ဆောင်း
အပိုင်း ၇
အဲ့နေ့အပြီး ကျွန်မလဲစာကြည့်တိုက်မသွားဖြစ်သလို သူလဲအိမ်ကိုမလာတာ အခုဆို၃လနီးပါးလောက်ရှိပြီ မစောက ကြုံရင်ကြုံသလိုသူ့အကြောင်းတွေလာလာပြောပေမယ့် ကျွန်မ မကြိုက်မှန်းသိတော့ နောက်ပိုင်းမပြောတော့ဘူး ဒီနေ့ကတော့ကျွန်မမွေးနေ့ပေါ့ ဘာလိုလိုနဲ့အသက်တနှစ်ကြီးလာပြန်ပြီ ဆိုင်ဖွင့်ရက်မို့ မနက်ပိုင်းနေ့တဝက်နားပြီး အိမ်နားက ကလေးတွေကို ပေါင်မုန့်အုန်းနို့ဆမ်းလေးလုပ်ကျွေးမယ်စိတ်ကူးရတာကြောင့် မေမေနဲ့အတူမီးဖိုချောင်ထဲမှာဝိုင်းချက်တယ် မေမေကလည်းကြုံတာနဲ့ သူ့အကြောင်းဘဲမေးတယ်
"သမီး မောင်မြတ်မောင်ရော ဘာသတင်းကြားလဲ အဆင်ပြေရဲ့လားမသိပါဘူးကွယ် "
"သမီးဘယ်သိမလဲမေမေရဲ့ အဆက်သွယ်မှမရှိဘဲ"
မေမေက ကျွန်မကိုအကဲခတ်သလိုကြည့်တယ်
"သမီး ခံစားချက်ဆိုတာကြာကြာဖုန်းကွယ်ထားသင့်တာမဟုတ်ဘူးနော် ဘယ်အရာမဆိုဘဲ "
"သမီးသိပါတယ် ဘာကိုမှလဲမဖုန်းကွယ်ထားပါဘူး သမီးခေါ်လိုက်တော့မယ်ကလေးတွေကို"
စကားစဖြတ်ပြီးကလေးတွေစုဖို့ထွက်လာလိုက်တော့တယ် ထုံးစံအတိုင်းကျွန်မမွေးနေ့ကိုသူတို့မှတ်မိနေကြပါတယ်
"မမဝင့် ရော့မွေးနေ့လက်ဆောင်"
"အမယ် ကျေးဇူးပါရှင့် လာလာ စားလို့ရပြီထိုင်ကြ အခင်းပေါ်ထိုင်နော် အောက်ကစိုနေတာ"
အရင်လိုဘဲ ခြံလေးထဲခေါ်ကျွေးလိုက်တယ် မဆီမဆိုင်သူ့ကိုသွားသတိရလိုက်သေးတယ် အော် ခက်တာဘဲနော် ..
"သမီးဆိုင်သွားလေ မီးငယ်တို့ကိုဘုရားလိုက်ပို့လိုက်ပါလား သူတို့မရောက်တာလဲကြာပေါ့ "
"မေမေတယောက်တည်း သမီးဝိုင်းသိမ်းပေးပါ့မယ် သူတို့က"
"အော်သွားပါ ခနနေ ဒေါ်သန်းလာမှာ သွား အကျီလဲ"
တကယ်က မေမေနဲ့အတူသွားဖို့ပါ အခုနောက်ပိုင်းကျန်းမာရေးသိပ်မကောင်းတော့ ဘုရားဖူးခိုင်းမယ်ဆိုပြီးတော့
"ဟာ မမဝင့် လာပြီလား လှနေတာ ဘယ်သွားမလို့လဲ သမီးကျစ်ဆံမြှီး ကျစ်ပေးမယ်မမ "
"နေနေ ရတယ် ရှင်တို့သာအကျီလဲ ဘုရားသွားမယ် "
"ဟင်တကယ်လား ပျော်စရာကြီး ဒါမယ့် ဆိုင်ကိုရောမမ"
"နေ့တဝက်ပိတ်လိုက်မယ်ကွာ "
ကလေးတွေပျော်နေတာကြည့်ပြန်တော့ပီတိတခုရပြန်တယ် သူတို့လေးတွေကတကယ်ဖြူစင်ကြတယ် ခံစားချက်တွေကိုလဲဖုန်းကွယ်မနေဘူး
ရန်ကုန်မှာသာနေတာရွှေတိဂုံဘုရားကိုတလနေလို့တခါမရောက်ဖြစ် တကယ်တန်ခိုးကြီးပါတယ် ဒီနေ့တော့ဖူးထိုက်လို့ဖူးရပြီထင်တယ် ကျွန်မတို့ကိုယ်ဂြိုလ်တိုင်ကိုယ်ဖူးပြီးဘုရားကိုပတ်နေကြသေးတာ၃ပတ်လောက်ရှိတော့
"မမဝင့် ဟိုမှာကိုကြီး"
ကိုကြီးဆိုတာက သူ့ကိုကေလးတွေခေါ်ကြတာလက်ညှိုးညွှန်ရာကြည့်လိုက်တော့ကိုမင်းမြတ်မောင် မတွေ့တာကြာတော့ပိန်သယောင်ယောင်ရှိတယ် ဆံပင်တွေလဲရှည်နေသလိုဘဲ ထူးဆန်းတာကဘေးမှာသူလက်ကိုချိတ်ထားတဲ့မိန်းကလေးတယောက် ဆံပင်ကျောလည်လောက်ရှိပြီး သူနဲ့မတိမ်းမယိမ်းအရပ်ရှိတယ် ကျွန်မအတန်ကြာကြည့်မိတော့ သူတွေ့သွားသည်ထင်သည် ကျွန်မတို့ဆီလှမ်းလာသည်
"ဝင့် ဘုရားလာတာလား မတွေ့တာကြာပြီ "
သူကကျွန်မကိုအရင်လိုဘဲ မျက်ဝန်းတွေကွေးနေအောင်ပြုံးပြီးပြောနေခြင်းဖြစ်သည် သူ့ဘေးကမိန်းကလေးက ကျွန်မကိုအထက်အောက်စုံဆန်အောင်ကြည့်ပြီး
"ကိုကို မိတ်ဆက်ပေးဦးလေ"
"အော်အင်း ဝင့်ဒါကကို့ချစ်သူပါ နာမည်က ဧပရယ်တဲ့ ချစ် ဒါကဝင့်ဝါတဲ့ကိုယ်နဲ့အသိတွေလေ.... "
ချစ်သူတဲ့ အဲ့စကားလုံးကခံရခက်လိုက်တာ ရင်ထဲစူးလိုက်တာ မျက်ရည်တွေက မဟန်ဆောင်နိုင်လောက်အောင် မျက်ဝန်းတဝိုက်ကျီစယ်နေတော့သည် ကျွန်မငြင်းပြီးပြီ ဘာမှမဆိုင်တော့တာ ဘာလို့များဒီလိုဖြစ်နေရတာလဲ ကိုယ်တိုင်တွန်းထုတ်ခဲ့ပြီးသားလူတယောက်ကို ..
"ကိုကြီး ဒီနေ့ကမမဝင့်မွေးနေ့လေ အဲ့တာမီးငယ်တို့ကိုဘုရားလိုက်ပို့တာ"
"ဟုတ်လား ဝင့် Happy birthday နော် ဘာကျွေးမှာလဲ "
ကျွန်မပြုံးပြရင်း
"ကိုမြတ်မောင်စားချင်တာပြောလေ ဝင့်ဝယ်ကျွေးပါ့မယ်"
"အန်တီ့ လက်ရာကိုလွမ်းနေတာဝင့်ရဲ့ အန်တီရောနေကောင်းတယ်မလား "
"ဟုတ်ကောင်းပါတယ် မေမေကဒီတိုင်းပါဘဲ"
"ဒါဆို နောက်ရက်ကိုအလည်လာခဲ့ဦးမယ်နော်ရတယ်မလား"
ကျွန်မခေါင်းငြိမ့်ပြလိုက်ပါသည် သူ့ရဲ့ချစ်သူဆိုသူကလည်း ကျွန်မကိုပြုံးပြကာနှုတ်ဆက်သွားသည် ကျွန်မရဲ့စိတ်ကြောင့်ဘဲလား ထိုမိန်းကလေးရဲ့အကြည့်တွေကမရိုးသားနေခဲ့ဘူး တမင်များလှောင်ရယ်နေသလိုခံစားလိုက်ရသည်
........
နောက်ရက် ကျွန်မဆိုင်ပိတ်ရက်နေ့ သူရောက်လာခဲ့သည် တယောက်ထဲမဟုတ်သူ့မိန်းကလေးပါပါသည်
"ဟယ် သား မတွေ့တာကြာတော့ပိန်သွားတယ်ထင်တယ် သူက"
"အန်တီ့လက်ရာမစားရလို့ပေါ့ဗျာ အန်တီမိတ်ဆက်ပေးဦးမယ် သူကကျွန်တော့ချစ်သူ ဧပရယ်တဲ့ ချစ် နှုတ်ဆက်လိုက်ဦး "
မေမေ့မျက်နှာမှာလည်း အံ့ဩမှုတချို့တွေ့လိုက်ရတယ်
"အေးအေး ကောင်းတယ် သမီးလေးကအလှလေးဘဲ လာလာ ထမင်းစားသွားကြ"
မေမေကထုံးစံအတိုင်းထမင်းဧည့်ခံကျွေးမွေးနေတော့သည် ကျွန်မခြံထဲထွက်ကာအပင်ရေလောင်းနေတုန်း
"အမ "
"အော် ညီမလေး "
"အမနဲ့ကိုကိုနဲ့ခင်တာကြာပြီလား "
"သိပ်မကြာသေးပါဘူး အင်း ၄ ၅ ၆လလောက်ပေါ့ ဘာလို့လည်းညီမလေး"
"မဖြစ်ပါဘူး မေးကြည့်တာပါ အမက လှတယ်နော် ဆံပင်ကလည်းအရှည်ကြီးဘဲ ချစ်စရာလည်းကောင်းတယ်"
"မဟုတ်တာကွာ အမကမြောက်တတ်တယ်နော် "
"ကိုကိုကအဲ့တာကြောင့်အမကိုခင်တာနေမယ် ခင်ဖို့လည်းကောင်းတယ်"
ခင်တာတဲ့ အင်း..ဟုတ်တာဘဲ သူကျွန်မကိုခင်ခဲ့တာဘဲလေ ကျွန်မကသာ မဟုတ်တဲ့ခံစားချက်တွေအခုထိဖျောက်မရသေးတာ အခုမှသိလာရတာ ကျွန်မကအစွဲလမ်းကြီးတဲ့မိန်းမတယောက်ဆိုတာပေါ့
အပိုင်း ၈နောက်ရက်တင်ပါ့မယ်ရှင့်
ချစ်သောreaders လေးတွေ 😘
Keep Reading