စာကြမ်းပိုး
Rangoon တုန်းက အမှတ်တရ ဖြစ်နေတဲ့ ဂန္ဓမာကြီးကို စိန်ဓားမြှောင် နဲ့အတူ ပြန်တွေ့လိုက်ရလို့ ဝမ်းသာမိပါတယ်။
ဒီစာအုပ်ထဲမှာတော့ လူမိုက်ကြီးများကို နိုင်ငံရေး အရှုပ်အရှင်းကြားက နယ်ရုပ်လေးတွေ အဖြစ်မြင်တွေ့လိုက်ရတယ်လို့ ထင်ပါတယ်။ ဆရာခက်ဇော်ရဲ့ လူမိုက်ကြီးတွေက ဖိုးတုတ်လည်း ဖိုးတုတ်မို့ ၊ စိန်ဓားမြှောင်လည်း စိန်ဓားမြှောင်မို့ အတော်လည်း တွေးတောကြံဆတတ်တဲ့သူတွေပဲလို့ တွေးမိပါတယ်။ စိန်ဓားမြှောင်ဆိုရင် နိုင်ငံရေးကို အတော်လည်း သုံးသပ်တတ်ပြီး အတော်လည်းအမြင်ရှိတဲ့သူတယောက်ပါ။
မမြကြည်ကိုသိပ်ချစ်တဲ့ မန္တလေးက စိန်ဓားမြှောင် ၊ Rangoon တုန်းကမသောင်းကိုသိပ်ချစ်တဲ့ ရန်ကုန်က ဂန္ဓမာကြီး ၊ လိမ္မာတုန်းက လိမ္မာခဲ့သလို မိုက်တဲ့အချိန်လည်း အကွက်ကျကျ စေ့စေ့စပ်စပ် နဲ့ လက်အောက်ငယ်သားတွေအပေါ်ကို တာဝန်ကျေပွန်စွာ မိုက်တဲ့ လူမိုက်ကြီးတွေ အကြောင်းကို နိုင်ငံရေး အရှုပ်တော်ပုံအချို့၊ အာဂ အမျိုးသမီး အချို့ ၊ ထင်မှတ်မထားတဲ့ဇာတ်လမ်းအချိုးအကွေ့အချို့ နဲ့အတူ အလွန်စိတ်ဝင်စားဖွယ်ဖတ်လိုက်ရပါတယ်။
ဝတ်မှုံလေး(စာကြမ်းပိုး)
Keep Reading