ဆောင်း
အပိုင်း ၁၁
"အော် ဝင့် မဝင့်ဝါမလား "
ကျွန်မခေါင်းငြိမ့်ပြတော့
"ဝင့်လာလည်တာလား မောင်မောင်နင်ကလဲနော် အခုမှခေါ်ရလား ကို့ချစ်သူကို "
"နင်ဘာသိလို့လာပြောနေတာလဲငြိမ်ငြိမ်နေစမ်းပါ"
"အောင်မာ မောင်မောင်အစုတ်ပလုတ်နင်ကတော့"
သူကပြောရင်းဆိုရင်းနဲ့ ကိုမောင့်လည်ပင်းကိုဖက်ကာ နဖူးတောက်သည် ဒါကသူငယ်ချင်းတွေအချင်းချင်းစနောက်ကြပုံဘဲမို့ကျွန်မထွေထွေထူးထူးမတွေးဖြစ်ပါ
"အော်သမီးဧပရယ် ရောက်နေတာလား လာလေအိမ်ထဲ သားတို့လဲဝင် သာကူကျိုထားတယ် ထမင်းစားပြီးသောက်ကြ"
"မိုက်တယ်ဟေ့ အန်တီ့လက်ရာမစားတာကြာပြီ"
............
ထမင်းစားဝိုင်းတွင်ဖြစ်သည်
"သမီးလေးထည့်စားလေ သားထည့်ကျွေးလေ ရှက်နေတာသမီးက"
"မဟုတ်ဘူးမေမေ ဝင့်ကကြက်ဟင်းခါးသီးမကြိုက်ဘူး နောက်ပြီးဒီနေ့သူသက်သက်လွတ်မို့လို့"
"ဟယ် ဟုတ်လား မသိလိုက်လို့ကွယ် သားကလည်းကြိုမပြောဘူး အားနာစရာ နေဦးမေမေအာလူးကြော်ပေးမယ်"
"မဟုတ်တာ အန်တီ အယ် မေမေရပါတယ် သမီးသိပ်လဲမဆာလို့ပါ ဒါလေးနဲ့စားလိုက်မယ်"
ထမင်းဝိုင်းတခုလုံး အသားဟင်းနဲ့ပုဇွန်ကြော်ကအများဆုံးဖြစ်သည် အရွက်စားဖို့ကကြက်ဟင်းခါးသီးဆိုအဆင်မပြေပြန် ကိုယ်စားစရာဆိုလို့ ငရုပ်သီးကြော်တခုဘဲရှိသည်
"မဝင့်ဝါက သက်သက်လွတ်အမြဲစားတာလား "
"မဟုတ်ဘူးညီမလေး ဗုဒ္ဓဟူးတရက်ပါဘဲ "
"အော် မောင်မောင်ကကြာသပတေးနော် ဧပရယ်ကတော့နာမည်နဲ့မွေးနေ့မကိုက်ဘူး ဧပရယ်လဲကြာသပတေးဘဲ အဲ့တာကြောင့်သူနဲ့အမြဲရန်ဖြစ်နေရတာ"
ကျွန်မသူပြောသမျှကိုပြုံးပြီးခေါင်းငြိမ့်ပြလိုက်ပါတယ် ကိုမောင့်ဖေဖေကအရမ်းအေးသည် ကျွန်မကိုရောက်ထဲကစကားတလုံးမှမပြောဘဲ ပြုံးသာပြုံးပြသည်
"ကိုမောင် ဝင့်toilet "
"လာ ကိုလိုက်ပို့မယ်"
"ရတယ် ဝင့်ကိုလမ်းပြောပြ"
ကိုမောင်တို့အိမ်ကအလျားတော်တော်ရှည်တာကြောင့် အခန်းမှားဝင်မိမှားစိုးရသည် ကျွန်မ ပြောလည်းမရ သူလိုက်ပို့သည် အပြန်ကျသူ့အခန်းကိုလိုက်ပြသည် ကိုမောင့်အခန်းကစာအုပ်စင်လေးမှာ စာအုပ်လေးတွေ သေချာစီထားပြီး အခန်းနံရံမှာ စာတိုလေးတွေကပ်ထားသည် ကိုမောင်ကစည်းကမ်းအတော်ရှိသည်
"ဝင့် ဒါဘာလေးလဲသိလား"
"မသိဘူး ဘာဗူးလေးလဲ"
"ဟာ ဝင့်ကတော့ ဒါကို့ကိုဝင့်ပေးတဲ့လက်ပတ်လေးလေ ဆင်တူ"
မေမေနဲ့ကမ္ဘာအေးဘုရားသွားတုန်းကဝယ်ထားပြီး လက်ဆောင်လေးပေးဖြစ်တာဖြစ်သည် ကျွန်မကမေ့တတ်သူမို့ ကိစ္စအတော်များများမမှတ်မိလို့ခနခနအဆူခံရသည်
"အော် အော် သိပြီ ကိုမောင်မပတ်ဘူးလား "
"သိမ်းထားမှာ ကိုတို့ယူပြီးမှဆင်တူပတ်ကြမယ် နော်"
"အို ကိုမောင်ရယ် ဘာတွေပြောပြန်တာလဲ "
"ဟင် မယူဘူးလားကို့ကို အပျော်တွဲတာလား "
ကျွန်မသူ့ကိုတချက်ထုပလိုက်တော့သည် သူစိတ်အလိုမကျတာနဲ့ပြောချင်တာပြောတာသူ့အကျင့်
"ချစ်လားပြော"
"ဘာဖြစ်နေတာလဲ ပါးစပ်ပိတ် အန်တီ့ကိုနှုတ်ဆက်ပြီးပြန်တော့မယ်ဒါနဲ့လေ ကိုမောင့်အဖေကအေးတယ်နော် စကားလည်းမပြောဘူး"
"ဝင့်ကိုသဘောကျနေတာ ပြုံးနေတာဘဲ သူ့ချွေးမလေးကိုကြည့်နေတာ တော်ရုံတန်ရုံကိုတို့နဲ့အတူစားတာမဟုတ်ဘူး စကားနဲတယ် စာဘဲဖတ်တာ"
"ဟုတ်လားဒါဆိုဝင့်ဘက်ကစပြောကြည့်လိုက်မယ် "
ကျွန်မတို့ပြန်ရောက်တော့ အန်တီက ဆိုဖာပေါ်မှာ ဧပရယ်ဆိုတဲ့ကောင်မလေးနဲ့စကားပြောနေသည် ကိုမောင့်အဖေကခြံထဲမှာလမ်းလျှောက်နေသည် ကိုမောင့်ကိုပြောခဲ့ပြီး ခြံထဲကိုဆင်းသွားလိုက်သည်
"ဟို ဦးလေး "
"ဟေ"
ပြန်ထူးတဲ့အသံကအစကြည်ပြီးအေးအေးလေး ကိုမောင်ကဖအေတူသားပင်
"ဦးလေးဆီမှာ ဆရာအကြည်တော်စာအုပ်လေးတွေရှိလားဟင် သမီးရှာနေတာ မတွေ့လို့ပါ "
"ရှိတယ်သမီးလေး ဘာစာအုပ်လိုချင်တာလဲ လိုက်ခဲ့လေ လာ"
ကျွန်မအကြံအောင်မြင်သည် စာကြည့်ခန်းသို့ကျွန်မကိုခေါ်သွားတော့ စာအုပ်စီထားပုံကြည့်တာနဲ့ ဘယ်လောက်စည်းကမ်းရှိလဲသိရသည်
"သမီးကြည့် ကြိုက်တာယူနော် "
"မိချောစာအုပ်ပါဦးလေး ရှာနေတာ အယ် တွေ့ပြီ"
"ကောင်းတယ်သမီးဖတ် အခုထပ်ထွက်တာရှိသေးတယ် နာမည်ဘာလဲစဥ်းစားမရဘူး ဦးလည်းသွားဝယ်မလို့ ၃၇လမ်းဘဲသွားရမယ် "
"တစ်ရှက် အရှက်မရှိမလားဦးလေး ဝင့်လဲလိုချင်နေတာ သွားဝယ်သေးတယ်ကုန်သွားတာ"
" အေးဟုတ်တယ် ဒါဆိုနောက်ရက်သွားရင်အတူသွားကြမလားသမီး"
"ဟုတ် ကိုမောင့်ကိုသမီးသွားမယ့်နေ့ကျရင်ပြောခိုင်းလိုက်ပါ့မယ်"
ကျွန်မတို့စကားပြောတုန်းကိုမောင်ဝင်လာသည်
"ဟာ ဘာတွေသဘောကျနေကြတာလဲ ဝင့်စာအုပ်ငှားနေတာလား ဖေဖေဝင့်ကစာအုပ်တွေစုရတာတော်တော်ကြိုက်တာ ဖေဖေနဲ့တူတယ်"
"အေး နောက်ရက်သမီးနဲ့အတူစာအုပ်သွားဝယ်မလို့လေ"
"ဟုတ်လား ကျွန်တော်လည်းလိုက်မယ်လေ ဘယ်နေ့သွားကြမလဲ"
ကျွန်မအားတဲ့ရက်နဲ့ ကိုမောင်အားတဲ့ရက်ညှိလိုက်ပြီးရက်သတ်မှတ်လိုက်သည် ကိုမောင်အဖေကကိုယ်ပိုင်စီးပွားရေးလုပ်သူမို့ ရက်ကအဆင်ပြေသည်ဟုဆိုသည် ဘာစီးပွားရေးမှန်းတော့ကျွန်မ မမေးဖြစ်လိုက်ပါ။
"အန်တီသမီးပြန်တော့မယ်နော် အိမ်မှာမေမေတယောက်တည်းမို့ပါ "
"အော်အေးအေး နောက်လာခဲ့ဦးနော်သမီးလေး"
ကိုမောင်ကကျွန်မကိုပြန်လိုက်ပို့ဖို့ထွက်လာတော့ ဧပရယ်ဆိုတဲ့ကောင်မလေးက သူ့ကိုလိုက်ပို့ဖို့ပြောသည် ကားမပါတာကြောင့်လိုက်ပို့ပေးဖို့နဲ့ ကျွန်မကိုခွင့်တောင်းသည် သူ့အမူအရာလေးကြောင့်ကျွန်မခနတာ ချစ်သွားမိသည် ကိုမောင်နဲ့သူငယ်ချင်းဆိုပေမယ့် ကျွန်မထက်၂နှစ်ငယ်သည်
" မောင်မောင် မျိုးဝေတို့တနဂ်နွေနေ့ရန်ကုန်လာမယ်ပြောတယ် ငါတို့တွေ့ကြမလား"
ကိုမောင်က ကားမောင်းနေ၍ထင်သည် သူပြောတာပြန်မဖြေ
"မောင်မောင့် "
"ဟေ ပြောဟ"
"ငါတို့အတူတွေ့ကြမလားလို့ မစုံတာကြာပြီလေ"
"ငါအဲ့ရက် မအားဘူး နင်တွေ့ချင်သွားတွေ့ပေါ့"
သူစိတ်ဆိုးသွားသည်ထင်သည် အသံတိတ်သွားပြီး အတော်ကြာတဲ့အထိပြန်မပြော ခနနေတော့
"မောင်မောင် နင်အချိုးတွေပြောင်းသွားတယ် အရင်ကဆိုငါပြောသမျှအကုန်မငြင်းခဲ့ဘဲနဲ့ ဘယ်သွားသွားနင်လိုက်တာ အခုတော့"
ကျွန်မသူတို့ပြောတာတွေကြားနေရပေမယ့် ပုတီးစိပ်နေတာမို့ အာရုံသိပ်မရ ထိုစကားကြားတော့အာရုံမရဘဲမနေတော့ ကျွန်မလဲမိန်းမသားတယောက်လေ ကိုမောင့်စကားသံနားထောင်နေပေမယ့်မကြားရ ကျွန်မကြည့်လိုက်တော့ကိုမောင်ကကျွန်မကိုကြည့်နေသည် နောက်တော့ကားကိုဘေးချရပ်လိုက်ပြီး
"ဧပရယ် ငါနင့်ကိုအလိုလိုက်တာမှန်တယ် နင်ကငါ့ထက်ငယ်လို့ ပြီးတော့ငယ်ငယ်ထဲကခင်ခဲ့တဲ့သံယောဇဥ်တွေကြောင့် ငါကဘာကိုအချိုးပြောင်းရမှာလဲ နင်ဘာကိုပြောချင်တာလဲ"
"နင်အခုရည်းစားရမှ ငါ့ကိုနှင်ထုတ်နေတာလေ နင့်စက်ဘီးနောက်တောင်လိုက်ခိုင်းတော့လို့လား"
ကျွန်မနေရာမှ ဖယ်ပေးသင့်သည်ထင်၍ ကားတံခါးဖွင့်တော့
"ဝင့် ဘယ်လဲ "
"အမ် အော် လေရှူချင်လို့ ခန"
ကိုမောင်ကမျက်မှောင်ကျုံ့၍ ကားမှန်ချကာ
"ဒီမှာဘဲနေ "
အပိုင်း ၁၂ နောက်ရက်တင်ပေးပါ့မယ်ရှင့်
ချစ်သော readers လေးတွေ😘
Keep Reading