Sandi Cho
မေ _ဒဂုန်တာရာ<✮✮✮✮✮
ဒီစာအုပ်ဖတ်ပြီး စာအုပ်ထဲအကြောင်းအရာအတိုင်းပဲ ဘောင်ခတ်တွေးရင်တော့ မေဟာအပြစ်သားတစ်ယောက်ပဲ။စာအုပ်ကနေ ဘောင်ကျော်ပြီးတွေးရင်တော့ မေကိုနားလည်ကောင်းနားလည်နိုင်လိမ့်မယ်။ဒီစာအုပ်ကို ချိုသူငယ်ချင်းတစ်ယောက်နဲ့ဆွေးနွေးဖူးတယ်။ချိုအတွက်တော့ မေဘ၀ကို နားလည်နိုင်ဖို့ခက်တယ်။
ဒီဝတ္ထုထဲမှာကြည့်မယ်ဆို မေကကောင်းတဲ့မိန်းမတစ်ယောက်တော့ မဟုတ်ခဲ့ဘူး။မေဟာ ရမ္မက်ကိုဖြည့်စီးဖို့ လမ်းဘေးကကလေကချေနဲ့လည်း နေထိုင်ခဲ့တယ်။ပိုက်ဆံအတွက် လွတ်တော်အမတ် ဦးဘညွှန်နဲ့လည်း ပတ်သတ်ခဲ့ပြန်တယ်။ဒါပေမယ့် မေကံကောင်းတယ်။သူကိုမြတ်နိုးပြီးချစ်တဲ့ ကိုကျော်မြင့်လိုလူသားတစ်ယောက်နဲ့တွေ့ဆုံပြီး လပ်ထပ်ခဲ့တယ်။ဒါပေမယ့် မေဟာ ရှိနေတဲ့အရာထက် ပိုကောင်းတဲ့အရာတွေကို လိုချင်ခဲ့ပြန်တယ်။အိမ်ထောင်ရေးဖောက်ပြန်ခဲ့တယ်။မေခေါင်းထဲမှာ ပိုက်ဆံရယ်၊ရမ္မက်ရယ်ကလွဲလို့ ကျန်တာဘာမှမရှိခဲ့ဘူး။
မေဟာအရမ်းလှပြီး ထက်မြတ်တဲ့ကောင်မလေးတစ်ယောက်ပါ။ဒါပေမယ့် မေဟာသူမရဲ့ ထက်မြတ်မှုတွေကို တစ်လွဲအသုံးချသွားတယ်လို့မြင်မိတယ်။တစ်ဖက်မှာတွေးကြည့်ရင်ကျ ငယ်ဘ၀က စိတ်ဒဏ်ရာတွေကြောင့် လောကကြီးကို အရွဲ့တိုက်ချင်စိတ်နဲ့များ လုပ်နေတာလားပေါ့။ချိုအတွက်တော့ ဒီစာအုပ်လေးဖတ်ပြီး ပဟေဠိများစွာနဲ့ ကျန်ခဲ့ရပါတယ်။
Book
↧↧↧↧↧↧↧↧↧
https://t.me/tips_by_bee_J/2057
ချစ်သော၊ချစ်မိသော၊ချစ်ခဲ့ဖူးသော၊ချစ်လှစွာသော ယောက်ျားများ_မြူပါးရ်<✮✮✮✮✮
ဒီစာအုပ်ကို မိန်းကလေးတိုင်းဖတ်ကြည့်သင့်တယ်လို့ထင်တယ်။ရသစာအုပ်တစ်ခုဆိုတာထက် ပညာပေးစာအုပ်နဲ့ပိုတူတယ်။ဆယ်ကျော်သတ်အရွယ်မှာ ဖြစ်တတ်တဲ့ စိတ်ကစားတာတွေ၊မိဘနဲ့အဆင်မပြေတာတတ်တာတွေကိုပါရေးသားထားတယ်။
ပွင့်ဦးခင်နဲ့ပန်းနေခြည်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ဘ၀နှစ်ခုကိုယှဉ်ပြီး ရေးသားထားတဲ့ သင်ခန်းစာယူစရာ ၀တ္ထုလေးတစ်ပုဒ်ပါ။အရမ်းချစ်တဲ့သူငယ်ချင်းနှစ်ယောက် မိဘတွေနဲ့အဝေး နေရာတစ်ခုမှာ အခြေချဖို့ကြိုးစားရင်း တစ်ယောက်က နာမည်ကျော်ဒီဇိုင်နာဖြစ်သွားပြီး တစ်ယောက်က ပျော်တော်ဆက်တစ်ယောက်ဖြစ်လာတယ်။သူတို့နှစ်ယောက်ရဲ့ဘ၀ကို ဘယ်အရာတွေကခြားနားအောင်လုပ်ပေးလုက်တာလဲဆိုတာ စိတ်၀င်စားစွာနဲ့ဖတ်ရှုရမှာပါ။
ပြီးတော့ ပန်းနေခြည်ရဲ့ဘ၀မှာကြုံခဲ့ရတဲ့ ယောင်္ကျားသုံးယောက်နဲ့ သူတို့ဆီကနေ သူမရခဲ့တဲ့ သင်ခန်းစာတွေကရောဘာများဖြစ်မလဲ။အဆုံးသတ်မှာတော့ တွေးစရာအများကြီးနဲ့ ကျန်ခဲ့မယ့် ၀တ္ထုလေးပါ။
Book
↧↧↧↧↧↧↧↧↧
https://t.me/tips_by_bee_J/2065
မြကြာဖြူ-ခင်နှင်းယု<✮✮✮✮
ချိုကိုခံစားချက်မျိုးစုံပေးနိုင်ခဲ့တဲ့ စာအုပ်လေးပေါ့။အစကတော့ရှယ်လီကို ရွံ့တယ်။သူများရည်းစားကိုမှ လိုချင်ရလားဆိုပြီးအပြစ်တင်မိတယ်။နောက်ကျသူမကိုသနားလာတယ်။၀ဋ်ကြီးလိုက်တာရှယ်လီရယ်လို့ အောက်မေ့မိတယ်။နောက်ကျတော့ လေးစားတဲ့စိတ်ဖြစ်လာတယ်။သူအမှားသူသိပြီး မိန်းမသားတစ်ယောက်ပေမယ့် သားနဲ့သမီးကို ကောင်းကောင်းမွန်မွန် အသိတရားရှိစွာကြီးပြင်းစေခဲ့တဲ့ ရှယ်လီကိုလေးစားမိတယ်။၀ဋ်ဆိုတာ တကယ်ရှိကြောင်းပြသွားတဲ့ စာအုပ်လေးဆိုလည်းမမှားပါဘူး။ဒီစာအုပ်ထဲကနေ အမှားတွေမလုပ်မိအောင်ဆင်ခြင်လို့ရသလို ကိုယ့်ရရှိလာတဲ့ဘ၀ကို ကံကိုအပြစ်မဖို့ပဲ ဘယ်လိုသတ္တိရှိရှိရင်ဆိုင်ရမလဲဆိုတဲ့ အတွေးတွေကိုပါထည့်ပေးထားတဲ့ စာအုပ်လေးပါ။
Book
↧↧↧↧↧↧↧↧↧
https://t.me/tips_by_bee_J/2066
အမာ_မွန်ဟော်စီ<✮✮✮✮
ဒီစာအုပ်လေးကတော့ ဆရာမမွန်ဟော်စီကနေ သူ့အဖွားရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းလေးကို ၀တ္ထုတစ်ပုဒ်အဖြစ်ပြန်လည်ရေးသားထားခြင်းဖြစ်ပါတယ်။အမာရဲ့ဘ၀ကိုဖတ်ပြီး ချိုရဲ့ဘ၀ထဲမှာရှိတဲ့ ကံကောင်းမှုတွေကို မြင်အောင်ကြည့်တတ်လာတယ်။အင်္ဂလိပ်ခေတ်၊ဂျပန်ခေတ်လောက်က ဇာတ်လမ်းပေးမယ့် အခုနေဖတ်ကြည့်ရင် ချိုတို့အပြည့်အ၀ကိုယ်ချင်းစာနိုင်မှာပါ။
1942အင်္ဂလိပ်-ဂျပန်စစ်ဖြစ်တဲ့အခါမှာတော့ အမာရဲ့အေးချမ်းနေတဲ့ ဘဝလေးကနေ့ချင်းညချင်းပြောင်းလဲသွားခဲ့ပါတယ်။အမာရဲ့ အဖေအသဲရောဂါနဲ့ဆုံးပါးပြီးတဲ့နောက်မှာ အမာတို့မှာသားမိသုံးယောက်ပဲကျန်ခဲ့တယ်။စစ်လေယာဥ်တွေရဲ့ဗုံးကြဲခံရတဲ့ ဒဏ်ကြောင့် အမာရဲ့အိမ်လေးဟာလည်း အမာမျက်စိရှေ့မှာပဲပျောက်ကွယ်သွားခဲ့တယ်။နေစရာမရှိတော့ သားမိသုံးယောက်စစ်ဘေးရှောင်ရင်းနဲ့ လမ်းတစ်ဝက်မှာပဲ အမာရဲ့မောင်လေးကိုကျောက်ရောဂါနဲ့ လက်လွတ်ခဲ့ရပြန်တယ်။တကယ်ကိုသနားစရာကောင်းတဲ့အမာပါပဲ။
ဒါပေမယ့် အမာဟာ သူအိမ်မက်ပန်းတိုင်ဆီကို သုညကနေ တစ်ဆင့်ချင်းနဲ့ရောက်အောင် လှမ်းနိုင်ခဲ့တာကို ဖတ်ရင်းအမျိုးသမီးတစ်ယောက်အနေနဲ့ အမာကို လေးစားအားကျမိပါတယ်။မြန်မာနိုင်ငံရဲ့ 61ယောက်မြောက်ကလေးအထူးကုဆရာဝန်မကြီး ဖြစ်အောင်လုပ်နိုင်ခဲ့သလို အေးချမ်းသာယာတဲ့မိသားစုဘဝလေးကိုလည်း တည်ဆောက်နိုင်ခဲ့တယ်။
အမာရဲ့ ဘဝဇာတ်ခုံမှာတော့ အမာဟာ ကျရာနေရာကနေအကောင်းဆုံး တင်ဆက်သွားနိုင်ခဲ့ပါတယ်...။
Book
↧↧↧↧↧↧↧↧↧
https://t.me/tips_by_bee_J/2067
အချစ်နဲ့အိမ်မက်ဆုံမယ့်ရက်-နေဗလ်<✮✮✮✮
ဒီစာအုပ်လေးက တော်တော်ပါးပါတယ်။ချိုဖတ်တာ တစ်နာရီကျော်ကျော်လောက်ပဲအချိန်ယူရတယ်။အိမ်မက်မရှိတဲ့ကောင်မလေးက အချစ်နဲ့တွေ့ပြီးမှ သူမအိမ်မက်ကိုသိလာခဲ့တယ်။သူမရဲ့ဘ၀ဟာပိုအ
ရောင်စုံလာတယ်။ဒါပေမယ့် နောက်ပိုင်းမှာတော့အဲဒီအချစ်ကသူမဆီကထွက်ခွာသွားခဲ့တယ်။
ချိုအသဲကွဲနေတဲ့အချိန်ဒီစာအုပ်လေးကိုဖတ်မိတာ။ဒီစာအုပ်ကလေးကနေရလိုက်တဲ့သင်ခန်းစာက ချိုအနာကိုသက်သာစေခဲ့တယ်။ကိုယ့်ဘ၀ကို အကောင်းတွေယူလာပေးမယ့်သူတွေရှိသလို သင်ခန်းစာတွေလာပေးတဲ့သူလည်းရှိတယ်။ဒါပေမယ့် ချိုတို့ကအဲနေရာမှာပဲရပ်တန့်နေလို့မရဘူး။ရှေ့ဆက်သွားရင်းနဲ့မှ ကိုယ်အတွက် အချစ်ဆိုတာတွေကထပ်ဖြစ်လာဦးမှာပဲဆိုတဲ့သင်ခန်းစာကိုရလိုက်တယ်။ချိုတို့အသဲကွဲတဲ့ချိန်မှာ သူကလွဲရင်ထပ်မချစ်နိုင်လာက်ဘူးလို့ထင်ကြတယ်မလား။ဒါပေမယ့် ဒီစာအုပ်လေးက အဲဒါအမှန်မဟုတ်ဘူးဆိုတာ ပြောပြလိမ့်မယ်။
ချိုတို့ရဲ့ အမာရွတ်တွေနဲ့ နှလုံးသားကလည်း တစ်ချိန်ချိန်မှာ တစ်ယောက်ယောက်ကို ထပ်ချစ်မိဦးမှာပဲ။ချိုတို့ရဲ့အိမ်မက်တွေကလည်း တစ်ဖြည်းဖြည်းနဲ့ရှေ့ဆက်နေရဦးမှာပဲ။ဇာတ်လမ်းကသိပ်မထူးခြားဘူးလို့ထင်ရပေမယ့် ဇာတ်လမ်းနဲ့ ကိုယ်နဲ့ကိုက်ညီတဲ့အချိန်မှာ သွားဖတ်မိလိုက်တော့ ချိုအကြိုက်ဆုံးစာအုပ်လေးဖြစ်လာခဲ့ပါတယ်။
Book
↧↧↧↧↧↧↧↧↧
https://t.me/tips_by_bee_J/2068
Keep Reading