ဆောင်း
အပိုင်း ၈
ဒီနေ့မေမေ့ဆေးခန်းရက်ချိန်းရှိလို့ မေမေနဲ့အတူဆေးခန်းလာပြတော့ အပြန်လမ်းမှာသူနဲ့တွေ့တယ်ဒီတခါတော့သူတယောက်တည်း အရင်လိုတိုက်ပုံနဲ့ပုဆိုးကိုဝတ်ထားပြီး မုတ်ဆိတ်မွှေးရိတ်ထားတာကြောင့်ထင်သည် သန့်ပြန့်နေပါသည် မေမေကသူ့ကိုတွေ့တယ်ဆိုချက်ချင်းနှုတ်ဆက်တော့ သူလည်းကျွန်မတို့ဆီလျှောက်လာသည်
"အန်တီတို့ ဘယ်လာကြတာလဲ"
"ဆေးခန်းကွယ် ဒီရက်ပိုင်းခါးကနဲနဲနာနေလို့ သားရောဘယ်လဲ"
"ကျွန်တော်ကအမဝယ်ခိုင်းထားတာရှိလို့ စာအုပ်သွားဝယ်မလို့ "
သူကပြောရင်းကျွန်ကိုလှည့်ကြည့်လာသည် မေမေကကျွန်မတို့၂ယောက်တည်းရှိစေချင်ပုံပေါ်သည်
"သမီး မေမေ လဲ့တို့ဆီသွားချင်လို့မေမေ့ကိုTaxiငှားပေးပါလား သမီးကတော့ပြန်လိုက်ပေါ့ "
ကျွန်မ မေမေ့အကြောင်းသိသည် အန်တီလဲ့ဆီမနေ့ကဘဲသွားလည်ထားတာအခုထပ်သွားချင်တယ်ဆိုတော့
"ဟုတ် "
.......
"ဝင့် နေမကောင်းဘူးလား နဲနဲချောင်သွားသလိုဘဲ"
"ကောင်းပါတယ် အိပ်ရေးပျက်လို့ဖြစ်မယ် "
"မအိပ်ဘဲစာတွေဖတ်နေပြန်ပြီလား ကလေးလည််းမဟုတ်ဘဲကွာ "
ကျွန်မသူ့ကိုကြည့်မိတယ် သူကဘာမှမဖြစ်သလိုဂရုစိုက်ပြနေပြန်ပြီ စကားတွေနဲ့နှစ်သိမ့်နေတာလားရှင် ကျွန်မသူ့အပေါ်စိတ်ရှိတာသူသိပါတယ် သူသိရက်နဲ့
"ကျွန်မအကြောင်းပါ ကိုမြတ်မောင်စိတ်မပူပါနဲ့"
"ဘယ်လိုပြောလိုက်တာလဲကွာ ကိုကဝင့်ကို"
ကျွန်မကိုယ့်ကိုကိုယ်မထိန်းနိုင်တော့
"ရှင်အရမ်းအပြောင်းလဲမြန်တယ်နော်ကိုမြတ်မောင် ရှင်တို့ယောကျ်ားတွေစိတ်ကလည်းရှင် အပြောင်းလဲမြန်ပါပေ့ "
သူကျွန်မကို ထိုမျက်ဝန်းတွေနဲ့စိုက်ကြည့်သည် မကြိုက်ဘူး အဲ့လိုအကြည့်တွေကျွန်မတကယ်မကြိုက်ဘူး
"ဝင့် "
ကျွန်မမျက်ရည်ကျမိပြန်ပါပြီ မုန်းတယ်မျက်ရည်လွယ်လွန်းတဲ့ကျွန်မကိုယ်ကျွန်မမုန်းတယ်
"ရှင်သိတယ် ကျွန်မရှင့်ကို"
သူ့ရင်ဘက်ထဲဆွဲကာဖက်ထားလိုက်တော့ ကျွန်မရုန်းဖို့အားမရှိ ကျွန်မ ပြိုလဲမိနေတာ ပိုင်ရှင်ရှိပြီးသားလူတယောက်ရဲ့ရင်ခွင်တဲ့လား...ဝင့်ဝါရယ်နင့်အရှက်နဲ့မာနတွေဘယ်ရောက်ကုန်ပြီလဲ....
သူနဲ့ကျွန်မမှတ်တိုင်တခုပြီးတခုလမ်းလျှောက်ခဲ့ကြတယ် တယောက်နဲ့တယောက်စကားမပြောဖြစ် သူ့ဘက်ကဘာစကားများစပြောလာမလဲစောင့်နေခဲ့ပေမယ့် စကားတခွန်းတောင်ဟမလာတာကြောင့်
"ကိုမြတ်မောင် ကျွန်မကားငှားသွားတော့မယ် နောက်မှတွေ့ပါမယ်"
"ဝင့် "
ကျွန်မလက်ကိုဆုပ်ကိုင်ပြီးသူပြောတယ်
"ကို့ကိုဘာပြောစရာရှိလဲ "
ကျွန်မကဘာပြောရမလဲ ကျွန်မပါးစပ်ကမပြောတာဘဲရှိပြီး ကျွန်မအမူအရာတွေနဲ့တင်ပြောစရာမရှိတော့တာ သူမသိလေရော့လား ကျွန်မခေါင်းခါပြလိုက်သည်
"ဒါဆို ကိုပြောတာနားထောင်မလား "
"ပြောပါ ဝင့်နားထောင်နေတယ် "
"ကိုဝင့်ကိုချစ်တုန်းဘဲ နောက်လဲချစ်မှာ "
သူ့စကားကဘာအဓိပ္ပါယ်ဆိုတာသူမသိတာမဟုတ် ထိုမိန်းကလေးကဘာဖြစ်သွားမလဲ ကျွန်မကဘာဖြစ်သွားပြီလဲ
"အဓိပ္ပါယ်ရှိတာကိုပြောပါကိုမြတ်မောင် "
"သူကကို့သူငယ်ချင်း ဝင့်စိတ်ကို ကိုသိချင်တယ် ရှင်းလင်းချင်တယ်ဒါကြောင့်ကိုဟန်ဆောင်ခဲ့မိတာ ဝင့်စိတ်ကို ဝန်ခံပေးလို့ရမလား"
"ကျွန်မ ဘာများပြောရမှာလဲ အရှက်မရှိဘာကိုဝန်ခံရမလဲကိုမြတ်မောင် ရှင်သိပြီးသားကိစ္စအခုမှသိတာမဟုတ်ဘဲ "
"ကိုပိုသိချင်တယ် ကို့ကိုချစ်လား"
သူကျွန်မကိုဒီတခါစိုက်ကြည့်တဲ့မျက်ဝန်းတွေကိုကျွန်မ မမြင်ဖူးပါ လေးနက်ပြီးအဓိပ္ပာယ်ရှိလွန်းတယ် ကျွန်မသူ့ကိုဘာပြောရမှာတဲ့လဲ
"....."
"ဟင် ဖြေပါဝင့်ရယ် ကိုကြားချင်တယ်"
"အင်း"
"ကိုမကြားဘူး ဘာပြောတာလဲ"
"အင်းလို့"
"ကိုမေးတာ ချစ်လား"
"ရှင်ဘာဖြစ်နေတာလဲ ဖြေပြီးပြီဖယ်တော့"
"ဒါဆို ကို့ကိုချစ်တယ်ပေါ့နော် ဒါဆို"
ပါးပေါ်ရောက်လာတဲ့နွေးထွေးတဲ့နှုတ်ခမ်းတစုံ
"ဟာ ဘာလုပ်တာလဲ လူမြင်ကွင်းမှာအရှက်မရှိ"
ရိုက်ဖို့ရွယ်လိုက်တဲ့ကျွန်မလက်ကိုသူ့လက်နဲ့ယှက်ပြီးဆုပ်ကိုင်ကာလမ်းဆက်လျှောက်လာခဲ့တယ် အိမ်ရောက်တဲ့အထိတော်တော်လျှောက်ခဲ့ရပေမယ့် ညောင်းရမှန်းမသိ အိမ်ရှေ့ရောက်မှကျွန်မလက်ကိုသူဖြုတ်တယ်
"ဝင့် ဒါကို့ဖုန်း ညကျရင်ဆက်မယ်နော် ဖုန်းစိမ်းမကိုင်မှာစိုးလို့"
"ဟင် ဒါဆိုဝင့်ဖုန်းကိုသိလို့လား"
"အန်တီပြောပြထားတယ် ကိုအစောကြီးထဲကသိတယ်"
မေမေကတော့သမီးလေးတယောက်တည်းရှိလို့ဘဲစိတ်ချလိုက်တာလွန်ပါရော
"ဘာတွေသိသေးလဲ "
"ဝင့်နဲ့ပက်သတ်တာအကုန်သိတယ် ငယ်ငယ်ကအတန်းထဲမှာစာပေးခံရလို့ငိုပြီးမေ့လဲသွားတာရော ပြီးတော့ အလယ်တန်းတုန်းက ကျောင်းပြေးတာမိလို့ အိမ်ပြင်မှာနေရတာရော အမ် ပြီးတော့"
"တော်တော့ မေမေကတော့ဘာတွေပြောထားမှန်းမသိဘူး နေဦး ရှင် ဒီလိုဟန်ဆောင်ပန်ဆာင်လုပ်တဲ့အကြောင်းရောမေမေသိလား"
"ကိုက အန်တီနဲ့အကုန်တိုင်ပင်တာ ဟိတ်လျှောက်မတွေးနဲ့တော့ ဝင်တော့ ကိုဖုန်းဆက်မယ်နော်ကလေးလေး"
"ဘာကလေးလဲ နောက်မေမေ့ကိုဆွဲထည့်ကြည့်တွေ့မယ်"
မေမေရယ် တကယ်ကိုမထင်ရဘူး မေမေနဲ့သူ့ကိုအကယ်ဒမီပေးရမှာ....မနက်ဖြန်ဆိုတာမမြင်ရဘူးဆိုတာတကယ်ဘဲ သူနဲ့ကျွန်မဟာကျွန်မထင်ထားသလိုအဆုံးသတ်ဟုတ်မနေခဲ့ဘူး ဇာတ်သိမ်းမှာပြောင်းလဲသွားမယ်လို့ဘယ်သူကရောထင်မှာလဲ .......
အပိုင်း ၉နောက်ရက်တင်ပါ့မယ်ရှင့်
ချစ်သော readersလေးတွေ😘
Keep Reading