ဆောင်း
အပိုင်း ၁၃
အချစ်ရူးတဲ့မိန်းမဟုအပြောခံရလည်းခံရပါစေတော့ ကိုမောင်ခေါ်ရာနောက် ကောက်ကောက်ပါအောင်ကျွန်မလိုက်ခဲ့တော့သည်....
ကိုမောင်စာသင်ရမယ့်ရွာလေးကအမှန်ကို တောကျပါတယ် တောကျသလို ရွာသားတွေကလည်းတော်တော်ရိုးကြတယ် ကျွန်မတို့နေဖို့အတွက်အိမ်လေးတလုံးစီစဥ်ပေးတယ် အိမ်ပိုင်ရှင်တွေကမြို့တက်သွားပြီးတော်တော်နဲ့ပြန်လာမှာမဟုတ်လို့နေ၍ရသည်ဟုဆိုသည် ရွာလေးကအေးချမ်းပြီးနေလို့ကောင်းသည် ရွာနောက်မှာချောင်းလေးတခုရှိသည် ချောင်းမကျမြစ်မကျလေးပေါ့ အတော်သင့်ကျယ်ပြီး သဘော်ငယ်လေးတွေသွားလို့ရသည် မေမေ့ကိုသတိရမိသည်မေမေသာဆို ဒီရွာလေးကိုတော်တော်ကြိုက်မှာအမှန်ဖြစ်သည်
"ဝင့် "
"ရှင် "
"ဘာတွေတွေးနေတာလဲ "
"ဒီတိုင်းဟိုတွေးဒီတွေးပါ မေမေ့ကိုလွမ်းတယ် ကိုမောင်ရော"
"ဝင့်ကလည်းကွာ ကလေးလည်းမဟုတ်ဘဲ ကိုရှိတယ်လေ"
"အင်းပါ "
ကိုမောင်ကကျောင်းမှာအလယ်တန်းကလေးတွေကိုသင်ရတာဖြစ်သည် မနက်၇နာရီကနေညနေ၄နာရီထိသင်ရပြီး ကျောင်းနဲ့အိမ်ကသိပ်မဝေးတာကြောင့်အိမ်ကိုစောရင်စောသလိုပြန်လာတတ်သည် ဒီရွာလေးမှာကျောင်းက၁ကျောင်းဘဲရှိပြီး အထက်တန်းတက်ချင်ရင်မြို့သွားရတာဖြစ်သည် ကိုမောင်ကဒီအလုပ်ကိုတော်တော်ဝါသနာပါပြီး အလုပ်လုပ်တဲ့အချိန်တိုင်းပင်ပန်းတဲ့ပုံမရှိပျော်နေတတ်သည် မေမေတို့ကိုဖုန်းဆက်ဖို့ကျွန်မ မရဲသလို မေမေတို့ဘက်ကလည်းဖုန်းသံမလာခဲ့ပါဘူး မေမေတို့မုန်းလဲခံရမှာပါဘဲ
"ကိုမောင် မေမေတို့ဖုန်းလည်းမဆက်ဘူးနော် နေကောင်းရဲ့လားမသိဘူး "
"ကောင်းမှာပါဝင့်ရယ် စိတ်မပူနဲ့နော် မစောကိုလည်းသွားကြည့်ခိုင်းထားတာဘဲ ခနစိတ်ဆိုးတုန်းမို့မဆက်တာဖြစ်မှာပါ"
ကိုမောင်နဲ့ကျွန်မဒီရောက်တာ၅လတိတိပြည့်ခဲ့ပြီ အိမ်လေးကလည်းနေသားကျလာတာကြောင့်ပျော်စရာကောင်းပေမယ့် မေမေတို့ကိုလွမ်းမိသည် သမီးမိုက်ကိုခွင့်လွှတ်နိုင်ပါ့မလား...
။။။။။
ကိုမောင်တခါတလေဖုန်းဆက်တာကြားရသည် ကျွန်မကိုတွေ့တဲ့အခါခြံထဲဆင်းသွားပြီး ဖုန်းပြောပြီးမှပြန်လာတတ်သည် ဘာအကြောင်းမှန်းမသိပေမယ့် သူ့ဘာသူပြောလာမှာပါလေ
"ဝင့် "
ကိုမောင်မျက်နှာမကောင်း ဖုန်းချပြီးချင်းကျွန်မဆီလာပြောသည်
"ပြောလေကိုမောင် "
"အန်တီနေမကောင်းဘူးတဲ့ သိပ်အခြေနေမကောင်းဘူးပြောတယ် "
ဒါဟာကျွန်မရဲ့အပြစ်တွေကြောင့်မေမေခံစားရတာမလား
"ဟင် မေမေ ဝင့် ဝင့်ပြန်မယ် ဝင့်မေမေ့ဆီသွားမယ်ကိုမောင်"
"အင်းပါ သွားရမှာပေါ့ ကိုလိုက်ပို့ပါမယ်"
"အခုသွားမှရမှာ မေမေက ဟင့် ဝင့်ကြောင့်"
တကယ်ကိုကျွန်မကြောင့်ပါဘဲ မေမေ့ကျန်းမာရေးကိုသိရက်နဲ့ ကျွန်မမိုက်ခဲ့တာ....
ကိုမောင်နဲ့ကျွန်မညကားနဲ့ရန်ကုန်တက်ခဲ့ကြတယ် ခြံထဲဝင်တော့မေမေကခြံထဲမှာထိုင်နေတယ် အနွေးထည်အပါးလေးထပ်ပြီး ဖေဖေကမေမေနဲ့မျက်နှာချင်းဆိုင်ထိုင်နေပြီးကျွန်မကိုကျောခိုင်းထားတယ် မေမေကကျွန်မကိုတွေ့သွားသည်ထင်သည် မျက်လုံးလေးတွေလက်သွားပြီး ပါးစပ်ဟလာသည်
"သမီးလေး "
ကျွန်မမျက်ရည်များမထိန်းနိုင်တော့ မေမေ့ဆီပြေးသွားမိသည် မေမေကအရင်လိုဘဲကျွန်မကိုနွေးထွေးစွာဖက်ထားပြီး မေမေ့ရဲ့မျက်ရည်တွေကျွန်မကျောပေါ်ကျလာသည်
"သမီးမိုက် လာသေးတယ်ဟုတ်လား "
ဖေဖေ့ရဲ့တင်းမာတဲ့စကားသံဟာကျွန်မကိုဘယ်လောက်နာကျည်းနေမှန်းသိရသည်
"ဝင့် တောင်းပန်ပါတယ်မေမေနဲ့ဖေဖေ ဝင့်မှားခဲ့ပါတယ် ဟင့်"
"သမီးလေးရယ် မေမေလွမ်းလိုက်ရတာ "
မေမေ့ရဲ့စကားသံဟာဖျော့တော့နေပြီး စကားတိုင်းဟာကျွန်မကိုအပြစ်ပေးနေသလိုပင် ရင်ထဲခံစားရသည်
"သမီးကို မုန်းနေပြီလားဟင်မေမေ"
မေမေက ကျွန်မနဖူးကိုဖွဖွနမ်းကာ
"မိဘဆိုတာသားသမီးကိုမုန်းတယ်မရှိပါဘူးသမီးရယ် "
မေမေ့ကိုအိမ်ထဲခေါ်ကာ ဆေးတိုက်တော့မေမေ့မှာအစာအိမ်ကင်ဆာရှိနေပြီမှန်းသိလိုက်ရတယ် အရင်ထဲကမေမေကအစားနည်းပေမယ့် ဒီလောက်ထိဖြစ်လာမယ်လို့မထင်ခဲ့ဘူး အခုဆိုအစာမစားနိုင်တာကြောင့် ခန္ဓာကိုယ်လေးကသေးသေးလေးဘဲရှိတော့တယ် ကျွန်မမေမေ့ကိုကြည့်ပြီးမျက်ရည်ကျမိပြန်ပါတယ်
"မေမေ သမီးတောင်းပန်ပါတယ်နော်"
မေမေကပြုံးပြီးခေါင်းညိမ့်ပြပြန်တယ် ကိုယ်ဘယ်လောက်အပြစ်လုပ်လုပ်အပြစ်မယူတာမိဘဘဲရှိပါတယ် ဖေဖေကကျွန်မကိုဧည့်ခန်းထဲခေါ်ကာ စကားပြောသည်
"သမီး ဖေဖေတို့ဖုန်းတွေဆက်တာဘာလို့မကိုင်ရတာလဲကွယ် သမီးအမေဘယ်လောက်ဝမ်းနည်းနေလဲသိလား"
"ဖုန်းဆက်တယ် ဟင့်အင်း သမီးဆီမလာဘူး တကယ်"
ကျွန်မပြန်တွေးမိတယ် ကျွန်မနဲ့ကိုမောင်ရွာကိုရောက်ထဲက ကျွန်မဖုန်းကို ကျောင်းယူသွားတတ်သည် ကျွန်မဖုန်းကကီးပတ်ဖုန်းလေးဖြစ်သည် သူ့ဖုန်းကနှစ်ယောက်လုံးအိမ်ကထွက်ခဲ့ထဲကအပြီးရောင်းခဲ့တာကြောင့် မရှိတော့ ဖေဖေ့ကိုထပ်မေးကြည့်တော့နေ့တိုင်းဆက်သည်ဟုဆိုသည် ကျွန်မကိုယ်တိုင်လည်းဖုန်းကိုမစစ်မိ အကြောင်းရှိရင်ကိုမောင်ကျွန်မကိုပြောပြမည်ဟုယုံသည် ဒီလိုဆိုကိုမောင်ဘာလို့များကျွန်မကိုမပြောရတာလည်း ကျွန်မအတွေးများစုံလင်သွားရသည်.....
အပိုင်း ၁၄နောက်ရက်တင်ပေးပါ့မယ်ရှင့်
ချစ်သော readers လေးတွေ😘
Keep Reading