတက်ရင်တောင် မကျစေဖို့လိုအပ်ပါတယ်။

၄။ အမြင်ကျဉ်းသူလား အမြင်ကျယ်သူလား

* လူတစ်ယောက် တိုးတက်မှု ဆုတ်ယုတ်မှုဆိုတာ သူ့ရဲ့ အသိအမြင်ကျဉ်းတာ၊ အသိအမြင်ကျယ်တာနဲ့ အများကြီးသက်ဆိုင်ပါတယ်။

* အသိအမြင်ကျဉ်းသူက အကောင်းပြောတာ အကောင်းလုပ်တာကို မကောင်းလို့ပဲ လက်ခံတတ်ပါတယ်။ အသိအမြင်ကျယ်သူက အကောင်းပြောတာ အကောင်းလုပ်တာကို အကောင်းလို့ လက်ခံတတ်ပါတယ်။

* အသိအမြင်ကျဉ်းသူက ဘာပဲလုပ်လုပ် ရှေ့ကိုတစ်ထွာလောက်ပဲ ကြည့်တတ်ပါတယ်။ အသိအမြင်ကျယ်သူက ဘာပဲလုပ်လုပ် ရှေ့ကို အများကြီးကြည့်တတ်ပါတယ်။

* အသိအမြင်ကျဉ်းသူက သူ့အလုပ်ကို တစ်နပ်စာပဲ လုပ်တတ်ပါတယ်။ အသိအမြင်ကျယ်သူက သူ့အလုပ်ကို တစ်သက်စာလုံးအတွက် လုပ်တတ်ပါတယ်။

* အသိအမြင်ကျဉ်းရင် ဘဝကျဉ်းမြောင်း ဆုတ်ယုတ်တတ်ပါ တယ်။ အသိအမြင်ကျယ်မှ ဘဝတိုးတက်ကာ မြင့်မားတတ်ပါတယ်။

၅။ သင် ဘယ်လိုစကားကို ပြောလေ့ရှိသလဲ

* စိတ်နေသဘောထား အနိမ့်စားရှိသူတွေက အခြားသူတွေရဲ့ မကောင်းတဲ့ အတင်းအဖျင်းစကားတွေကို ပြောတတ်လေ့ရှိပါတယ်။

* စိတ်နေသဘောထား အလတ်တန်းစားရှိသူတွေက အခြားသူတွေရဲ့ အဖြစ်အပျက်အခြေအနေတွေကိုပဲ ပြောတတ်လေ့ရှိပါတယ်။

* စိတ်နေသဘောထား အမြတ်စားရှိသူတွေက အခြားသူတွေရဲ့ တိုးတက်အောင်မြင်တဲ့ စိတ်ကူးအတွေးအခေါ်ကောင်းတွေကိုပဲ ပြောတတ်လေ့ရှိပါတယ်။

* အတင်းအဖျင်းတွေပြောရင် အနိမ့်စားထဲပါသွားမယ်။ အဖြစ်အပျက်တွေပြောရင် အလတ်တန်းစားထဲပါသွားမယ်။ စိတ်ကူးအတွေးအခေါ်ကောင်းတွေပြောရင် အမြတ်စားထဲပါသွားမယ်။

* သင်ဟာ သူများအတင်းအဖျင်းစကားတွေကို ပြောသူလား၊ သူများအဖြစ်အပျက်စကားတွေကို ပြောသူလား။ သူများ တိုးတက်အောင်မြင် အတွေးအခေါ်ကောင်းစကားတွေကို ပြောသူလား၊ သင် ဘယ်လိုစကားကို ပြောမလဲ။

၆။ ကိုယ်သိထားရမယ့် ပတ်ဝန်းကျင်

* ပတ်ဝန်းကျင်ဆိုတာ ကိုယ်က သင်ယူလေ့လာ လုပ်ကိုင် နေထိုင်တဲ့ နေရာတိုင်းမှာရှိပါတယ်။

* ပတ်ဝန်းကျင်မရှိလို့မရသလို ပတ်ဝန်းကျင်နဲ့ကင်းနေလို့လည်းမရပါဘူး။

* တချို့ပတ်ဝန်းကျင်က ကိုယ့်ကိုအလိုရှိတဲ့အခါ ကိုယ့်ရဲ့အားသာချက်တွေကိုကြည့်ပြီး အသုံးပြုတတ်ကြသလို ချီမွမ်းစကားတွေလည်း ပြောတတ်ကြပါတယ်။

* တချို့ပတ်ဝန်းကျင်က ကိုယ့်ကိုအလိုမရှိတဲ့အခါ ကိုယ့်ရဲ့အားနည်း ချက်တွေကိုကြည့်ပြီး ရှောင်ဖယ်တတ်ကြသလို ကဲ့ရဲ့စကားတွေလည်း ပြောတတ်ကြပါတယ်။

* ချီမွမ်းစကားပြောတဲ့ပတ်ဝန်းကျင့်ပဲဖြစ်ဖြစ်၊ ကဲ့ရဲ့စကားပြောတဲ့ပတ်ဝန်းကျင့်ပဲဖြစ်ဖြစ် အဲဒါတွေဟာ ဘဝတစ်လျှောက်လုံး ကိုယ်သိထားရမယ့် ပတ်ဝန်းကျင်ဖြစ်ပါတယ်။

၇။ အလုပ်လုပ်တဲ့အခါ ပျော်စရာ

* လူ့ဘဝမှာ တစ်ဦးတည်းတစ်ယောက်တည်း လုပ်ရတဲ့ အလုပ်တွေရှိသလို အများနဲ့လုပ်ရတဲ့ အလုပ်တွေလည်းရှိပါတယ်။

* အများနဲ့အလုပ်လုပ်တဲ့အခါ နားလည်ကျွမ်းကျင်သူနဲ့ အလုပ်အတူတူလုပ်ရတာ ပျော်စရာကောင်းပါတယ်။

* စိတ်ဝင်စားသူနဲ့ အလုပ်အတူတူလုပ်ရတာ ပျော်စရာကောင်းပါတယ်။

* တက်တက်ကြွကြွရှိသူနဲ့ အလုပ်အတူတူလုပ်ရတာ ပျော်စရာကောင်းပါတယ်။

* စေတနာရှိသူနဲ့ အလုပ်အတူတူလုပ်ရတာ ပျော်စရာကောင်းပါတယ်။

* ခေတ်အမြင်ရှိသူနဲ့ အလုပ်အတူတူလုပ်ရတာ ပျော်စရာကောင်းပါတယ်။

* အပြုသဘောဆောင်သူနဲ့ အလုပ်အတူတူလုပ်ရတာ ပျော်စရာကောင်းပါတယ်။

* စိတ်သဘောထားပြည့်ဝသူနဲ့ အလုပ်အတူတူလုပ်ရတာ ပျော်စရာကောင်းပါတယ်။

* ဝိုင်းဝိုင်းဝန်းဝန်း ညီညီညွတ်ညွတ်စိတ်ရှိသူနဲ့ အလုပ်အတူတူလုပ်ရတာ ပျော်စရာကောင်းပါတယ်။

၈။ အလုပ်လုပ်တဲ့အခါ ခက်ခဲရာ

* အများနဲ့အလုပ်လုပ်တဲ့အခါ တစ်ခါတလေ ခက်ခဲတာလေး တွေကြုံရတတ်ပါတယ်။

* နားလည်ကျွမ်းကျင်မှုမရှိသူနဲ့ အလုပ်အတူတူလုပ်ရတာ ခက်ခဲပါတယ်။

* စိတ်ဝင်စားမှုမရှိသူနဲ့ အလုပ်အတူတူလုပ်ရတာ ခက်ခဲပါတယ်။

* ပျင်းရိ ခိုကပ်သူနဲ့ အလုပ်အတူတူလုပ်ရတာ ခက်ခဲပါတယ်။

* စေတနာမရှိသူနဲ့ အလုပ်အတူတူလုပ်ရတာ ခက်ခဲပါတယ်။

* ခေတ်အမြင်မရှိသူနဲ့ အလုပ်အတူတူလုပ်ရတာ ခက်ခဲပါတယ်။

* အပျက်သဘောဆောင်သူနဲ့ အလုပ်အတူတူလုပ်ရတာ ခက်ခဲပါတယ်။

* စိတ်သဘောထား မပြည့်ဝသူနဲ့ အလုပ်အတူတူလုပ်ရတာ ခက်ခဲပါတယ်။

* ညီညွတ်စိတ်မရှိသူနဲ့ အလုပ်အတူတူ လုပ်ရတာ ခက်ခဲပါတယ်။

၉။ ကိုယ်အတိုင်းအတာနဲ့ ကိုယ်ပါ

* ဘဝမှာ ဖြစ်ချင်တာများရင် ဒုက္ခရောက်ရတတ်တယ်။ ဖြစ်ချင်တာ မဖြစ်ရင်လည်း ဒုက္ခရောက်ရတတ်တယ်။ ဖြစ်ချင်တာတွေလည်း အရမ်းမများပါစေနဲ့။ ကိုယ့်အတိုင်းအတာနဲ့သာ ကိုယ်ဖြစ်တာပါ။

* ဘဝမှာ လုပ်ချင်တာများရင် ဒုက္ခရောက်ရတတ်တယ်။ လုပ်ချင်တာ မလုပ်ရရင်လည်း ဒုက္ခရောက်ရတတ်တယ်။ လုပ်ချင်တာတွေလည်း အရမ်းမများပါစေနဲ့။ ကိုယ့်အတိုင်းအတာနဲ့သာ ကိုယ်လုပ်ရတာပါ။

* ဘဝမှာ လိုချင်တာများရင် ဒုက္ခရောက်ရတတ်တယ်။ လိုချင်တာ မရရင်လည်း ဒုက္ခရောက်ရတတ်တယ်။ လိုချင်တာတွေလည်း အရမ်းမများပါ စေနဲ့။ ကိုယ့်အတိုင်းအတာနဲ့သာ ကိုယ်ရရှိကြတာပါ။

၁၀။ သဘောတရားကြီးလေလေ ချစ်လေလေပါပဲ

* လူ့ဘဝမှာ ရာထူး ဂုဏ်သိန် စည်းစိမ်ဥစ္စာစသဖြင့် အဆင့်အတန်းမြင့်မားသူက လက်အောက်ငယ်သားတွေအပေါ် အမြော်အမြင်သဘောတရားကြီးဖို့လိုပါတယ်။

* အဆင့်အတန်းမြင့်မားသူက အမြော်အမြင်သဘောတရားမကြီးရင် လက်အောက် ငယ်သားတွေ လုပ်ရကိုင်ရ နေရထိုင်ရခက်ပါတယ်။

* အဆင့်အတန်းမြင့်မားသူက အမြော်အမြင်သဘောတရားမကြီးရင် လက်အောက်ငယ်သားတွေ မလွတ်မလပ် မပျော်မရွှင်ဖြစ်ရတတ်ပါတယ်။

* အဆင့်အတန်းမြင့်မားသူက အမြော်အမြင်သဘောတရားမကြီးရင် လက်အောက် ငယ်သားတွေ နေ့စဉ်နဲ့အမျှ စိတ်ဆင်းရဲရတတ်ပါ တယ်။

* အဆင့်အတန်းမြင့်မားသူက အမြော်အမြင်သဘောတရားမကြီးရင် လက်အောက် ငယ်သားတွေ တိုးတက်အောင်မြင်မှုတွေနဲ့ ဝေးကွာသွားရတတ်ပါတယ်။

* အဆင့်အတန်းမြင့်မားသူက အမြော်အမြင်သဘောတရားကြီးပါစေ။ အမြော်အမြင်သဘောထားမကြီးဖြစ်နေရင် မိမိကိုယ်ကို ချက်ချင်း အမြော်အမြင်သဘောတရားကြီးအောင်ပြုပြင်ပါ။

* ပြုပြင်လို့ အမြော်အမြင် သဘောတရားကြီးလေလေ လက်အောက်ငယ်သားတွေက ချစ်လေလေပါပဲ။

မိမိကိုယ်ကိုတန်ဖိုးရှိစွာ ပြုပြင်ပြောင်းလဲနိုင်ပါစေခင်ဗျာ။

  • မိမိကိုယ်ကို ပြုပြင်ခြင်း(၁)

https://sarphat.com/posts?id=2684

  • မိမိကိုယ်ကို ပြုပြင်ခြင်း(၂)

https://sarphat.com/posts?id=2753

  • မိမိကိုယ်ကို ပြုပြင်ခြင်း(၃)

https://sarphat.com/posts?id=2840

  • မိမိကိုယ်ကို ပြုပြင်ခြင်း(၄)

https://sarphat.com/posts?id=2902

  • မိမိကိုယ်ကို ပြုပြင်ခြင်း(၅)

https://sarphat.com/posts?id=2939

  • မိမိကိုယ်ကို ပြုပြင်ခြင်း(၆)

https://www.sarphat.com/articles/2985

  • မိမိကိုယ်ကို ပြုပြင်ခြင်း(၇)

https://www.sarphat.com/articles/3011

  • မိမိကိုယ်ကို ပြုပြင်ခြင်း(၈)

https://sarphat.com/posts?id=3064

  • မိမိကိုယ်ကို ပြုပြင်ခြင်း(၉)

https://sarphat.com/posts?id=3128

ᏂᏗᏒᏬᏦᎥ ( April 16, 2024 . 9:30 PM )





Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအပေါ်ယံသမားစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)