SarPhat Author
မြန်မာနိုင်ငံမှာ အသံချဲ့စက်ဥပဒေကို ထဲထဲဝင်ဝင် အကောင်အထည်ဖော်သင့်ပါတယ်။ ဘာဖြစ်လို့လဲ။ Simple, cuz of noise pollution. Noise pollution ဟာပေါ့သေးသေး ကိစ္စတစ်ခုမဟုတ်ပါဘူး။ WHO ကတော့ အသံ 65 dB ထက် ကျယ်ရင် noise pollution လို့ သတ်မှတ်ထားပါတယ်။ 75 dB ထိ ကျော်ရောက်လာရင်တော့ လူရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။ ဓမ္မာရုံက သီချင်းတွေ အကျယ်ကြီးဖွင့်တာမျိုး၊ အထူးသဖြင့် အလှူလို ပွဲတွေ လှည့်တဲ့အခါမျိုးဆို အသံချဲ့စက် တွေနဲ့ လှည့်ကြတာဟာ ပတ်ဝန်းကျင်ကို အင်မတန် အနှောက်ယှက်ပေးပါတယ်။ စာသင်ကျောင်းလို နေရာမျိုးတွေ ဆေးရုံလိုနေရာမျိုးတွေ ရှေ့ အဲ့လိုမျိုး လှည့်လည်တာဟာ လုံးဝ ကို မဖြစ်သင့်ပါဘူး။ Noise pollution ကြောင့် အကြားအာရုံနဲ့ ဆိုင်တဲ့ ပြဿနာတွေပဲ ရှိနိုင်တာ မဟုတ်ပါဘူး။ အများကြီး ပိုပါသေးတယ်။ ကျွန်တော်ကိုးကားခဲ့တဲ့ trusted medical source တွေအရဆို Psychological problems; anxiety တွေ စိတ်ဖိစီးတာမျိုးတွေ၊ အကြောင်းမရှိပဲ စိတ်တိုတာမျိုးတွေ ညဖက်အိပ်မပျော်တာမျိုးတွေ၊ မနက်အစောကြီးနိုးနေတာမျိုးတွေပါ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် နှလုံးနဲ့ ဆိုင်တဲ့ပြဿနာတွေ၊ သွေးကြောကျဉ်းရောဂါတွေ၊ သွေးပေါင်တိုးတာတွေအထိ ဖြစ်နိုင်ပါတယ်။ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ လိုအပ်ပါတယ်။ တိုင်းပြည်တိုးတက်ရေးလုပ်ဆောင်ကြတဲ့ အခါမှာ စောင့်သင့်တဲ့ စည်းကို စောင့်ကို စောင့်ရပါမယ်။ တစ်ယောက်ချင်း ပြောင်းလဲမှ အဆင်ပြေပါလိမ့်မယ်။
References: NHL, WHO

တာဝန်ရှိတဲ့သူတွေ အနေနဲ့လည်း ပေါ့ပေါ့မတွေးသင့်ပါဘူး။
- မောင်ကိုး
(၁၈.၇.၂၀၂၃)
References: NHL, WHO
Keep Reading