Reviews by Benevolent
၂၀၂၅ အစကို ဆရာမကြည်အေးရသစာပေဝင်္ကပါထဲ ရွက်လွှင့်ခြင်းနဲ့ ခရီးစမယ်ဗျာ။လူခံစားချက်တွေကို ပုံဖော်ရာမှာဆရာမကြည်အေးလောက်စာဖွဲ့တတ်သူ အနည်းငယ်ရှားတယ် ပြောရမယ်။သူစာအုပ်ဖတ်ရတာ နှစ်မျိုးခံစားရမယ်၊ ဇာတ်လမ်း ဇာတ်ကောင် ရသ သာမက ကဗျာတွေလည်း တဝကြီး ခံစားရလိမ့်မယ်။
ဖတ်နေချိန် မှာ ပေါ်လာတဲ့ အပြုံးဟာ တခနအတွင်း ဝမ်းနည်းစရာလည်း ဖြစ်သွားအောင် ရေးပြတတ်သူ တစ်ယောက်လို့ပြောပါရစေ။ဆရာမကြီးကြည်အေးရဲ့ လက်ရာတွေကို စွဲလမ်းတတ်သူ အဖို့ ဇာတ်ကောင်တွေက အသက်ရှုကြပ်စရာတွေချည်းပါပဲ။ဖတ်လဲ ပြီးသွားရော ထုံးစံအတိုင်း ရင်ထဲ တစ်ဆို့ဆို့ကြီးဖြစ်ကျန်ပြီး ရူးချင်သလိုလို မူးချင်သလိုလို ဖြစ်သွားတာကတော့ ဆရာမကြည်အေးရဲ့ အရင်လက်ရာတွေအတိုင်းပါပဲ။
ကျွန်တော်ခုပြောမယ်စာအုပ်က နွမ်းလျအိမ်ပြန် စာအုပ်လိုပဲ၊ ဆရာမကြီး ကြည်အေး အသက် ၁၅ နှစ်အရွယ်လောက်က ရေးခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။ သူစာအုပ်တစ်အုပ် ဖတ်ပြီးရင် နောက်တစ်အုပ် ပြန်ဖတ်ကြည့်အတော်အားယူရတယ်။တအားပျော်နေတဲ့လူတောင် သူစာအုပ်ကို ဖတ်လိုက်ရင်ငိုင်ကျသွားနိုင်တယ်။
ဝတ္ထုထဲက အရင်းခံပုဂ္ဂိုလ်က လူငယ်တစ်ယောက်၊ ဘဝရင်ဆိုင်ရာမှာ အဆင်မပြေချိန် လက်တစ်ဖက်က သေရည်ခွက်ကိုင်ပြီး ချစ်သူကိုလည်း အားမကိုးနိုင်၊ ကိုယ့်ကိုယ်လည်း အားမကိုးနိုင် အခက်တွေ့နေပုံတွေ မြင်ရမယ်။အဲ့ခေတ်က လူငယ်တွေက ရိုးရာအယူအဆတွေကို တော်လှန်ပြီး အနှောက်အယှက်များ ရင်ဆိုင်နိုင်သူကနိုင်၊ ရှုံးသူကရှုံး လောကီအမှုတွေ ရှုပ်ပွေနေတာကို ဖြေရှင်းကြရတဲ့ ၁၉၅၀-၆၀ ကာလလို့ ပြောရမယ်။တက္ကသိုလ်ကျောင်းသားပညာကုံထံတွေရဲ့အတွေးအခေါ်တွေနဲ့သူတို့ယုံကြည်ရာအပေါ်ရပ်တည်တတ်တဲ့စိတ်ကူးဉာဏ်အတွေးအခေါ်တွေဟာသိပ်အဆင့်အတန်းမြင့်တာကိုတွေ့ရတယ်။
ဇာတ်ကောင်တွေကိုထိရောက်စွာ ပုံဖေါ်ထားနိုင်တယ်။ဇာတ်ကောင်တွေရဲ့အမြင်တွေ၊ သဘောထားကွဲလွဲမှုတွေ၊ ဝမ်းနည်းမှုတွေ ကို တင်ဆက်ပုံကလည်း တော်တော်အဆင့်တယ်ပြောရမယ်။ဇာတ်လမ်းတွေကတော့ ရိုးရှင်းသလောက် တင်ဆက်ပုံ အရမ်းကို smart ကျတယ်။ဒါပေမယ့် စိတ်ထဲတော်တော်ကို ဟာတာတာကြီး ဖြစ်လိမ့်မယ်။ဆရာမကြီး ကြည်အေးရဲ့ဇာတ်ကောင်အမျိုးသမီးတွေက အမြဲတမ်း လွတ်လတ်တတ်ကြွမှုအပြည့်နဲ့ ကိုယ့်ကို ယုံတဲ့ အမျိုးသမီးတွေဖြစ်တာ ကိုယ်သဘောကျမိတယ်။
"လောကမှာအပြစ်ရယ်လို့မရှိပါဘူး
သတ္တိပွင့်လင်းတာနဲ့ဖုန်းကွယ်ထားတာပဲရှိပါတယ်"
လူတွေမှာ တွေ့ရတတ်တဲ့ သဘောသဘာဝတစ်မျိုးဖြစ်တဲ့ လူဆိုတာ မှားတတ်တဲ့ အမျိုးကြီးပဲ ဆိုတဲ့သဘော… ပုထုဇဉ်ရယ်လို့ ဖြစ်လာရင် တူညီတဲ့ အမှားတစ်ခုကို ထပ်ခါထပ်ခါလဲ မှားတတ်တာ မဆန်းဘူးဆိုတဲ့သဘော… နောက်ဆုံး ကိုယ်ကိုယ်တိုင်က ကျူးလွန်ခဲ့လို့ “ငါ မှားခဲ့တယ်… မှားနေတုန်းပဲ” ဆိုတဲ့ အတိတ်က ဝန်ထုတ်ဝန်ပိုးလို အမှားတစ်ခုကို တခြားသူတွေက ဘာမဟုတ်တဲ့ အရာတစ်ခုလို ပေါ့ပေါ့လေးနဲ့ လုပ်နေကြတာကို မမြင်နိုင်ဘဲ ကိုယ့်ကိုကိုယ် အပြစ်တင် တဆင့်နိမ့်တယ်လို့ ထင်နေတတ်တဲ့ Inferiority Complex သဘောတရားကိုလဲ ရှင်းလင်းပြသွားတယ်။
"အကောင်းကိုမှ လိုချင်သူ၊ အကောင်းမှ လက်ခံနိုင်သူတွေဟာ အလွန်အကြူးတစ်ကိုယ်ကောင်းဆန်နိုင်တဲ့လူ၊ ဒါမှမဟုတ် တရားမရှိမသိ မိုက်မဲတဲ့ လူတွေသာဖြစ်တယ်"
ဒီဇာတ်လမ်းရဲ့အဓိက ဇာတ်ဆောင်ကတော့ ကိုဖုန်းခင်ဆိုတဲ့ ကွန်မြူနစ် ဝါဒ အစွဲရှိဖူးတဲ့ ၊ ဘဝကို ဒီအတိုင်း ရေလိုက်ငါးလိုက်ဖြတ်သန်းနေသူ ကျောင်းသားတယောက်နဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိတဲ့ မေမေစိန်ဆိုတဲ့ ကျောင်းသူလေးတယောက် ပဲဖြစ်ပါတယ်။
ဗမာတပြည်လုံးမှာ ဆယ်တန်းစာမေးပွဲကို ပထမရခဲ့တဲ့ မေမေစိန် ...
နှုတ်ခမ်းမဆိုးဘဲ ဆံပင်မကောက်ဘဲ မန်းဆန်ဆန် ပိုးရင်ဖုံးနဲ့ဆို သိပ်ကိုလှတဲ့ မေမေစိန် .. အချစ်ကိုယုံကြည်ပေမဲ့ အိမ်ထောင်ရေးကို ကြောက်တတ်သူတစ်ယောက်။
"အိမ်ထောင်ကိစ္စထက်အရေးကြီးတဲ့ စိတ်ဝင်စားစရာကိစ္စတွေ ရှိနေသေးတယ်၊ အချစ်ဆိုတဲ့တရားကို ဘုရားစင်ပေါ်တင်ပြီး ကိုးကွယ်ချင်လေတော့ လောကီကိစ္စနေရာတကာမှာ အဲ့တရားကျမ်းစာကြီးနဲ့ ကိုင်ကြည့်နေလို့ အကျိုးမရှိဘူးလေ။"
ခေါင်းစုတ်ဖွားနဲ့ နိုင်ငံရေးသမား တက္ကသိုလ်ကျောင်းသားဖြစ်လာတဲ့ကိုဖုန်းခင်က ကွန်မြူနစ်အစွဲရှိသူ၊စိတ်ကူးနှင့်လက်တွေမကွဲပြားသူ
ဘဝကိုနည်းစနစ်နှင့်သာတွက်ကြည့်ပြီး
လက်တွေကျတော့ရင်မဆိုင်တတ်သူသာဖြစ်တယ်။
နှစ်ယောက်လုံးက အထီးကျန်သမားတွေ၊ အချစ်နဲ့ လူ့ဘဝရဲ့ ဝေဒနာအထွေထွေကို ချေချင်ကြတဲ့သူတွေ၊ ဒါပေမယ့် ကွဲပြားချက်တော့ရှိတယ်။ချစ်လွယ်မုန်းလွယ် တတ်သူတစ်ယောက်နဲ့ အပျက်အယွင်း ဟူသမျှကို လက်ပိုက်ကြည့်နေရသူသာဖြစ်တယ်။သူငယ်ချင်းတွေခေါ်ရင်တောင် ဘိုင်စကုတ်မကြည့်တဲ့လူတစ်ယောက်၊မေမေစိန် နဲ့တွေ့မှ စနေ တနင်္ဂနွေ ဘိုင်စကုတ်ရုံမှာ အချိန်ဖြုန်းနေတတ်တော့တယ်။
မေမေစိန်နဲ့ ကိုဖုန်းခင်တို့နှစ်ယောက်ကိုအားပြိုင်ပြီး ဘဝကို ဘယ်လိုကျော်ဖြတ်ကြမလဲဆိုတာ လေ့လာရမယ်။ကိုဖုန်းခင် မေမေစိန်ကို ချစ်မိပြီးသည့်နောက်တော့ ကံကြမ္မာ လက်တွင်းနက်နက်ထဲ့သို့ ဆင်းခဲ့ရလေသလား။ထိုတွင်းနက်ထဲမှာ ရတနာသိုက်ပဲ တွေ့မလား၊ အရှိန်ပြင်း အဝေးသို့ သယ်ဆောင်နိုင်တဲ့ ရေစီးလှိုင်းနဲ့ကြုံမလား ဒီစာအုပ်ထဲမှာမြင်ရနိုင်တယ်။
အဲဒီခေတ်က လူငယ်တွေဟာ ရိုးရာအယူအဆတွေကို တော်လှန်ပြီး အနှောက်အယှက်များကို ရင်ဆိုင်ပြီး နိုင်သူနိုင်၊ ရှုံးသူရှုံး လောကီအမှု ရှုပ်ပွေနေတာကို ဖြေရှင်းနေကြရတဲ့ ကာလသာဖြစ်တယ်။လူငယ်တွေရဲ့အတွေးအခေါ်တွေဟာခေတ်မီခဲ့တာ၊ပြတ်သားရဲရင်တတ်တာအရင်နှစ်ပေါင်းခုနှစ်ဆယ်လောက်က
လူငယ်တွေကိုတွေ့ချင်ရင်ဖုန်းသက်တိုင်မှာရှာကြည့်ရမယ်။
"ကျွန်မဟာ
နုမှာငါးရာ၊ရင့်မှာတစ်ကျိပ်
ဖြစ်တော်ပေါင်းစုံခဲ့ပြီ"
အသက်ငယ်သေးပေမဲ့လူငယ်ဘဝကုန်ခဲ့ပြီ"
ဒီစကားကိုကြည့်ခြင်းဖြင့် မေမေစိန်ဟာ သူအရှိန်လျော့ရမယ်အချိန်၊ ရပ်တန့်ရမယ်အချိန်ကို သူကောင်းကောင်းသိတယ်။ မေမေစိန်အပေါ် အားမလိုအားမရဖြစ်နေတဲ့သူ၊ မေမေစိန် ဒုက္ခရောက်မှာ စိုးရိမ်နေသူ သာ ပင်ပန်းနေရကြောင်း လေ့လာရမယ်။တခါတစ်လေ ကျွန်တော်တို့က အခြားသူတွေကို ပူပန်ပေးနေကြတာ၊ အဲ့လူတွေက သူတို့ ရပ်တန့်ရမယ့်အချိန်ကို ကောင်းကောင်းသိသူလည်းဖြစ်နိုင်တယ်တာ သတိချပ်သင့်တယ်။
မေမေစိန်ကတော့ပြတ်သားရဲရင့်တယ်၊စိတ်ချမ်းသာမှုဆိုတာ ဘဝမှာမေ့မေ့ပျောက်ပျောက်နေတ်သူအဖြစ်မြင်ရမယ်။ကောင်းခြင်းမကောင်းကိုလုပ်ရာမှာမည်သူမှမဝေဖန်လေနဲ့မကောင်းတာကိုလုပ်ချင်လို့သာလုပ်သည်ရပ်လိုက်ရမဲ့အခါကိုလည်းသူသိတဲ့သဘောရှိတယ်။ဘာကိုမှ တသက်သက်ဖြစ်မနေတတ်တဲ့ အစွဲအလန်းမကြီးတဲ့ သာမန်လူတန်းစားပဲ ဖြစ်ချင်တဲ့လူတစ်ယောက်လို့ ပြောရမယ်။မေမေစိန်ရဲ့သူ့ကိုယ်သူ သိပ်ယုံကြည်ပြီး အထင်ကြီးတဲ့စိတ် နဲ့မာန ကိုပြသွားတဲ့စာသားလေးတွေများဆို လုံးဝ ကွက်တိပဲ။
"တော်တယ်ဆိုတာကို ကျွန်မလောက်မက်တဲ့မိန်းကလေး သိပ်ရှိမယ်မထင်ဘူး။ ကိုယ့်ကိုယ်ကိုယ် တော်တယ်လို့လည်းထင်တယ်။ မတော်တဲ့နေရာကျလည်း ကြိုးစားလုပ်တယ်။"
ကိုဖုန်းခင်က ပျော့လွန်း ၊ ညံ့လွန်း စိတ်အလိုလိုက်လွန်းတယ် ။"လူ့စိတ်သဘာဝ " တွေဟာ ဒီလိုပဲ မှောင်မိုက်တတ်တယ် ဆိုတဲ့သဘောတရားတွေပါဝင်တဲ့ စာကြောင်းတွေ အယူအဆတွေကြောင့် အဆုံးမှာ ခွင့်လွှတ်နားလည်ပေးရင်း စိတ်ထဲ မောလျလျကြီး ကျန်ရစ်ခဲ့ရတဲ့ဝတ္ထုတပုဒ်ပါပဲ။ဆရာမကြည်အေးရဲ့ ဝတ္ထုတွေက ထပ်ခါထပ်ခါဖတ်လေလေ ခံစားချက် အသစ်အဆန်းတွေ ထပ်ခါထပ်ခါရလေလေပဲ။မေမေစိန်၊ကိုဖုန်းခင်ဟာအဲခေတ်ရဲ့လူငယ်တွေရဲ့ဘဝတွေကိုဖော်ဆောင်သူတွေသာဖြစ်တယ်။” ကိုယ့်အဖြစ်ကိုမှ ဆိုးလှချည် ” ထင်တတ်တဲ့ သဘောတစ်ခုကို ဆရာမကတမူထူးခြားစွာလက်ရာတွေနဲ့ မီးမောင်းထိုးပြသွားတယ်။လူတွေရဲ့ Dark side တွေကို တစ်တစ်ခွခွနဲ့ အစပ်အဟပ်မရှိ ပြီးပြီးရော ချပြ၊ Unique ဖြစ်ချင်ဇောနဲ့ Society တစ်ခုလုံးကို အရွဲ့တိုက်ဟန်ပါတဲ့ ဇာတ်ကောင်တွေကို ဖန်တီးလာကြတဲ့ တချို့စာရေးဆရာတွေရဲ့စာတွေကို ဆရာမကြီးကြည်အေးသာ သက်ရှိထင်ရှားရှိပြီး ဖတ်ဖြစ်ခဲ့မယ်ဆိုရင်တော့ မဲ့ပြုံးလေး ပြုံးနေလိမ့်မယ်ထင်ပါတယ်။တက္ကသိုလ်နောက်ခံဝတ္ထုတွေထဲမှာတော့ တမူထူးခြားပြီး ဆန်းသစ်စွာ ခံစားဖတ်ရှုလိုက်ရတဲ့ ဝတ္ထုတပုဒ်လည်းဖြစ်ပါတယ်။လူ့ဘဝတွေကို နားလည်လွန်းသူ ရေးတဲ့ စာအုပ်ကို ပြန်ညွှန်းရတာ မထူးဆန်းပေမယ့် ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။
𝘗𝘭𝘦𝘢𝘴𝘦 𝘠𝘰𝘶𝘛𝘶𝘣𝘦🔻
https://youtube.com/@ReviewsbyBenevolent?si=WusMbsWGmcyPAiFu
𝘗𝘭𝘦𝘢𝘴𝘦 𝘛𝘦𝘭𝘦𝘨𝘳𝘢𝘮 🔻
https://t.me/reviewsbybenevolent
စာဖတ်ပါ၊ ဘဝအသိကြွယ်ပါစေ။
Benevolent Guy
#reviewsbybenevolent
#bookrecommendations
#bookreview
Keep Reading