မဟာဟန်လင်း
“ရှင့်နာမည်က မသန်းနုနော်။ ကျွန်မနှင့် နာမည်တူနေပါလား။ တော်ကြာ.. လူတွေက ရှင်နှင့်ကျွန်မ ကို လူမှားနေမှဖြင့်..” ဟု ဘဝင်မကျသလိုပြောနေသော ဒေါ်သန်းနုကိုကြည့်ကာ “ မမှားနိုင်ပါဘူးရှင်။ ရှင့်ရဲ့ အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဆိုတဲ့ ဂုဏ်ပုဒ်ကြီးတပ်ထားတဲ့ဟာကို...” ဟု ပြောလိုက်လျှင်တော့ ဒေါ်သန်းနုတစ်ယောက် ပီတိဖြစ်၍သွားလေတော့ သည်။ “ရှင်က ကျွန်မအကြောင်းကို သိထားတာပဲ။” ဟူ၍ စကားဆက်နေသဖြင့် “ရှင်က ဒီနယ်မြို့လေးရဲ့ မြို့မျက်နှာဖုံးပဲရှင်။ ရှင့်ကို မသိတဲ့လူ ဒီမြို့လေးမှာ ရှိနိုင်ပါဦးမလား။ ဒီမြို့တစ်မြို့လုံးမှာရှိတဲ့ ဘုရားတိုင်းမှာ၊ ဘုန်းကြီးကျောင်းတိုင်းမှာ၊ လူအများနှင့်သက်ဆိုင်တဲ့ နေရာတွေအားလုံးမှာ ရှင့်နာမည် ကမ္ဗည်းထိုးထားတာက လက်ညှိုးထိုးလို့မှ မလွဲတာပဲရှင်” ဟု ပြောလိုက်လျှင်တော့ ဒေါ်သန်းနုတစ်ယောက် ပြုံးပြုံးကြီးဖြစ်ရင်း သူ့ဘဝကိုသူ ပြန်စဉ်းစားခန်း ဝင်သွားလေတော့သည်။
မသန်းနုလေးကို ဆန်နှင့်ဆီကုန်သည်သူဌေးကြီး ဦးဘသန်းနှင့် ရွှေကုန် သည် ဒေါ်ရွှေနုတို့မှ မွေးဖွားခဲ့ခြင်းဖြစ်သည်။ တစ်ဦးတည်းသောသမီးလေးကို ချစ်လွန်းလှသဖြင့် အဖေနှင့်အမေနာမည် နှစ်မျိုးပေါင်းကာ မသန်းနုဟူ၍ နာမည်ပေးရင်း သန်းနုဆီစက်၊ သန်းနုဆန်စက်၊ သန်းနုရွှေဆိုင်စသည်ဖြင့် သမီးနာမည်ဖြင့် စီးပွားရေးလုပ်ငန်းများတိုးချဲ့ခဲ့လေသည်။ မသန်းနုကလေးသည် ရှေးကုသိုလ်ကြောင့် သူဌေးသူကြွယ်မျိုးတွင် မွေးဖွားလာရုံမျှမက မျက်နှာမြင် ချစ်ခင်ပါစေဟူသော ကုသိုလ်ထူးကိုလည်း ပိုင်ဆိုင်ခွင့်ရခဲ့လေသည်။ အရွယ်ရောက်၍ ပညာစုံချိန်တွင်တော့ ဆရာဝန်ပေါက်စလေးဖြစ်သည့် မောင်မောင်ကြီးနှင့် အိမ်ထောင်ကျပြီး မိဘလက်ငုတ်လက်ရင်း စီးပွားရေးများကို ဦးဆောင်လုပ်ကိုင်ကာ သားသမီး (၃)ဦး ထွန်းကားခဲ့လေတော့သည်။
ဒေါသန်းနု၏ သူ့မိသားစုအကြောင်းပြောပြနေသည်ကို နားစိုက်ထောင်နေချိန် “ ရှင့် မိသားစုတွေကကော..” ဟု မေးလိုက်လျှင်တော့ “ ကျွန်မအဖေနာမည်က ဦးစိုပါ။ ရထားမောင်းတဲ့စက်ဗိုလ် ပါရှင်။ ဂျပန်ခေတ်မှာ တာဝန်ထမ်းဆောင်ရင်း ဆုံးသွားခဲ့တာ အလောင်းတောင်ပြန်မရခဲ့ပါဘူး။ အဖေဆုံးသွားပြီးနောက်တော့ ကျွန်မအမေ.. ဒေါ်သန်းကြည်က ကုန်ရောင်းကုန်ဝယ်လုပ်ရင်း ကျွန်မကို ပျိုးထောင်ပေးခဲ့တာပါ။ ဒါကြောင့် ကျွန်မက ဘုန်းကြီးကျောင်းမှာပဲ စာရေးတတ်ဖတ်တတ်ရုံ ပညာသင်ကြားခဲ့ရပါတယ်။ အရွယ်ရောက်ချိန်မှာတော့ စက်ဗိုလ်ဦးကျော်သိန်းနှင့် အိမ်ထောင်ကျခဲ့ပြီး မှီခိုဘဝနှင့် သားလေးကိုပျိုးထောင်ရင်း အိမ်ထောင့်တာဝန်ပဲထမ်းဆောင်ခဲ့ပါတယ်။” ဟု ပြောပြလိုက်လျှင်တော့ “ ရှင့်သားလေးက ဘာအလုပ်လုပ်တာလဲ။” ဟု ဒေါ်သန်းနုမှ စကားထောက်လိုက်လျှင်တော့ “ ကျွန်မသားလေးက အင်ဂျင်နီယာပါရှင်။ ဒီမြို့က နည်းပညာတက္ကသိုလ်မှာပဲ တွဲဖက်ပါမောက္ခ အလုပ်ကို လုပ်ပါတယ်။” ဟု သားလေးအတွက် ဂုဏ်ယူစွာဖြင့် ဖြေလိုက်လျှင်တော့ ဒေါ်သန်းနု မျက်ဝန်းထဲမှ ရယ်သွမ်းရိပ်များကို မြင်လိုက်ရလေတော့သည်။
“ ကျွန်မ သား၊ သမီးတွေအားလုံးကတော့ အထူးကုသမားတော်တွေပါ။ အမေရိကားမှာ အလုပ်လုပ်နေကြတာပါ။” ဟု ပြိုင်ဆိုင်သည့်စိတ်ဖြင့် ပြောလိုက်လျှင်တော့ မခံချင်စိတ်ဖြစ်သွားပြီး “ ကျွန်မသားလေးက ကျွန်မကိုအရမ်းချစ်တာ။ ကျွန်မကို မခွဲနိုင်လို့ နိုင်ငံခြားထွက်ပြီး အလုပ်မလုပ်ဘဲ ကျွန်မနှင့်အတူနေရအောင် ဆရာလုပ်လိုက်တာပါ။ ဒါဆို..ကျွန်မလို.. ရေချိုးပြီးချိန် လုံချည်လျှော်ပေးတဲ့၊ ဘုရားအတူတက်ပြီး ဖိနပ်ကိုင်ပေးတဲ့၊ အခါကြီးရက်ကြီးတိုင်း ဥပုသ်အတူစောင့်ပေးတဲ့၊ ညဘက်တွေမှာ စကားအတူပြောပေးတဲ့ ကျွန်မသားလေးလို ပြုစုဂရုစိုက်မှုမျိုး ရှင့်သားသမီးတွေဆီက ရှင်.. မရနိုင်ခဲ့ဘူး ပေါ့နော်။” ဟု သားလေး၏ဂုဏ်ပုဒ်များကို ဖော်ပြရင်း ပြန်တုံ့ပြန်လိုက်လျှင်တော့ ဒေါ်သန်းနု မခံရပ်နိုင်စွာ ဖြင့် စကားလမ်းကြောင်း ပြောင်းလိုက်လေတော့သည်။
“ ရွှေဆံတော်ဘုရား ထီးတင်ပွဲတုန်းက ကျွန်မလှူခဲ့တဲ့ အလှူအကြောင်း ရှင်ကြားမိခဲ့သေးလား” ဟု အဓိပ္ပာယ်ပါပါမေးလိုက်လျှင်တော့ “ ကြားမိပါတယ်ရှင်။ ရှင် ရွှေတွေစိန်တွေကို ပိဿာလိုက်၊ ပြည်တောင်းလိုက် လှူတဲ့သတင်းကို ကြားမိလို့ ကျွန်မတောင် မုဒိတာပွားပြီး သာဓုခေါ်မိပါသေးတယ်ရှင်။” ဟုပြောလျှင် “ ရှင်ကော.. ဘာလှူခဲ့လဲ” ဟုမေးလျှင်တော့ “ကျွန်မကတော့ ကျွန်မအလွန်တန်ဖိုးထားပြီး ကလေးဘဝကတည်းက တစ်သက်လုံးဝတ်လာခဲ့တဲ့ စိန်နားကပ်ကလေးပဲ လှူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီစိန်နားကပ်ကလေးက အဖေတာဝန်ထမ်းဆောင်ရင်းဆုံးသွားခဲ့လို့ နိုင်ငံတော်ကပြန်ပေးခဲ့တဲ့ လျော်ကြေးငွေနဲ့ အမေဝယ်ပေးခဲ့လို့ ကျွန်မအတွက်တော့ တန်ဖိုးမဖြတ်နိုင်ပါဘူးရှင်” ဟု ပြောလိုက်လျှင်တော့ ကျွန်မကို အောင်နိုင်သူအပြုံးဖြင့် စိုက်ကြည့်၍နေလေသည်။
“ မသန်းနု...ဘုန်းဘုန်းက စာသင်တိုက်ကြီးမှာ သံဃာအပါး (၂၀၀)ကျော်ရှိတော့ ဒံပေါက်ဆွမ်းကပ်မယ်ဆိုရင် ဒကာကြီးနိုင်ပါ့မလား.. ဒကာမကြီးနှင့်တိုင်ပင်ပြီး သေချာစဉ်းစားပါဦးလားလို့ မိန့်လိုက်တယ်။” ဟူ သော ကိုကျော်သိန်း၏စကား
Unlock to read this premium article with 10 points.