Ju Ju (jujunaing)
ဘာလို့ဒီအကြောင်းတွေကိုခနခနတွေးမိနေရတာပါလိမ့်တော်ပါပြီကိုယ်အလုပ်ကိုယ်လုပ်ရအုန်းမယ်မနက်ကျ ကျူရှင်သွားသင်ရမှာအိပ်မယ်ညဉ့်နက်နေပြီဆိုတော့
မနက်ရောက်တော့အရင်ဆုံးကြားရတာက နာရီအသံ
တီတီတီ …. ဟင်နောက်ကျပါပြီမြန်မြန်ထမှာ ဟူးဒါကကျွန်မအမြဲတန်းဖြစ်လေ့ရှိတဲ့မနက်ပိုင်းအခြေအနေပေါ့ ကျွန်မကနာမည်က မေလင်းအိမ်၊အခုလက်ရှိကကလေးတွေကိုစာသင်ပေးတာပါကျွန်မရဲ့ဝါသနာကစာသင်ရတာပဲကျွန်မရဲ့ဘဝကရိုးရှင်းတယ် သစ်သားနဲဆောက်ထားတဲ့အိမ်ကလေးထဲမှာငှါးနေတာအိမ်အဝင်ပါစားပွဲတစ်ခုနဲစာအုပ်စင်အများကြီးရှိတယ် ပြီးတော့အခန်းလေးတစ်ခန်းရှိမယ် အဲနောက်ဘက်မှာထမင်းချက်တဲ့နေရာလေးရှိတယ်ဘေးပတ်ဝန်းကျင်ကလည်းအရမ်းကြီးရှုပ်တဲ့ထဲကမဟုတ်သူဟာသူတော့သာယာပါတယ်ကျွန်မကတော့သိပ်သဘောကျတာကျွန််မ စာသင်တဲ့အိမ်ကတစ်နေ့ကိုနှစ်ဝိုင်းသုံးဝိုင်းလောက်ပါပဲတစ်ခါတစ်လေဝိုင်းအများကြီးသင်ရတဲရက်တွေလည်းရှိတယ်
ဟော့ကျွန်မစာသင်မယ့်အိမ်ကိုရောက်ပါပြီ ၁၀မိနစ်လောက်နောက်ကျသွားတယ်ညတွေညဉ့်နက်မှအိပ်ပျော်တဲ့အခါဖြစ်လေ့ဖြစ်ထရှိတာပါပဲ ကျွန်မအိမ်ကြီးကိုဝင်ရင်း စာသင်တဲ့ကလေးအမေ အန်တီကြည့်ပြီး
“အန်တီသမီးနည်းနည်းနောက်ကျသွားလို့ရှင့်”
“ရပါတယ်ဆရာမလေးပြောနေရမယ့်လူတွေမှမဟူတ်တာ ဆရာမတပည့်ကအထဲမှာစောင့်နေတာ”
ကျွန်မအန်တီပြောတဲ့စကားကိုပြုံး၍အဲထဲဝင်ပြီးကလေးလေးကိုနှုတ်ဆက်လိုက်တယ်
“မနေ့ကအဆက်ကိုဆက်သင်မယ်နော်ကလေလေး”
စာသင်ပြီးတော့အိမ်ရှင်အန်တီကိုနှုတ်ဆက်ရင်းပြန်ထွက်လာခဲ့တယ် မနက်စာမစားရသေးတာမို့နောက်တစ်အိမ်ဆက်သွားဖို့အချိန်လိုသေးတာနဲသွားတဲ့လမ်းမှာစားနေကျခေါက်ဆွဲဆိုင်ကိုဝင်ထိုင်လိုက်တယ်
“အမခေါက်ဆွဲတစ်ပွဲပေးနော်” “ဟုတ်ဆရာမလေးရမယ်ရမယ်”။ ဒီနားပတ်ဝန်းကျင်အနီနားမှာကျွန်မစာသင်ပေးတဲ့ကလေးတော်တော်များမိဘတွေမို့အကုန်လုံးကဆရာမလေးလို့ခေါ်ကြတယ်
“ကျွန်မရှေ့ခေါက်ဆွဲလည်းရတာနဲအမြန်စားရတယ်နောက်ကျတဲ့နေ့တွေဆိုကျွန်မအမြဲလောနေတယ် အရင်ကတည်းကလူကတစ်ခုခုဆိုလောတဲ့အကျင့်ကအရင်မို့”
အမရေပိုက်ဆံထားခဲ့ပြီနော် ပြောပြီးထွက်လာပြီးနောက်တစ်အိမ်ကိုဆက်သွားရပါတယ်
တစ်နေ့ကျွန်မဖျားတာနဲစာသင်အိမ်တွေကိုတစ်ရက်ခွင့်ယူပြီးဆေးခန်းသွားပြရတယ် ဆေးခန်းကကျွန်မတို့လမ်းတစ်ဖက်ခြမ်းက ကလေးအမေတွေကအဲဆေးခန်းကအဆင်ပြေတယ်နီးတာနဲကျွန်မသွားပြလိုက်တယ်
ဟုတိကဲ့အမခနလေးစောင့်ပေးနာ်ရှေ့ကလူနာပြီးရင်ဝင်လို့ရပါပြီ” ဘေးနားကအကူကလေးမလေးကကျွန်မအားပြော၏
ကျွန်မကိုအလှည့်ရောက်တော့အထဲဝင်တော့ဆရာဝန်ကခုံကိုပြ၍ “ဟုတ်ကဲ့ထိုင်ပါ ဘာဖြစ်တာလည်းမသိဘူး”
“ကိုယ်တွေလက်တွေကိုက်ခဲပြီးနေလို့မကောင်းလို့ဆရာ”
“ဟုတ်ပြီဟုတ်ပြီတုပ်ကွေးဖြစ်တာနေမယ်နှာစေးတာတို့ချောင်းဆိုးတာတို့ရောရှိလား တခြားဘာတွေခံစားရသေးလည်း”
“ကျွန်တော်ဆေးထိုးပေးလိုက်မယ်နော်”
“ကျွန်မအဲအချိန်အကြောက်ကန်ပြီး ဟင့်အင်းဆေးမထိုးဘူးဆရာ”
“ဆရာကကျွန်မကိုပြုံး၍မနာပါဘူးကျွန်တော်ကိုယ်တိုင်မနာအောင်ဆေးထိုးပေးမှာကလေးလည်းမဟုတ်ဘဲနဲ”
“ကျွန်မကလည်းမထိုးဘူးဆရာဆေးပဲပေးပေးပါ”
“ဟုတ်ကဲ့အဲတာဆိုလည်းဆေးတော့သေချာလေးသောက်ပေးပါ”
“ဟုတ်ကဲ့”ဆိုပြီးကျွန်မဆေးကောင်တာမှာဆေးတွေယူပြီးပြန်လာခဲ့တယ်
နောက်ရက်မနက်ကျကျွန်မသက်သာတာနဲပုံမှန်အတိုင်းစာသင်အိမ်တွေစာသွားသင်ခဲ့တယ် ဒီနေ့ကစာသင်ရက်စောတာမို့ကျွန်မစောစောပြန်ရောက်တယ် အိမ်မှာခနနားပြီးစျေးဝယ်ဖို့စျေးထဲသွားတယ်ဘဝကအရမ်းရိုးရှင်းလွန်းတယ်အပူအပင်သိပ်မရှိအေးအေးချမ်းချမ်းနေရတာကိုပင်ကျွန်မအလွန်သဘောကျပါတယ်
စျေးအပြန်ဟိုတစ်နေ့ကကုပေးတဲ့ဒေါက်တာနဲလမ်းမှာဆုံတော့ကျွန်မဦးစွာပြုံးပြလိုက်တယ်
“ဪကလေးမကို ကျွန်တော်အဲတာကြောင့်မြင်ဖူးပါတယ်လို့ဘယ်လိုလည်းသက်သာလား”
“ဟုတ်ကဲ့ဆရာ ကျွန်မသက်သာပါတယ် “
“သက်သာတယ်ဆိုပြီးလည်းပေါ့ဆမနေနဲနော် ကလေးမကဒီနားကပဲမလားကလေးတွေကိုစာသင်တဲ့ဆရာမလေးမလား”
ကျွန်မအံဩမိတယ်သိတာမှသိပ်မကြာသေးတာကျွန်မအကြောင်းဘယ်လိုသိတာပါလိမ့်
“ကိုယ်ပြောလု့်အံဩနေတာလား ကိုယ်က ကလေးမကိုသိတာကြာပြီ နင်းသတိမထားမိတာစာသင်အိမ်တစ်ခုမှာကိုယ်ဆေးလာကုရတုန်းကမင်းစာသင်တာကိုတွေ့ဖူးတာမို့မေးကြည့်တာ”
ကျွန်မအဲဒေါက်တာပြောတကိုဪဟု ခေါင်းငြိမ့်ပြုံးပြ၍အသိအမှတ်ပြုလိုက်တယ်
“ကိုယ်နဲတူတူပြန်ရအောင်”
“ဟင် မပြန်ပါဘူးကျွန်မက”
“ကလေးမလည်းစျေးဝယ်လို့ပြီးပြီပဲဟိုနားဆိုရင်ပဲအိမ်ရောက်တော့မှာကိုကိုယ်တို့သူငယ်ချင်းလုပ်ရအောင်ကလေးမ”
ကျွန်မစိတ်ထဲတစ်မျိုးတစ်မည်ခံစားရတဲ့ဒီခံစားချက်ကျွန်မရင်တွေခုန်နေတယ်ဒေါက်တာကိုအယ်မနေ့တစ်နေ့ကမှတွေ့တဲ့လူကိုငါနှလုံးသားကဘယ်လိုတုန်းကျွန်မစိတ်ထဲတစ်မျိုးဖြစ်နေချိန်
ကျွန်တော်ကဒီကိုရောက်တာ၂လလောက်ပဲရှိသေးတာဆေးခန်းလေးလာဖွင့်တာဒီနယ်လေးကအေးချမ်းတယ်နော်”
“ဟုတ်ဒေါက်တာရောက်တော့မှာဆိုတော့ကျွန်မပြန်တော့မယ်အိမ်မှာလုပ်စရာတွေလည်းရှိတာမို့”
တကယ်လည်းကျွန်မအိမ်နားရောက်နေပြီပဲ ကျွန်မကိုသူကပြုံးပြီးဟုတ်ကဲ့ဆိုတော့ကျွန်မခြေထောက်တွေအိမ်ကိုအမြန်အလှမ်းသွားနေရတယ်
“ဟိတ်ကလေးမ သူငယ်ချင်းဖြစ်ပြီနော်”
ကျွန်မလှည့်ကြည့်ပြီးပြုံးပြလိုက်တယ် ဒေါက်တာဟာမထင်ရဘူးတကယ်ကလေးဆန်မှုဆိုတဲ့အတွေးကဝင်မိပြန်တယ်
ဒီလိုနဲကျွန်မတို့နှစ်ယောက်ဆက်ဆံရေးကလူနာနဲဆရာဝန်ဆက်ဆံရေးကနေ သူငယ်ချင်းဆက်ဆံရေးဖြစ်လာခဲ့ပြန်တယ်
“ကလေးမဒီနေ့သိပ်နောက်ကျတာပဲ ကိုယ်စောင့်နေတာ”
“ဟင်နောက်မကျပါဘူးဗျာ ဟိုဘက်ကျူရှင်အိမ်ကစကားပြောနေရလို့ပါအကိုရ”
ကျွန်မတို့တွေရင်းနှီးလာတော့ ဒေါက်တာကိုအကိုလို့ခေါ်ဖြစ်တယ်ဒေါက်တာကတော့အရင်လိုကလေးမ မဟုတ်ရင်မေလို့ခေါ်ဖြစ်ကြတယ် ခုချိန်ထိကျွန်မနှစ်ယောက်ကတကယ်အခင်ဆုံးသူငယ်ချင်းနှစ်ယောက်ပါပဲ
“အကို အဲရောက်ရင်ကျွန်မစာအုပ်တွေကြည့်အုန်းမယ်နောလိုအပ်မယ့်စာအုပ်တွေလည်းဝယ်ချင်တာမို့”
“ဟုတ်ပါပြီ ကလေးမဒါပေမဲ့ဘာစားပြီးပြီလည်းကျူရှင်အိမ်ကဆိုတော့ဘာမှမစားရသေးဘူးမလား ညနေစာကိုဆိုင်မှာစားပြီးမှသွားမလား”
“အကိုပြောသလိုပဲစားပြီးမှသွားမယ်လေ ဒီနားကဆိုင်တစ်ဆိုင်”
ကျွန်မတို့အဆင်ပြေတဲ့ဆိုင်ကိုဝင်ထိုင်ပြီးစားပွဲထိုးလေးကိုစားချင်တာမှာလိုက်တယ် ခနအကြာဟိုဖက်ဝိုင်းကအမကြီးတစ်ယောက်ကကျွန်မတို့ဆီလာတာကိုသတိထားမိလိုက်တယ်
“အဲအမကကျွန်မကိုသေချာကြည့်ပြီးအကိုဘက်ကိုလှည့်တာ ကိုလွင်ဒီကိုကိစွရှိလို့လား”
အကိုရဲ့ပုံစံကသိပ်အံဩနေတဲ့ပုံလည်းမပေါ်သလိုဒီအတိုင်းပုံမှန်အနေအထားနဲ “ဪဖြူဟုတ်တယ်ဒီကညီမလေးကိုစာအုပ်လိုက်ဝယ်ပေးမို့ ဖြူရောတစ်ယောက်တည်းလား”
“ကျွန်မစိတ်ထဲသိမ်ငယ်မှုတစ်ခုဒါမှမဟုတ်ဝမ်းနည်းမှုလိုခံစားခဲ့ရတယ်” ဟင်ဒါပေမဲ့အကိုနဲကဘာမှမဆိုင်တာ
“ခနအကြာအကိုက ကလေးမစားတာဖြေးဖြေးစားအုန်းလေဘာလို့အလျင်လိုနေတာလည်း”
“ကျွန်မခေါင်းကိုခါပြီး အကိုခုနကအမကဘယ်သူလည်းဟင်” ကျွန်မမမေးဖူးလို့ဆုံးဖြတ်ထားပေမဲ့မေးမိသွားတယ်
“ဪဘယ်သူမှမဟုတ်ပါဘူးစားလို့ပြီးရင်သွားကြအောင်”
“ကျွန်မကိုယ်ကိုရယ်ချင်သွားတယ်ဒီအတိုင်းဆက်ဆံရေးတစ်ခုကိုငါကအများကြီးမျှော်လင့်မိခဲ့တာပါပဲလား”
ကျွန်မစာအုပ်တန်းရောက်တဲ့အချိန်စာအုပ်တွေဝယ်ပြီးအပြန်အကိုကစာအုပ်လက်ဆောင်ပေးခဲ့တယ်
“ကလေးမကစာအုပ်တွေသဘောကျတာ ကိုယ်သိတာမို့စာအုပ်ကိုလက်ဆောင်အဖြစ်လက်ခံပေးနော်”
“ဒီစာအုပ်ကိုဖတ်ပြီးကိုယ်ကိုစာအုပ်ထဲကအကြောင်းတွေပြန်ပြောပြ”
“ကျေးဇူးတင်ပါတယ်အကို “ကျွန်မအကိုရဲ့စိတ်ကိုနားမလည်ဘူးအကိုကဘာဖြစ်ချင်တာလည်းမသိတစ်ခါတစ်လေဒီဆက်ဆံရေးကသူစိတ်ကိုပင်ပန်းစေတယ်”ကမ်းနားလမ်းရှိတယ်ဒီနား ကိုယ်တို့သွားရအောင်”
“ကျွန်မတို့နှစ်ယောက်ရှေ့မှာရေပြင်ကျယ်ကြီးညနေခင်းနေဝင်တဲ့အချိန် ဒီမြင်ကွင်းကသိပ်လှတယ်အကိုကကျွန်မကြည့်ပြီး ကိုယ်စိတ်ပင်ပန်းတဲ့အချိန်တွေဆိုဒီကိုလာပြီးသဘာဝတရားကိုကြည့်ပြီးစိတ်ပန်းဖြေတာကလေးမ”
“အကို ကျွန်တော်မရေရာတဲ့အရာတွေကိုလွှတ်ချချင်တယ်”
“အကိုကရုတ်တရက်ကျွန်မဆံပင်တွေကိုသူလက်ကလေးနဲထိပြီး တစ်ချို့အရာတွေကချစ်ချင်ပေမဲ့ချစ်လို့မရတဲ့အရာတွေရှိတယ်ကလေးမ”....,..
Keep Reading