မောရိသျှ
ထိန်းချုပ်လို့ရနိုင်တာတွေအပေါ်မှာပဲ အာရုံစူးစိုက်ထားဖို့ဆိုတာ အလွန်အရေးကြီးပါတယ်။ဘယ်သူမဆို ဘဝနဲ့ပတ်သက်လာရင် ခက်ခဲတယ် ကြမ်းတမ်းတယ် စသဖြင့် ညည်းကြပြီး တိုက်ပွဲကြီးလို ဇာတ်ပွဲကြီးလို တင်စားပြောတတ်ကြပါတယ်၊အဲဒီလို ညည်းညူတင်စားပြောနေလို့လည်း ဘဝတခုအတွက် ရုန်းကန်ဖို့ရာ အကြောင်းအရင်းခံလေးတွေရှိသွားကြတာပါ။ ဒါပေမဲ့ ဘဝကို ဘယ်လောက်ပဲ တင်စားပြီး ညည်းညူပါစေ ချီးကျူးပါစေ ဘဝကြောင့် ရလာမယ့် အတွေ့အကြုံတွေနဲ့ အဖြစ်အပျက်တွေက အင်မတန် ရှုပ်ထွေးပြီး ညစ်ညူးစရာတွေနဲ့ ရောနေတတ်ပါတယ်။
ကျော်ဖြတ်ခဲ့ပြီးတဲ့နေ့စဉ်ဘဝတိုင်းကိုပြန်အောက်မေ့ပြီးသုံးသပ်ကြည့်ပါ၊အကျိုးရှိတာတွေ ဖြစ်ခဲ့တာထက် အကျိုးမဲ့ဖြစ်ရပ်တွေကသာ ကိုယ့်အပေါ် အများကြီး သက်ရောက်ခဲ့တာကို မြင်နိုင်ပါလိမ့်မယ်။ အဲတော့ ဘဝဆိုတာက ဘာလဲ။ အကျိုးမရှိတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေ အများကြီးကို ရင်ဆိုင်ပြီးအဓိပ္ပါယ်ရှိအောင် ပြုပြင်စီရင်ရတဲ့ အလုပ်ကြီးလား။
ဒီနေ့ မနက်တင် Bitcoin နဲ့ ဆိုင်တဲ့ Post လေးတခု တွေ့မိလိုက်သေးတယ်၊ အဲဒီ Post လေးကို ဘာရယ်မဟုတ်ဘဲ ဖတ်မိရင်းကဆက်စပ်နေတဲ့Linkတွေ တစ်ခုပြီးတစ်ခုဝင်ကြည့်မိတာ နာရီဝက်ကျော် အချိန်ကုန်မှန်းမသိ ကုန်သွားတယ်။ အစကတော့ Bitcoin အ ကြောင်းသက်သက်ပဲ၊ဟိုဖတ် ဒီဖတ်နဲ့ ပိုက်ဆံသမိုင်းကစလို့ငွေကြေးစီမံခန့်ခွဲမှုပညာစသဖြင့် Wikipedia စာမျက်နှာတွေထဲ ရောက်သွားသေးတယ်။
ကိုယ့်ကိုယ်ကိုယ် အဲဒီလိုမျိုး အကျိုးမဲ့လုပ်မိလို့ လုပ်မိမှန်းမသိ အူတူတူဖြစ်သွားတယ်။ ကျွန်တော့်လို လူတိုင်းဖြစ်ကြမှာပါ။ မရည်ရွယ်ပါဘဲ ဗီဒီယိုတပုဒ် ကြည့်မိလိုက်ရင်းကနေ သိချင်တာလေးရှိလို့ Google ခေါက်ရင်း Websiteတွေ စုံသွားတာမျိုး၊ ကိုယ့်အ တွက် တကယ်လည်း အကျိုးရှိမှာ မဟုတ်တဲ့ အကြောင်းအရာတွေတမျိုးပြီးတမျိုး လိုက်ဖတ်ရင်း အချိန်ဖြုန်းသလို ဖြစ်သွားတာမျိုးတွေက အတော်ဆိုးပါတယ်။
တပဓမ္မအဆုံးအမအချို့ကိုလေ့လာဖြစ်ပြီးကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်တတ်ဖြစ်တော့မှပဲတန်ဖိုးရှိတဲ့ ဘဝသင်္ခန်းစာတွေကို အောက်မေ့နိုင်တော့တယ်။
ဖိဆီးမှုတွေ လွှမ်းမိုးမှုတွေနဲ့ လောင်းရိပ်အမျိုးမျိုးကြောင့် ပင်ပန်းဆင်းရဲဖို့ အင်မတန်ကောင်းတဲ့ ဘဝကြီးကို တနေ့နဲ့တနေ့ ရှင်သန်နိုင်အောင် ရုန်းကန်နေရတာ မလွယ်ပါဘူး။ ဒါကြောင့်တခါတလေ စိတ်ထွက်ပေါက် အနေနဲ့အချိန်ဖြုန်းလိုက်တာကကိုယ့်အတွက် အကျိုးမဖြစ်တောင်မှ ဆိုးကျိုးမများလောက်ဘူးလို့ ထင်ရပါတယ်။
နီးစပ်တဲ့ နယ်ပယ်က အကြောင်းအရာတွေဖြစ်ဖြစ် ကိုယ်နဲ့ လားလားမှ မဆိုင်တဲ့နယ်ပယ်က အကြောင်းအရာတွေပဲဖြစ်ဖြစ် လောကကြီးရဲ့ နယ်ပယ်စုံက အကြောင်းအရာတွေကို သိထားတာ ကောင်းပါတယ်။ ဗဟုသုတများတာ အကျိုးမမဲ့ပါဘူး၊ ဒါပေမဲ့ သိတိုင်းလည်း အသုံးချလို့ ရတာမှ မဟုတ်ဘဲ။ ကိုယ့်အနေနဲ့ အသုံးချလို့လည်းမရ ကိုယ့်အတွက် အကျိုးလည်း မဖြစ်တဲ့ အကြောင်းအရာကို သိထားတော့ရော ဘာထူးမှာလဲ။
ဒါကြောင့် တခါတလေသာ လုပ်ဖြစ်တဲ့ အဓိပ္ပါယ်မဲ့ အချိန်ဖြုန်းလိုက်တဲ့ စိတ်ထွက်ပေါက်တွေဆိုတာက အရသာမရှိတော့တဲ့ ပီကေဝါးနေသလိုပါပဲပါးညောင်းတာပဲ အဖတ်တင်တာကြောင့် အကျိုးမဲ့ အချည်းနှီး အလုပ်တွေ မလုပ်ဖြစ်အောင်ကိုယ့်စိတ်ကိုပြန်ထိန်းကျောင်းနိုင်မယ်ဆိုရင် အကျိုးပိုရှိပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် သတင်းတပုဒ် ဖတ်မိတယ်ဆိုပါစို့၊ သေချာသလောက် ဘယ်သတင်းကမှ ကောင်းတယ်ရယ်လို့ မရှိပါဘူး၊ သတင်းကောင်းထက် သတင်းဆိုးတွေကိုပဲ များသောအားဖြင့် ဖတ်မိကြမှာပါ။
အကြည်ဓာတ်ယူသင့်တဲ့ မနက်ခင်းကို သတင်းဆိုးတွေဖတ်ပြီး စိတ်ညစ်ညူးမှု ယူမယ့်အစားစိတ်အေးချမ်းစေနိုင်လောက်မယ့် သံစဉ်လေးနဲ့ လေ့ကျင့်ခန်း လုပ်လိုက်တာက ပိုအကျိုးဖြစ်ပါလိမ့်မယ်။
အချစ်ဟောင်း Exs တွေရဲ့ Profile တွေထဲ လျှောက်သွားပြီး သူတို့ဘာလုပ်နေလောက်မလဲ စပ်စုတာမျိုး၊ စိတ်လည်းမပါဘဲနဲ့ Netflix Showတွေ တစ်ခုပြီးတစ်ခု ကြည့်မိကြည့်ရာ ကြည့်နေမိလိုက်တာမျိုး၊အချိန်ကုန်သွားရင် ပြီးတာပဲ စိတ်နဲ့ Social Media Post တွေ တခုပြီးတခု ပွတ်နေတာမျိုးတွေက လုံးဝ အကျိုးမဖြစ်တာကို လူတိုင်း သိပြီးသားပါ။ ဒါပေမဲ့လည်း သိနေလျက်နဲ့ ကိုယ့်စိတ်ကို မထိန်းဘဲ ပြီးပြီးရော စိတ်မွေးမြူမိတတ်ပါတယ်။
စိတ်ပျော့ညံ့သူ မဖြစ်ပါစေနဲ့။ စိတ်ကို ထိန်းကျောင်းနိုင်သူသာဖြစ်ပါစေ။ ထိန်းချုပ်ဖို့ မလွယ်တဲ့ စိတ်ကို အတင်းအကျပ် ချုပ်ကိုင်ပြီး ကိုယ့်ကိုယ်ကိုယ် နှိပ်စက်ဖို့ပြောနေတာ မဟုတ်ပါဘူး။ကိုယ့်စိတ်ကို ကိုယ်တိုင်ချမှတ်တဲ့စည်းကမ်းနဲ့အတူ စနစ်တကျလေး ဖြစ်သွားအောင် ကျောင်းလမ်းတတ်ဖို့ ပြောနေတာပါ။
ကိုယ်မသိတဲ့သူတယောက် ပြောထားတဲ့ သွားပုပ်လေလွှင့်စကားတွေကို လိုက်ဖတ်ပြီး ကိုယ်နဲ့တောင် မသိတဲ့သူအပေါ် မုန်းနေတာမျိုး အမြင်ကတ်တာမျိုး ဖြစ်နေရင် ကိုယ့်အခြေအနေက အဓိပ္ပါယ် မရှိတာထက်ကို အလွန်ဆိုးနေပါပြီ။ Social Media က ညစ်ညူးမှုတွေကို မယူပါနဲ့။ Social Media ကို ကိုယ့်စိတ်ထွက်ပေါက်တစ်ခုအနေနဲ့ အကြည်ဓာတ်တွေ အပျော်လေးတွေ ရဖို့သာ သုံးပါ။ ကိုယ့်ရဲ့ Newsfeed မှာ အပူသည်တွေ၊ အပုပ်သည်တွေ၊ သတင်းဆိုးတွေ များနေတယ်ဆိုရင် Unfollow လုပ်သင့်တာ လုပ်လိုက်ပါ၊ Block တန်သည် Block ပြီး၊ Not Interested လုပ်သင့်ရင် တခါတည်း လုပ်လိုက်ပါ။
စိတ်ရဲ့ လှုပ်ရှားမှုက အလွန်မြန်ဆန်ပါတယ်။ ထင်မထားလောက်တဲ့ နှုန်းနဲ့လှုပ်ရှားနေတာဖြစ်တဲ့အတွက် ထင်မထားတဲ့အချိန်အတွင်းဒေါသထွက်သွားဖို့မခက်ခဲသလို၊ ညစ်ညူးစရာ အကြောင်းအရာတခုခုရဲ့ စေ့ဆော်မှုကြောင့် စိတ်ဆင်းရဲသွားဖို့ရာ အချိန်အများကြီး ယူမနေပါဘူး။ သတင်းဆိုးတစ်ခုကြောင့် ချက် ချင်း ဆိုသလို စိတ်ဆင်းရဲသွားနိုင်ပါတယ်။ နဂိုပင်ကိုစိတ်က ပျော်နေရင်တောင်ဘာမဟုတ်တဲ့ Comment လေးတခုကြောင့် ချက်ချင်းကြီး စိတ်ဆိုးသွားတာမျိုး၊ စိတ်ပေါက်သွားတာမျိုး ဖြစ်သွားနိုင်ပါတယ်။ လုံးဝ မဖြစ်ပါစေနဲ့။ အကြည်ဓာတ်လေး ပျက်စီးသွားမှာကို သေမလောက်ကြောက်တဲ့စိတ်နဲ့ စိတ်ညစ်ညူးစရာတွေကို ရှောင်နိုင်အောင် အတတ်နိုင်ဆုံးကြိုးစားပါ။ သူများတွေရဲ့သွယ်ဝိုက်လွှမ်းမိုးမှုကြောင့် ကိုယ့်အာရုံထွေပြားသွားတာမျိုး လုံးဝ မဖြစ်မခံပါနဲ့။ ပါးနပ်စွာ ရှောင်ကွင်းတတ်ပါစေ။ ကိုယ့်အာရုံနဲ့ ကိုယ်နေပါ။
ပြည်တွင်းသတင်းပြည်ပသတင်း နိုင်ငံတကာသတင်း နည်းပညာ သတင်း ကျန်းမာရေး သတင်းစသဖြင့် သတင်းဆိုး သတင်းကောင်းတွေကို မတွေ့ချင် မကြားချင်တဲ့အဆုံး အချိန်နဲ့အမျှ တွေ့နေရ ကြားနေရ မြင်နေရမှာပါ။ စစ်ဘေး သတင်းဆိုး၊ သဘာဝဘေး အန္တ ရာယ်ဆိုး၊ စစ်ဘေး ဒုက္ခသည်၊ ကျန်းမာရေးပြဿနာ စသဖြင့် အကြည်ဓာတ်ဟူသမျှကို ဆွတ်ခနဲ ခူးယူလိုက်မယ့် အပူတွေက လူတိုင်းကို ပတ်လည်ဝိုင်းထားပြီး ဝါးမြိုထားတာပါ။ ဘယ်သူမှ အဲဒီ အပူတွေကနေ ထွက်ပြေးလို့ မရပါဘူး။ဒါကြောင့် အပူကနေ ပြေးလို့ မရရင်အေးနိုင်သမျှ အေးအောင်နေတတ်ဖို့ ကြိုးစားလေ့ကျင့်သင့်ပါတယ်။
အခက်အခဲဆိုတာတွေနဲ့ အသားကျသွားဖို့ မလိုပါဘူး၊ ဖြေရှင်းဖို့ မဖြစ်နိုင်သေးရင် ပိုဆိုးမသွားအောင် ထိန်းချုပ်တတ်ဖို့ပဲ လိုပါတယ်။ ကိုယ့်ရဲ့ပျော်ရွှင်မှုကို တိုက်ရိုက်ထိပါးလာနိုင်ရင် ထိန်းချုပ်ကိုင်တွယ်လို့ ရနိုင်တဲ့ အနေအထားကနေပြီး ခုခံကာကွယ်သင့်တာတွေကို ကြိုတင်ပြင်ဆင်ပါ။တုန့်ပြန်ဖြေရှင်းဖို့ လိုအပ်သမျှကို အချိန်နဲ့တပြေးညီ ချက်ချင်းလက်ငင်း ဖြေရှင်းနိုင်အောင် အသင့်ဖြစ်နေပါစေ။ ဘယ်အကြောင်းနဲ့မှ ကိုယ့်အကြည်ဓာတ်ကို မ
Unlock to read this premium article with 100 points.