Leo(Nann)❤️
ဒီတစ်ခါမှာတော့Leoက
ပန်းကလေးတွေရဲ့သက်ဆိုင်ရာအဓိပ္ပါယ်လေးတွေကိုပြောပြပေးသွားပါမယ်။
ကိုယ်ကသူများကို ပန်းပေးတာဘဲဖြစ်စေ
သူများကကိုယ့်ကိုပန်းပေးတာဘဲဖြစ်စေ
လျှိ့ဝှက်အဓိပ္ပါယ်လေးများနဲ့ပေးတတ်ကြပါတယ်။
ဒီအချိန်မှာသင်က ပန်းတွေရဲ့အဓိပ္ပါယ်ကိုမသိရင်
ဟတ်ကော့ကြီးကျန်နေခဲ့ရမှာပါ။ဒါကြောင့်
မသိသေးတဲ့သူလေးများအတွက်ရေးသားဖော်ပြပေးလိုက်ပါတယ်။
ပြောပြသွားမဲ့ပန်းကလေးတွေကတော့
1.စံပယ်(jasmine)
2.နှင်းဆီ(rose)
3.နေကြာ(sunflower)
4.ဂန္ဓမာ(Chrysanthemum)
5.ဒေစီ(daisy)
6.ဇီဇဝါ(gardenia)
7.ပိတောက်(padauk)
8.ကံ့ကော်(mesua ferrea)
9.ကျူးလစ်(tulip)
10.ခတ္တာ(Amaryllis)
11.တရုတ်စံကားပန်း(Chinese champac )
12.ခရေ(star flower)
13.ချယ်ရီ(cherry)
14.ဆိတ်ဖလူးပန်း(Coral jasmine)
15.ပင့်ကူနှင်းပန်းနီ(red spider lily)
16.စက္ကူ(Bougainvillea )
17.လာဗန်ဒါ(lavender)
တို့ဘဲဖြစ်ပါတယ်။
သူတို့ရဲ့သက်ဆိုင်ရာအဓိပ္ပါယ်လေးတွေကတော့-
1.စံပယ်ပန်း-ဖြူစင်ခြင်း
စံပယ်ပန်းလေးရဲ့အဓိပ္ပါယ်က
"မင်းအချစ်ကိုလက်ခံပါတယ်"တဲ့။
2.နှင်းဆီပန်း-ချစ်ခြင်းမေတ္တာ
-နှင်းဆီပန်းအနီလေးရဲ့အဓိပ္ပါယ်က
"မင်းကိုချစ်နေမိပြီ"ဖြစ်ပါတယ်။
-နှင်းဆီပန်းအဝါလေးကတော့
" မင်းရဲ့အချစ်ကိုမမျှော်လင့်ပါဘူး"
လို့ဆိုလိုပါတယ်။
3.နေကြာပန်း-ပျော်ရွှင်ခြင်း
အဓိပ္ပါယ်ကတော့
"မင်းရဲ့ဘဝကိုတာဝန်ယူပါရစေ"တဲ့။
4.ဂန္ဓမာပန်း-အေးချမ်းခြင်း
-ဂန္ဓမာပန်းအဖြူလေးရဲ့အဓိပ္ပာယ်က
တော့"ငြိမ်းချမ်းပါစေ"တဲ့။
-ဂန္ဓမာပန်းအဝါလေးရဲ့
အဓိပ္ပါယ်ကတော့
"အမြဲသတိရနေပါ့မယ်"တဲ့။
4.ဒေစီပန်း
ဒေစီပန်းလေးရဲ့အဓိပ္ပါယ်ကတော့
"မေတ္တာသက်ဝင်ဝင်နေရင်တောင် ဖွင့်မပြောပါဘူး"တဲ့။
5.ဇီဇဝါပန်း
ဇီဇဝါပန်းလေးရဲ့အဓိပ္ပါယ်ကတော့
"မင်းကိုတိတ်တခိုးချစ်နေမိပြီ"လို့ဆိုလိုတာပါ။
6.ပိတောက်ပန်း
ပိတောက်ပန်းဟာသစ္စတရားရဲ့သင်္ကေတဖြစ်ပြီး
"မင်းဟာကိုယ့်အတွက်ရှားပါး
ဆုလာဘ်ပါဘဲ"တဲ့
7.ကံ့ကော်ပန်း
ကံ့ကော်ပန်းလေးဟာ
"သစ္စာရှိပြီးမြတ်နိုးပါ့မယ်" လို့ပြောတာဖြစ်တယ်။
8.ကျူးလစ်
-ကျူးလစ်ပန်းခရမ်းရောင်ဟာ
"ထာဝရချစ်နေပါ့မယ်"ဆိုတဲ့အဓိပ္ပါယ်ပါ။
-ကျူးလစ်ပန်းအဝါလေးကတော့
"မမျှော်လင့်တော့တဲ့ချစ်ခြင်း"ပါ။
-ကျူးလစ်ပန်းအနက်ရောင်ဟာ
"မင်းရဲ့မှီခိုရာလေးဖြစ်ချင်တယ်"လို့
ဆိုလိုတာဖြစ်တယ်
-ကျူးလစ်ပန်းလိမ္မော်ရောင်က "တန်ဖိုးထားပါ့မယ်"လို့
အဓိပ္ပါယ်ရပါတယ်။
-ကျူးလစ်ပန်းအပြာရောင်ကတော့
"မင်းကငါ့အတွက်သိပ်ထူးခြားတယ်"လို့
ပြောချင်တာဖြစ်တယ်
9.ခတ္တာပန်း
ခတ္တာပန်းလေးရဲ့အဓိပ္ပါယ်က
"အားငယ်သူမို့ညှာတာပါ"တဲ့။
10.တရုတ်စံကားပန်း
တရုတ်စံကားပန်းတွေကတော့
"နောက်ဆုံးအချိန်တွေအထိချစ်ပေးနိုင်မလား"ပါတဲ့။
11.ခရေပန်း
ခရေပန်းလေးက
"မေ့မသွားပါနဲ့"လို့အဓိပ္ပာယ်ရတယ်။
12.ချယ်ရီပန်း
ချယ်ရီပန်းလေးက "တစ်နေ့နေ့တော့ဝေးကြရဦးမယ်"တဲ့။
13.ဆိတ်ဖလူးပန်း
ဆိတ်ဖလူးပန်းလေးဟာဆိုရင်
"ချစ်လွန်းလိုရူးနေပြီ"လို့ ဆိုလိုတာဖြစ်တယ်။
14.ပင့်ကူနှင်းပန်းနီ
အနီရောင်စပိုက်လီလီပန်းဟာဆိုရင်
"ထာဝရနှုတ်ဆက်ပါတယ်"လို့ရည်ညွှန်းတာဖြစ်တယ်။
15.စက္ကူပန်း
စက္ကူပန်းလေးကတော့
"လိုအပ်သလိုအသုံးချပါအချစ်ရယ်"တဲ့
16.လာဗန်ဒါ
လာဗန်ဒါပန်းတွေကတော့
"စောင့်နေပါ့မယ်"လို့ဆိုလိုတာပါ။
အထက်မှာ ပြောပြခဲ့တာတွေကတော့
ပန်းကလေးတွေကပြောနေတဲ့စကားတွေဘဲဖြစ်ပါတယ်။ပန်းတွေရဲ့အဓိပ္ပါယ်တွေကို
သိသွားပြီဆိုရင် ကိုယ့်ကိုပန်းပေးလာတဲ့
တစ်ဖက်လူရဲ့ဆိုလိုရင်းကိုသိလာမှာဖြစ်ပါတယ်။
ပန်းတွေနဲ့ပတ်သက်တဲ့ဗဟုသုတ
ရနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။
အားလုံးကိုအစဥ်လေးစားလျှက်....
#Leo
(24.6.2024)
Keep Reading