ဆောင်း
အပိုင်း ၁၂
ကျွန်မနေရာမှာငြိမ်ငြိမ်ပြန်ထိုင်မိသည် ကိုမောင်ကကြောက်စရာကောင်းနေသည် ထိုပုံစံမျိုးကို မြင်ဖူးတာကျွန်မနဲ့သူစတွေ့ခါစတုန်းကတခါနဲ့အခုတခါဘဲရှိသည်
"ဟုတ်ပြီ နင်နားထောင် ငါဇော်သက်ဆီကနေပြန်ကြားတယ် နင်အထင်လွဲနေပြီ ငါဘယ်တုန်းကမှနင့်ကိုမကြိုက်ခဲ့ဘူး နင့်ကိုခင်တာဘဲရှိတယ် ငါမိန်းမတယောက်ကိုဘဲချစ်တယ် အဲ့တာဝင့် "
"နင်ရက်စက်တယ်နော် မောင်မောင်"
သူမငိုကာပြောရင်းကားပေါ်ကဆင်းသွားတော့သည် ထိုနေရာသည် ကားငှားဖို့မလွယ်ပေ အတော်စောင့်ရတာကြောင့်
"ကိုမောင် ပြန်ခေါ်လိုက်ပါ ဒီမှာစောင့်နေရင်မိုးချုပ်သွားလိမ့်မယ် တယောက်တည်းကို"
ကိုမောင်က ကျွန်မလက်ကိုဆောင့်ဆွဲကာသူနဲ့မျက်နှာချင်းဆိုင်စေသည်
"ဝင့် မင်းမှာနှလုံးသားမရှိတာလား ငါ့ကိုကြိုက်ပါတယ်လို့ပြောနေတဲ့မိန်းမနော်အဲ့တာ ဘာလဲ ငါသူ့ကိုပြန်ခေါ်ပြီး ချော့တာမြင်ချင်တာလား ပြီးရင်ငါသူနဲ့တွဲလိုက်မယ်အဆင်ပြေလား မင်းငါ့ကိုတကယ်ရောချစ်ရဲ့လား ဟမ်"
ကိုမောင်က မင်းနဲ့ငါဆိုပြီးစိမ်းစိမ်းကားကားတွေပြောနေပြီး မျက်လုံးတွေနီရဲနေသည် ကျွန်မအဲ့လိုသဘောရောက်အောင်ပြောလိုက်တာမဟုတ်ပေမယ့် သူတကယ်စိတ်ဆိုးသွားတာဖြစ်သည်
"ကိုမောင် ဝင့်တောင်းပန်ပါတယ် နော် ဝင့်ကိုမောင့်ကိုချစ်ပါတယ် တကယ်ပါ "
သူကျွန်မကိုဖက်သည် ရင်ဘက်ထဲတင်းနေအောင်ဖက်ထားတာကြောင့် အသက်ရှူ၍ပင်ခက်လှသည် ကျွန်မဘာမှမပြောဖြစ် ခနကြာတော့
"ဝင့် သိလား ဝင့်ကိုသဝန်တိုစေချင်တယ် ဝင့်ကဘယ်လိုမိန်းမလေးလဲလို့တွေးမိတယ်"
"......"
ကျွန်မဘာစကားမှပြန်မပြောဖြစ် ကိုမောင်ငိုတာမမြင်ဖူးပါ
" သူကို့ကိုခံစားချက်ရှိနေမှန်းကိုတကယ်မသိခဲ့ဘူး အဲ့တာကြောင့် ဟန်ဆောင်ခိုင်းခဲ့မိတာ သူအဲ့လောက်ထိလေးနက်မယ်လို့လဲမထင်ခဲ့ဘူး အခုတော့ သူငယ်ချင်းတယောက်ဆုံးရှုံးသွားပြီပေါ့"
ကိုမောင်ကတကယ်ကိုဝမ်းနည်းနေပြီး မျက်နှာမှာပေါ်နေသည်
။။။။။။။။။
ကိုမောင်ဒီတခေါက်ဧရာဝတီဘက်ကိုTransfer ကျတယ် သွားသင်ရမယ့်နေရာက အတော်လေးတောကျပြီး အနဲဆုံး၁နှစ်လောက်ကြာနိုင်မယ်တဲ့
"ဝင့် ကိုနဲ့လိုက်ခဲ့ပါလား"
"ဟင် ဘယ်လိုလုပ်လိုက်ရမလဲကိုမောင်ရဲ့ ဆိုင်ရှိသေးတယ်လေ"
"ကိုမခွဲနိုင်ဘူးတကယ် "
အခုဆိုမေမေတို့နဲ့လူကြီးချင်းတွေ့တာအဆင်လည်းပြေကြပြီး စေ့စပ်ပြီးလို့ လက်ထပ်မည့်ရက်ညှိနေကြတဲ့အချိန်ပေါ့ ဆိုင်ကလည်းလွှတ်ထားခဲ့လို့မရတာတကြောင်း အိမ်ကလည်းစိတ်မချတာကြောင့် သူနဲ့လိုက်ဖို့ဘယ်လိုမှအဆင်မပြေဘူး
"ကိုမောင်ရယ် တနှစ်ကဘာရှိမလဲ ခနလေးပါ ကိုမောင်ပြန်လာတာနဲ့ဝင့်တို့လက်ထပ်ကြမယ်လေနော်"
"မသိဘူးကွာ ဝင့်လိုက်ခဲ့ရမယ် ဆိုင်ကမီးငယ်တို့နဲ့လွှဲလို့ရပါတယ် အန်တီလည်းတပတ်တခါနှစ်ခါသွားနေတာဘဲ နော် ကိုလိုက်ပြောမယ်"
ကိုမောင်ကတခါတရံအရမ်းတဇွတ်ထိုးလုပ်တတ်ပါတယ် သူတခုခုလုပ်ချင်လာရင်တားမရဘူး သူ့မိသားစုတောင်လက်လွှတ်ရတယ် ကျွန်မဘာပြောနိုင်မလဲ
"ဦးနဲ့အန်တီ စိတ်ချပါ ကျွန်တော်ဝင့်ကိုသေချာစောင့်ရှောက်မှာပါ ဟိုမှာလည်းအိမ်ပေးထားမယ်ပြောတယ် ကျွန်တော်တို့နှစ်ယောက်အတွက်အဆင်ပြေပါတယ်"
"မြတ်မောင် ငါတို့မှာလည်းဒီသမီးတယောက်တည်းရှိတာလေကွာ ဘယ်စိတ်ချမလဲ မင်းနဲ့လည်းအခုထိလက်ထပ်ရသေးတာမဟုတ်ဘူး မဖြစ်ပါဘူး"
ထင်ထားတဲ့အတိုင်းဖေဖေကလုံးဝလက်မခံ ခေါင်းတွင်တွင်ခါသည် ကိုမောင်ကလည်းလက်မလျှော့ မေမေ့ကိုတလှည့်ဖေဖေ့ကိုတလှည့်ပြောနေသည်
"အန်တီ နော် ကျွန်တော်သေချာစောင့်ရှောက်မှာပါဗျာ ကျွန်တော့အကြောင်းလည်းသိနေတာဘဲဗျာ "
"အန်တီ့ကို ဒီတခုတော့နားလည်ပေးပါ သမီးလေးကလောကကြီးအကြောင်းဘာမှမသိသေးပါဘူးသားရယ် အန်တီတို့အတွက်တဦးတည်းသောသမီးလေးပါ "
ကိုမောင်ကကျွန်မကိုလှမ်းကြည့်သည် နောက်မေမေတို့ကိုနှုတ်ဆက်ပြီး ကျွန်မခြံဝထိလိုက်ပို့တော့
"ဝင့် ကိုတို့ခိုးပြေးရအောင် "
"ဟင် ကိုမောင် ဘာတွေပြောနေတာလဲ မဟုတ်တာတွေ"
"တကယ်ပြောတာ ဒီတိုင်းတော့အဆင်မပြေဘူး ဝင့်ကိုလဲမထားခဲ့ချင်ဘူး နော် "
"ဟာ မဖြစ်ပါဘူး မေမေတို့လဲသဘောတူထားပြီးသားအချိန်တခုစောင့်ပြီးရင် တရားဝင်လက်ထပ်ရမှာပေါ့ကိုမောင်ရယ် အဲ့လိုအတွေးတွေမတွေးပါနဲ့"
ကိုမောင်ကအတည်ပြောနေတာဖြစ်သည် သူ့ပုံကလက်လျော့မယ့်ပုံမရှိ ကျွန်မလက်ကိုကိုင်ကာမျက်လုံးချင်းဆုံစေသည်
"ကို့ကိုချစ်လား "
"အို ချစ်လို့ဘဲ"
"ရပြီ ဒီလောက်ဆို မနက်ဖြန်ည ကိုလာခေါ်မယ် ဝင့် ခြံတံခါးဖွင့်ထား အကျီတွေနဲနဲပါးပါးထည့်ထားနော်တခြားဘာမှယူမလာနဲ့ "
သူပြောပြီးကျွန်မကိုထုံးစံအတိုင်းအနမ်းဖွဖွချွေကာ ပြန်သွားတော့သည်
.........
ကျွန်မညကအိပ်မပျော် သူပြောတဲ့စကားတွေကိုကြားနေကာ ကြောက်နေမိတယ် မေမေတို့နဲ့ခွဲသွားဖို့ဆိုတာ အတွေးထဲမှာလုံးဝမရှိခဲ့တဲ့အရာတခု မနက်ဆိုင်သွားဖို့ကိုခေါင်းကိုက်နေသည်ဟုလိမ်ကာ အခန်းထဲငိုင်နေမိသည် ကျွန်မကိုမောင်နဲ့အတူလိုက်သွားသင့်လား မေမေတို့ရောကျွန်မကိုမုန်းသွားမလား ကိုမောင်နဲ့မလိုက်ရင် ကိုမောင်ကရောမုန်းသွားမှာလား ဟင့်အင်း အဲ့လိုမဖြစ်ရဘူး ကျွန်မအသေချာဆုံးဖြတ်ချက်တခုချလိုက်ပါတော့သည် ....
အပိုင်း ၁၃နောက်ရက်တင်ပါ့မယ်ရှင့်
ချစ်သော readers လေးတွေ 😘
Keep Reading