Minal
စာချစ်သူများကို စကားလက်ဆောင်ပေးချင်တာလေးရှိပါတယ်။ဒါကတော့ ကျွန်မတို့ဗုဒ္ဓဘာသာနွယ်ဝင်တွေကို သိစေချင်၊တွေးစေချင်၊လိုက်နာကျင့်သုံးစေချင်တဲ့အရာလေးပါ။
စာရေးသူကျွန်မသည် လက်ရှိမှာပညာသင်နေဆဲကျောင်းသူတစ်ယောက်ဖြစ်ပြီ ဘဝသင်ခန်းစာတွေကို လေ့လာဆည်းပူရင် စာချစ်သူတွေကိုမျှဝေနေခြင်ဖြစ်ပါတယ်။ဒီတခေါက်မှာမျှဝေချင်တဲ့အရာလေးကတော့ ဘာသာရေးနဲ့လူမူရေးဆက်နွယ်မူတွေဟာ လက်ရှိပစ္စုပ္ပန်သာမက နောင်သံသရာအတွက်ပါကောင်းမွန်ရှင်သန်စေမဲ့အကြောင်းအရာလေပါ။
ရှေးယခင် ဘုရာရှင်လက်ထက်တုန်းက လူတွေကိုတရားဓမ္မတွေ၊လူ့ကျင့်ဝတ်တွေနဲ့သံသရာကနေလွတ်မြောက်ဖို့ ဟောကြားဆုံမပေးတဲ့ မြတ်စွာဘုရားရဲ့လက်ဝဲတော်နှင့်လက်ယာတော်ရဟန်းနှစ်ပါရှိပါတယ်။ရဟန်းနှစ်ပါးနဲ့ ဘုရားရှင်လက်ထက်မှာလူဖြစ်ခွင့်ရတဲ့သူတွေရဲ့အကြောင်းလေးပါ။
မြတ်စွာဘုရားရဲ့လက်ဝဲတော်ရံရှင်မောဂ္ဂလာန်ဟာ တရားမသိတဲ့သူတွေ တရာသိအောင်၊ဆိုသွမ်းနေတဲ့သူတွေကိုလိမ္မာအောင် လူ၊နတ်မရွေးကို သွန်သင်ဆုံးမလေ့ရှိတယ်။ဘယ်လောက်တောင်လဲဆိုရင် ငရဲပြည်မှာကျနေတဲ့ငရဲသားတွေကို အသိတရားရအောင် ငရဲပြည်အထိသွားရောက်တရားဟောဆုံမပေးတယ်။ငရဲပြည်ဆိုတဲ့ ပူလောင်းနေတဲ့နေရာကို ငရဲသားတို့အပူသက်သာအောင် အေးချမ်းမူကိုဖန်းတီပေးခဲ့ပါတယ်။
ရှင်မောဂ္ဂလာန်ဟာ ငရဲသာမကနတ်ပြည်အထိသွားရောက်တရားဟောခဲ့ပါသေတယ်။သံသရာကြီးမှလွတ်မြောက်ပြီး အကျွတ်တရားရအောင် ငရဲပြည်နဲ့နတ်ပြည်ရဲ့အကြောင်းတွေကို လူပြည်မှာလည်ဟောကြားဆုံးမပေးခဲ့ပါတယ်။
မြတ်စွာဘုရားရဲ့သာသနာနဲ့ကြုံကြိုက်ရတဲ့ကာလကြီးမှာ လူဖြစ်ခွင့်ရတာဝမ်းသာစရာပါ။ယခုခေတ်မှာဆိုရင် ငရဲသားတွေနဲ့နတ်တွေကိုတရားဟောမည့်သူဆိုပြီးမရှိတော့ပါဘူ။ကျွန်မတို့လူသားတွေကသာ မြတ်စွာဘုရာရဲ့သာသနာတော်နဲ့ကြုံကြိုက်ရတဲ့ခေတ်ကြီးထဲမှာ မြတ်စွာဘုရားရဲ့လက်ဝဲတော်၊လက်ယာတော်တို့မရှိတောင် မြတ်စွာဘုရားရဲ့တရားထူးတရားမြတ်တွေကိုနားကြားခွင့်ရတာ လူဖြစ်ရကျိုနပ်လှပါတယ်။
တရားထူးတရားမြတ်တွေကိုနာကြားရင် ဘယ်လိုအကျိုတွေထူးမယ်၊ဘယ်လိုဖြစ်မယ်ဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်းသိကြပါတယ်။'ကိုယ်ပြုသည့်ကံ ကိုယ်ထံပြန်”ဆိုတဲ့စကားအတိုင် မိမိကကောင်းတာလုပ်ရင်ကောင်တာဖြစ်ပါမယ်။မကောင်းတာတွေလုပ်ရင်တော့ အဲ့အကျိုးတွေကိုခံစားရမှာပါ။
ကိုယ်အသက်ရှင်နေတဲ့ကာလတစ်လျှောက်မှာ ကောင်းတာများများလုပ်ပါ။ယောဂီ၊ဘုရားတပည့်တွေအားလုံနဲ့လူ၊နတ်၊သတ္တဝါအားလုံဟာ သံသရာကြီးမှလွတ်မြောက်ဖို့အတွက် တရားကျင့်ကြံအားထုတ်နေကြချင်းဖြစ်ပါတယ်။မိမိတို့လည် မသေခင်လေးမှာ ကိုယ်အတွက်ဆိုပြီ ပြင်ဆင်ထားပါ။
ဘာတွေပြင်ဆင်ရမလဲ?
ပြင်ဆင်ထားပါ။ဒါတွေဟာ ကိုယ်တစ်ယောက်ထည်အတွက်ပါ။လူ့လောကထဲကို လာတော့လည်းတစ်ယောက်ထဲ သေရင်လည်တစ်ယောက်ထဲပါ။ဘယ်အရာကိုမှလည်မကြောက်ပါနဲ့။အဓိကကတော့ ဘုရား၊တရားမမေ့ပါနဲ့။
သာယာတဲ့နေ့လေးဖြစ်ပါစေရှင်🥰
စာချစ်သူများကိုကျေးဇူးအထူတင်လျက်ပါရှင်🤍
11:22 AM Wed
Minal မိငယ်
Keep Reading