ဆောင်း
အပိုင်း ၁၄
ကိုမောင်ကိုမေးမှရမည် ကျွန်မကိုခြံဝထိသာလိုက်ပို့ပြီး ပြန်သွားတုန်းက မေမေ့ကိုစိတ်ပူတဲ့ဇောနဲ့မေ့နေခဲ့သည် အခုပြန်တွေးကြည့်မှအိမ်ထဲတောင်မဝင်တာဘာကြောင့်များလဲ မေမေတို့ကိုမျက်နှာပူ၍လား တခြားအကြောင်းများရှိသေးတာလား ကိုမောင်တို့အိမ်ကိုဖုန်းဆက်တော့ ဦးလေးလာကိုင်သည် မေ့မေ့ကျန်းမာရေးအကြောင်းမေးပြီး ကိုမောင်မလာကြောင်း ကျွန်မတို့နှစ်ယောက်အိမ်ကထွက်ထဲကအခုချိန်ထိအဆက်သွယ်မရှိကြောင်းပြောသည်
"သမီး မြတ်မောင်ရော"
"သူမနက်ကခြံဝထိလိုက်ပို့ပြီးထွက်သွားတာ သူတို့အိမ်ကိုလည်းမသွားဘူးပြောတယ် ရွာပြန်သွားတာထင်တယ် ဟုတ်လောက်မယ်"
တကယ်တော့ကျွန်မကာပြောလိုက်ခြင်းဖြစ်သည် ကိုမောင်သာပြန်မယ်ဆိုကျွန်မကိုပြောသွားမှာပါ
"သမီး လောလောဆယ် ဖေဖေတို့ဆီမှာနေပါဦးကွယ် သမီးအမေကျန်းမာရေးကတွေ့တဲ့အတိုင်းဘဲ နေ့လားညလားမသိရဘူး ဖေဖေစကားနားထောင်ပါ"
မေမေကဆန်ပြုတ်တမျိုးဘဲစားနိုင်ပြီး အမာစာလုံးဝစားမရတာဖြစ်သည် အစထဲကသိခဲ့ရင်ဒီလောက်ဆိုးမှာမဟုတ် ကျွန်မ၏အမှားများသာဖြစ်သည် ........
မေမေက ကျွန်မပြန်လာပြီးထဲက အစားနပ်မှန်လာသည် အရင်ကဆိုဘာမှမစားလှိမ့်ခံသည်ဟုဆိုသည် အစာအိမ်အကြိတ်လုံးကပိုကြီးလာပြီးဗိုက်ကအနဲငယ်ဖောင်းလာသည် မေမေကကျွန်မစိတ်ပူမည်စိုး၍သူဘာမှမဖြစ်ကြောင်းအဆင်ပြေကြောင်းသာတဖွဖွပြောတာကြောင့် ကျွန်မကိုယ်ကျွန်မပို၍အပြစ်တင်မိသည်
ဒီနေ့နဲ့ဆိုကျွန်မပြန်ရောက်တာ တလနီးပါးရှိပြီ ကိုမောင့်ဆီကဘာအဆက်သွယ်မှမရ အမှန်တိုင်းပြောရရင် ကျွန်မကိုမောင့်ကိုမေးစရာတွေများနေပြီး လွမ်းမိသည်ကပိုသည်
။။။။။။။။။
"သမီးရေ ဝင့် "
အိမ်ရှေ့ကခေါ်သံကြောင့်ထွက်ကြည့်တော့ကိုမောင့်အဖေဖြစ်သည်
"ဦးလေး ဝင်ခဲ့ပါ "
"အခုမှလာရလို့အားနာပါတယ်သမီးရယ် ဦးလေးအလုပ်တွေဆက်နေလို့ပါ သားဆီကအဆက်သွယ်ရတယ်မလားသမီး"
ဖေဖေကကျွန်မတို့နှစ်ယောက်ပြောနေသည်ကိုအာရုံစိုက်ကာနားထောင်နေသည် ကျွန်မခေါင်းသာခါပြလိုက်သည်
"ဘယ်လို ဒီကောင်ကတော့ သူရွာမှာဘဲမလား ဦးလေးသွားမယ် ဒီကောင်ဘာအချိုးလဲ"
ဖေဖေကဦးလေးပြန်သွားတော့ကျွန်မကိုအကြောင်းစုံမေးသည် ကျွန်မ မကွယ်ဝှက်တော့အကုန်ပြောပြလိုက်သည်
"ဒီကောင်ဘာတွေလုပ်နေတာလဲ သမီးတို့ဘယ်မှာနေတာလဲအဖေ့ကိုပြောအဖေသွားရှာမယ်"
တကယ်ကို ကိုမောင်ဘာတွေလုပ်နေလဲမသိတော့ ကျွန်မ မတွေးနိုင်တော့ ရွာကအုပ်ချုပ်ရေးမှူးဖုန်းကိုသိ၍တော်သည် ဖုန်းဆက်မေးတော့ကိုမောင်ပြန်မလာကြောင်းပြောသည် ဘယ်တွေရောက်နေတာလဲကိုမောင်ရယ် ဝင့်စိတ်ပူလှပါပြီ သူဘာကြောင့်ဒီလိုတွေလုပ်နေတာလဲ ကျွန်မကိုတောင်အဆက်သွယ်မလုပ်ရအောင်ထိဘာတွေလုပ်နေလို့လဲ
"ဝင့် အန်တီရော"
"အခန်းထဲမှာမစော "
မစောလည်းအိမ်ကိုအားရင်အားသလိုလာတတ်ပြီး မေမေနဲ့အတူစကားတွေပြောကြသည် ဒီရက်ပိုင်းမေမေက တရှောင်ရှောင်ဖြစ်လာတာကြောင့် ဖေဖေပါရုံးမသွားဘဲအိမ်မှာနေပေးသည်
"မြတ်မောင်စီကအဆက်သွယ်ရလားဝင့်"
"မရပါဘူးမစောရယ် "
"တို့ပြောမယ် ဟုတ်လားတော့မသိဘူး ဝင့်စိတ်ကိုအေးအေးထားရမယ်နော်"
"ဘာလဲဟင်မစော ကိုမောင်ဖုန်းဆက်တာလားဟင်"
"မဟုတ်ဘူး တို့မနေ့ကပလာဇာသွားတုန်းက ကိုမောင်နဲ့ကောင်မလေးတယောက်ကိုတွေ့လိုက်သလိုဘဲ အဲ့ကောင်မလေးကသူနဲ့အရပ်မတိမ်းမရိမ်းလောက်ရှိတယ်အသားလေးလည်းလတ်တယ် သိလားသူ့ကို"
ကျွန်မရင်ထဲထိတ်သွားရသည် လှိုက်တက်လာတဲ့မျက်ရည်တွေကိုမျိုချရင်း မျက်လုံးထဲမြင်မိသည်က ဧပရယ်ဆိုသောကောင်မလေး မဟုတ်တာ ကိုမောင်ဆိုရင် သူနဲ့အဆက်သွယ်လုပ်လောက်မှာမဟုတ်ဘူး နောက်ဆုံးတခေါက်သူတို့စကားများကြပြီးထဲက အဆက်သွယ်မရှိတော့တာ ကိုမောင်မဟုတ်လောက်ပါဘူး
"မစောမျက်စိမှားတာဖြစ်မှာပါ "
"အင်းပါဝင့်ရာ တို့ကစိတ်ပူလို့ အန်တီစီသွားလိုက်ဦးမယ်"
ကျွန်မသက်ပြင်းများသာအတွင်တွင်ချနေမိသည် ကိုမောင်ဘေးမှာရှိရင်ပြောချင်သည် ဝင့်သဝန်တိုတတ်နေပါပြီလို့
။။။။။။။။။။
"သမီး မြတ်မောင်ရော မလာပါလား ဘယ်မှာလဲ"
မေမေ့ဘက်မှစမေးလာတော့ကျွန်မအဖြေရှာမရ
"ခေါ်လိုက်ပါ မေမေစိတ်မဆိုးပါဘူးလို့ အစကတော့စိတ်ဆိုးပေမယ့် ကိုယ့်သမက်ဘဲမဟုတ်လား"
မေမေကရယ်မောကာပြောနေသောကြောင့် ကျွန်မစိတ်မလုံမလဲဖြစ်မိသည် ကိုမောင့်ကိုမေမေကတော်တော်ချစ်သည် အားလည်းကိုးသည် သူ့သားလေးတောင်ဖြစ်စေချင်သည်ဟုပြောဖူးသည်မဟုတ်ပါလား
"ဟုတ် သူအလုပ်ရှုပ်နေလို့မေမေ သမီးပြောလိုက်ပါမယ် "
ကျွန်မထိုနေ့ကစပြီး ကိုမောင့်သတင်းကိုလိုက်စုံစမ်းခဲ့သည် ကိုမောင်တို့အိမ်သွားတော့အန်တီကသူလည်းစိတ်ပူနေကြောင်းပြောပြီး တာဝန်မကျေလို့အားနာကြောင်းပါပြောသည် ကိုမောင့်သတင်းတော့အစနတောင်မသိရဟုဆိုသည် ကျွန်မနဲ့အတူရှိနေသည်ဟုထင်နေကြပြီးစိတ်အေးအေးနေခဲ့တာသာဖြစ်ကြသည် ကိုမောင့်သူငယ်ချင်းတွေလိုက်မေးတော့လည်းသူတို့မသိကြ ဧပရယ်ဆိုသောကောင်မလေးဆီကျွန်မသွားကြည့်ရမည် သူဆိုလျှင်သိလောက်မှာပါ
"အန်တီ ဧပရယ့်လိပ်စာသိလား ဝင့်ကိုပြောပြလို့ရမလား"
"မလိုတော့ဘူး "
နောက်ကျောဘက်မှထွက်လာသောကိုမောင့်အမအသံဖြစ်သည်
"မောင်မောင်ကသူ့ဆီမှာ"
"ဟင် ကိုမောင်က အမ ဟုတ်လို့လားဟင် ဒါဆိုဘာလို့ဝင့်ဆီမလာတာလဲမဟုတ်ပါဘူး "
"နင်ကတုံးလွန်းတယ် မောင်မောင်နင့်ကိုဘယ်လိုကစားနေလဲနင်မသိဘူးမလား မေမေ ဘာတွေဖုံးထားဦးမလို့လဲ ပြောလိုက်တော့လေ"
နောက်အပိုင်းလေးကဇာတ်သိမ်းလေးပါ ဇာတ်သိမ်းလေးကိုရိပ်မိနေကြပြီလားနော် 🫣
ဇာတ်သိမ်းပိုင်းနောက်ရက်တင်ပါ့မယ်ရှင့်
ချစ်သောreadersလေးတွေ😘
Keep Reading