သင်္ကေတ
ကျွန်မသည် ကျောင်းတွင် မြန်မာစာ၌ စာလုံးပေါင်းသတ်ပုံကအစ ဂရုစိုက်တတ်သည်၊ တချို့စကားလုံးများ၏ အဓိပ္ပာယ်များကိုလည်း တခြားသူများထက် အနည်းငယ်ပို၍ သိနေတတ်သည်၊ ထိုအရာများကို ကျွန်မ၏ သူငယ်ချင်းမှ သတိထားမိပုံ နေဟန်တူသည်၊ ကျွန်မ သူငယ်ချင်းမှ ကျွန်မ၏ စာရေးခြင်း ဝါသနာအား နှိုးဆွပေးပုံမှာ တစ်နေ့ ကျွန်မတို့ စကားပြောကြရင်း သူမသည် ကျွန်မအား ဝတ္ထုတစ်ပုဒ်ရေးရန် ပြောလာခြင်းသည်၊ ပထမ ကျွန်မအတွက်တော့ ထူးဆန်းနေသည်၊ တစ်ခါမှလည်း ကျွန်မမရေးဖူးပါ။ ကျွန်မရေးပြီးလျှင် သူမ ကာတွန်းပန်းချီ လိုက်ဆွဲမည်ဖြစ်သည်၊ ကျွန်မသည်လည်း သူမအား ရေးပေးမည်ဟု ကတိပေးလိုက်သည်။ ကျွန်မ ကတိပေးထားသော်လည်း ခေါင်းထဲတွင် အမြဲရှိ၍ စာအုပ်ထဲချမရေးဖြစ်၊ ဒီတိုင်းပင် နေရင်းနေသည်၊ ဒါပေမဲ့ တစ်နေ့ ကျွန်မသည် ကတိပေးထားသောကြောင့် စာစရေးဖို့ တွေး၍ အနည်းငယ်ချရေးလိုက်သည်၊ ရေးရင်း အတွေးများရလာသည်၊ ဆက်၍ရေးချင်လာသည်၊ သို့သော် အချိန်သေချာပေး၍ မရေးဖြစ်၍ ရေးလက်ဆပျက်သွားသည်၊ ပြန်ရေးမည်ဟုပင် စိတ်ထဲတေးထားလိုက်သည်၊ ကျွန်မ စာရေးခြင်း ဝါသနာမှာ ကျွန်မ Internet စသုံး၍ သူငယ်ချင်းများဖြင့် စကားပြောသည်အချိန်တည်းက ဖြစ်သည်၊ သူငယ်ချင်းများနှင့်ပြောရင်း ပြောင်ပြောင်နောက်နောက် စရင်းပင်ပြောတတ်သည်၊ သူငယ်ချင်းများအား ကျွန်မ၏အကြောင်းကို "နင်တို့ပြောတဲ့ ငါ့အကြောင်း" ဆိုပြီး စာအုပ်ရေးမည်ဆိုပြီး နာမည်ပေး၍ စနောက် ပြောဖူးသည်၊ ထိုအချိန်မှစ ကျွန်မ၏ ခေါင်းထဲ၌ စာရေးမည်ဟူသော အတွေးရောက်နေခြင်းဖြစ်သည်၊ ဒီလိုဖြင့် မေ့မေ့ပျောက်ပျောက်နေရင်း ကျွန်မ၏ ကျောင်းမှ သူငယ်ချင်းမှ တစ်ဖန်ပြန်၍ နှိုးဆွပေးလိုက်ခြင်းဖြစ်သည်။
ကျွန်မ၏ စာရေးခြင်းအစီအစဉ်တော့ မစသေးပါ.... ဆက်လက်စောင့်ဖတ်ပေးကြပါရန် မေတ္တာရပ်ခံပါသည်။ ✨?
(Part 1)
(Part 2)
(Part 3)
(Part 4)
(Part 5)
April 19 Friday 2024
0:20AM (@Ag)
#အတွေးစုများ
Keep Reading