Author's Profile Photo

သင်္ကေတ

22/04/2024

စာဖတ်ခြင်းမှ စာရေးခြင်းဆီသို့.....(အပိုင်း၇)

1 min read
Life Style
Personal Development
General Knowledge
စာဖတ်ခြင်းမှ စာရေးခြင်းဆီသို့.....(အပိုင်း၇)'s photo

စာဖတ်သူလေးတွေရေ...
အပိုင်းမဆက်ဘဲ ရပ်နေ‌ဖြစ်လို့ ခွင့်လွှတ်ကြပါနော်။
အခုတော့ အပိုင်းလေး‌ပြန်ဆက်ကြပါမယ်။ ✨

ကျွန်မ ကျောင်းမှ သူငယ်ချင်းက ပြန်နှိုးဆွပေးလိုက်တော့ ‌ကျွန်မခေါင်းထဲစာ‌ရေးဖို့ အတွေးပြန်ဝင်လာ‌ခဲ့တယ်၊
စာရေးဖို့ဆိုတာ လွယ်ကူတာမဟုတ်၊ ရေးမယ်လို့ တကယ်တမ်း စဉ်းစားလိုက်ရင် မထွက်လာတတ်၊ သူ့ဟာ‌သူ ဒီတိုင်းနေရင် idea အတွေးပေါ်လာတတ်တယ်၊ (ဒါကတော့ ကျွန်မတစ်ဦးတည်းအတွက်သာဖြစ်ပါတယ်)
ကျွန်မတို့ကျောင်းမှာ မြန်မာစာသင်ရတဲ့အခါ မပါမဖြစ်တဲ့ဟာတစ်ခုရှိတယ်၊မြန်မာစာလို့ ပြောလိုက်ရင် သူအမြဲပါတတ်တယ်၊ အားလုံးသိကြတဲ့အရာပါ၊ စာစီစာကုံးဆိုတဲ့အရာကြီးပါ၊

 စာစီစာကုံးဆိုတာ စာတွေကို စီကုံးရေးသားထားခြင်း သို့မဟုတ် စီကုံးရေးသားထားသော စာပင်ဖြစ်ပါတယ်။

ကျွန်မကျောင်းတက်နေချိန်မှာလဲ စာစီစာကုံးရေးရပါတယ်၊ ကျွန်မ အတန်း‌ကြီးတဲ့အထိ စာစီစာကုံးမရေးတတ်သေး၊ ရေးရပြီဆိုလဲ တခြား
ရေးပြီးသား စာအုပ်ထဲက ကူးချပြီး ပေါင်းစပ်ရေးလိုက်တာပဲ၊ ကိုယ့်ခေါင်းထဲ ရေးမယ်ဆိုတဲ့အတွေးမရှိ၊ ရေးရဖို့ဆို ကိုယ့်ခေါင်းထဲမှာ ရေးဖို့အတွက် လိုအပ်တဲ့ အသိပညာဗဟုသုတရှိမှ ရမှာကို။ အဲ့တော့ ကျောင်းရောက်ရင် ဆရာမကိုပြန်ပြဖို့ ကူးချပြီးသာ ရေးသွားလိုက်တာ၊ ကျွန်မ ငယ်ငယ် ၄ တန်းလောက်တုန်းက မှတ်မှတ်ရရ ကျောင်းကနေ စာစီစာကုံးတစ်ပုဒ်ရေးခိုင်းလိုက်တယ်၊ အဲ့တုန်းကတော့ စာစီစာကုံးစာအုပ်တွေရှိမှန်း သေချာမသိသေး၊ အဲ့တော့ အိမ်က ကျွန်မ ဖေဖေကို နားပူရတော့တာပဲ၊ ကျွန်မ ဖေဖေက ပညာရေးမှာ ထူးချွန်တဲ့လူတစ်ယောက်ပါ၊ တခြားလူတွေကို စာသင်ပြပေးဖူးတယ်၊ ကျွန်မတို့ကိုတော့ သေချာသင်ပေးရတယ် သိပ်မရှိ၊ ကျွန်မတို့ မိသားစု စားဝတ်၊နေရေး အဆင်ပြေဖို့အတွက် အပြင်ထွက် ပိုက်ဆံရှာနေရတဲ့အတွက်၊
ညဘက်က ကျွန်မကျောင်းက စာစီစာကုံးရေးဖို့ ပါလာတာ ဖေဖေကိုပြောပြပြီး ရေးပေးဖို့ ပြောတယ်၊ ဖေဖေက ကိုယ့်ဟာကိုယ်ရေးဖို့ပြောတယ်၊ အခုရွယ်ရောက်နေပြီး ကိုယ့်ဟာကိုယ် မရေးတတ်သေးဘူးလဲ ပြောတယ်၊ ဒါပေမဲ့ ကျွန်မ ငယ်သေးတော့ ဖေဖေကိုပဲ မရရအောင် ရေးပေးဖို့ ပြောနေတော့တာပဲ၊ နောက်တော့ ဖေဖေက ရေးဖို့ ပြောပေးတယ်၊
ကျွန်မရေးရမယ့် စာစီစာကုံးခေါင်းစဉ်က "သွားခဲ့ဖူးသော ခရီးတစ်ခု" အကြောင်း။ အဲ့တာကို ဖေဖေက ကျွန်မတို့ ရွာပြန်တဲ့အကြောင်းနဲ့ပေါင်းစပ်ပြီး ‌တွေးကာရေးပြတယ်၊ ရေးပြတယ်ဆိုတာ ကျွန်မ ဖေဖေက ပါးစပ်ကနေခေါ်ပေးတာပါ၊ အဲ့တာကို ကျွန်မက လိုက်ရေးတာ၊ အဲ့တာနဲ့ ကျွန်မ အိမ်စာ စာစီစာကုံးပြီးသွားတယ်။ အဲ့တုန်းက ဖေဖေပြောပြတာကို လိုက်ရေးခဲ့ပေမယ့် ကျွန်မခေါင်းထဲ ဖေဖေပြောပြတဲ့ရေးဟန်ကို မှတ်မိပြီး စွဲထင်နေဆဲပါ။
ကျွန်မ Grade 10 ရောက်လာခဲ့ပြီး ကျောင်းတက်တော့ ကျောင်းမှာ မြန်မာစာ စာစီစာကုံး ရေးရပြန်တာပဲ၊ အဲ့ချိန်မှာတော့ ကျွန်မ စာကောင်းကောင်းရေးနိုင်နေပြီ၊ ကိုယ်တိုင်ရေးတတ်နေပြီ၊ ကျွန်မဘာကြောင့် ရေးနိုင်လာလဲဆိုတာ နောက်တစ်ပိုင်းဆက်ရန်......

စာဖတ်သူများကို လေးစားလျှက်....

(Part 1)

  • https://sarphat.com/posts?id=2994

(Part 2)

  • https://sarphat.com/posts?id=3053

(Part 3)

  • https://sarphat.com/posts?id=3093

(Part 4)

  • https://sarphat.com/posts?id=3155

(Part 5)

  • https://sarphat.com/posts?id=3236

(Part 6)

  • https://sarphat.com/posts?id=3294


April 22 Monday 2024
13:13 PM (@Ag)
#အတွေးစုများ

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)