Heaven
ဟိုးရှေးရှေးတုန်းက မြင့်မားတဲ့ သစ်ပင်တွေ ၀န်းရံထား ပြီး စိမ်းလန်းစိုပြေနေတဲ့ တောအုပ် တခု တွင် ဒေစီ လို့ခေါ်တဲ့ သမင်မကြီး တစ်ကောင်နေထိုင်ပါတယ်။ ထို သမင်မကြီး တွင် Finn လို့ခေါ်တဲ့ သမင်သားငယ်လေး တစ်ကောင်လည်း ရှိပါသတဲ့။ အဲ့ သမင်ငယ်လေးဟာ မြက်ခင်းပြင်ပေါ်တွေမှာဆော့ကစားရတာ စူးစမ်းလေ့လာရတာမျိုး ကြိုက်နှစ်သက်ပါသတဲ့ ။
ရာသီဥတုသာယာတဲ့တစ်နေ့မှာ သမင်ငယ်လေးဟာ လိပ်ပြာလေးတွေ ကို လိုက်ဖမ်းရင်း ဆော့ကစားနေပါသတဲ့။ အဲ့လိုလိုက်ဖမ်းနေရင်း သမင်ငယ်လေးဟာ သူ့အမေနဲ့ တဖြေးဖြေး ဝေးကဠာတဲ့နေရာကို ရောက်သွားခဲ့တယ်တဲ့ ။
အဲ့ချိန်မှာ ရုတ်တရက်ဆိုသလို ကျယ်လောင်တဲ့ အသံတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ ထိုကျယ်လောင်သော အသံပိုင်ရှင်ကတော့ ဝံပုလွေ တစ်ကောင်ပဲ ဖြစ်ပါတယ်။ ဝံပုလွေ ကြီးဟာ သမင်ငယ်လေး ကို စူးစိုက်စွာ စိုက်ကြည့် နေပါတော့တယ်။ ထိုအချိန်တွင်သမင်ငယ်လေး ဟာ အရမ်းကြောက်လန့်သွားပြီး နှလုံး သွေးတွေ လည်းအေးခဲ သွား ခဲ့ပါတော့တယ်။
သမင်ငယ်လေး ဟာကြောက်လန့်တကြား နဲ့ အော်ဟစ်အကူညီတောင်းပါတော့တယ်။ မိခင် သမင်မကြီး ဒေစီ ဟာ သူမရဲ့ သားငယ် အော်ဟစ်သံ ကိုကြားတဲ့ အခါမှာ အားကုန်ခုန်ပေါက် ပြေးလွှားပြီး သူမ၏ သားရှိရာနေရာကို အပြေးသွားခဲ့ပါတော့ တယ်။
ဝံပုလွေ ကို မြင်တဲ့အခါမှာ မိခင်သမင်မကြီး ဟာတုံ့ဆိုင်းမနေပဲ သမင်လေးနဲ့ ဝံပုလွေ ကြီး ကြား သူမက ရပ်လိုက်ပြီးသားငယ်ကို ကာကွယ်လိုက်ပါတော့တယ် ။ သူမရဲ့ ခန္ဓာကိုယ်ဟာတုန်ရီနေပါတယ်။ သို့သော် သူမရဲ့ နှလုံးသားထဲ တွင် သတ္တိ အပြည့် ရှိနေပါတယ်။
"ထွက်သွားစမ်း ဝံပုလွေစုတ် " လို့ဆိုပြီး မိခင်သမင်မကြီး ဒေစီဟာ ဝံပုလွေ ကို မောင်းထုတ်လိုက်ပါတယ်။ "မင်းငါ့ကလေးကို ဘာဒုက္ခမှ လာမပေးနဲ့ " ဆိုပြီး မိခင် သမင် မကြီး ဟာ သတ္တိအပြည့်နဲ့ မောင်းထုတ် လိုက်ပါတယ်။
သို့သော် ဝံပုလွေဟာ ထွက်မသွားပဲ ဟိန်းဟောက် နေပါတယ်။ ဘယ်လိုပင် ဟိန်းဟောက်သော်ငြားလည်း သမင်မကြီးဒေစီကတော့ သူမရဲ့ သားငယ်လေး ကို သတ္တိ အပြာ့်နဲ့ ကာကွယ်ပေးနေပါတော့တယ်။ ဝံပုလွေ ရဲ့ကြောက်ရွံ့ဖွယ် မျက်လုံးတွေကိုလဲ သူမဟာ ကြောက်ရွံ့ခြင်းတစ်စက်မှ မရှိ ဘူးတဲ့ကွယ်။
အချိန်အနည်းငယ်ကြာတဲ့ အခါမှာတော့ ဝံပုလွေ ကြီး ဟာ မိခင်သမင်မကြီး ဒေစီ ရဲ့သားငယ်ကို ချစ်တဲ့ မိခင်မေတ္တာကို ခံစားမိပြီး မိခင်မေတ္တာ ကနေထွက်ပေါ်လာတဲ့ ခွန်အားတွေ ကိုလည်း ခံစားမိလာပါသတဲ့။ ဒါကြောင့်မိခင်တစ်ယောက်ရဲ့ ကာကွယ် ပေးချင်တဲ့ သတ္တိကို လေးစားမိပြီး နားလည်ကာ တဖြေးဖြေး နောက်ဆုတ်ကာ တောထဲ ကို လှည့်ပြန်သွားပါတော့သတဲ့ ။
ဝံပုလွေ ထွက်သွားသော် လည်း သမင်ငယ်လေးဟာ တုန်တုန်ရီရီ နဲ့ ကျန်နေခဲ့ပြီး သမင်မကြီး မျက်နှာကို မော့ကြည့်လိုက်ပါတယ်။ ပြီးတော့ သူ့အမေ သမင်မကြီး ကို တိုးတိုးလေးပြောလိုက်ပါတယ် ....." မေမေ က အရမ်းသန်မာပြီး သတ္တိရှိလိုက်တာ "လို့ပြောသတဲ့ကွယ်။ မိခင်သမင်မကြီး ဒေစီ က ညင်သာစွာ ပြုံးလိုက်ပြီး သားငယ် ရဲ့ ခေါင်း ကို ပွတ်သပ်လိုက်ပါသတဲ့။
" မေမေ့ ရဲ့ ချစ်ခြင်းမေတ္တာ က အရာအားလုံးထက် ပိုပြီး ခိုင်မာပြီး ခိုင်ခံ့တယ် သန်မာပါတယ်။ ဘာပဲဖြစ်ဖြစ် သားလေးကို မေမေက အမြဲ ကာကွယ်ပေးပါ့မယ် "လို့ သမင်မကြီး က သားငယ်ကို ပြောပါတယ် ။
အဲ့နေ့ကစပြီး သမင်ငယ်လေး Finn ဟာ သူ့အမေရဲ့ ချစ်ခြင်းမေတ္တာ က သူ့ကို အမြဲ တမ်းဘေးကင်းပြီး ကာကွယ် ပေးနေမယ်ဆိုတာကို သဘောပေါက် နားလည် သွားခဲ့ပါတော့သတဲ့ ကွယ်........ ။
The Brave Mother Deer Story ကို ဆီလျော်အောင် ဘာသာပြန်ရေးသားထားပါသည်။
Heaven (Dream World) ✨
Keep Reading