SarPhat Author
ကလေးအများအစုသည် အိမ်ဆောက်ကစားခြင်းအတွက် သစ်ပင်အိမ်ကို အသုံးပြုကြသည်။ သို့ပေမယ့် သစ်ပင်အိမ်များသည် အိမ်အစစ်များဖြစ်ကြသည်။ ကမ္ဘာ့တစ်ဝန်းရှိ လူများသည် သူတို့ကို အသုံးပြုကြသည်။ သစ်ပင်များရှိသည့်နေရာတိုင်းတွင် သစ်ပင်အိမ်များရှိသည်။ အဘယ်ကြောင့် ရှိနေသနည်း။
သစ်ပင်အိမ်များသည် လူများနှင့် အစားအစာများကို အမြင့်၌ထားကာ ထိန်းသိမ်းပေးသည်။ ထိုနေရာ၌ သူတို့သည် တောရိုင်းတိရစ္ဆာန်များနှင့် ရေကြီးမှုများမှ ဘေးကင်းလုံခြုံသည်။ အရှေ့တောင်အာရှ တွင် မိသားစုများသည် သူတို့၏သစ်ပင်အိမ်များမှ ပင်စည်တွင် ထက်အောက်ရွေ့လျားနေသော ခြင်းတောင်းများထဲတွင် လိုက်ပါ စီးနင်းခြင်းဖြင့် အသွားအလာလုပ်ကြသည်။
အချိန်များကြာပြီးသည့်နောက် လူများသည် သစ်ပင်အိမ်များကို အပျော်၊ဖက်ရှင်နှင့် ကိုးကွယ်ယုံကြည်မှုအတွက်ပင် ပို၍အသုံးပြုကြသည်။ အလယ်ခေတ်များ ဘုန်းကြီးများ၏သစ်ပင်အိမ်များသည် ကမ္ဘာကြီးမှထွက်ခွာရန်နှင့် ဆုတောင်းရန် နေရာများ ဖြစ်ပါသည်။ အနုပညာနှင့် စာပေထွန်းကားလာသည့်ခေတ်အတွင်း လူများသည် သူတို့၏ဉယျာဉ်အလှဆင်ရန် သစ်ပင် အိမ်များကို တည်ဆောက်ကြသည်။ ယနေ့တွင် သတ္တိရှိသော ဧည့်သည်များသည် သစ်ပင်အိမ်များတွင် တစ်ည (သို့မဟုတ်) နှစ်ညအကြာနေကြသော်လည်း အမှန်တကယ်နေချင်သူမှာ ရှားပါးပါသည်။
အင်္ဂလန်ရှိ သစ်ပင်အိမ်
မင်းသမီးသည် ပစ်ချ်ဖို့ရှိ သစ်ပင်အိမ်တွင် ထိုင်သည်။ သူမသည် မြေခွေးလိုက်ခွေးများကို ပြတင်းပေါက်မှ စောင့်ကြည့် သည်။ သူမသည် တစ်နေ့တွင် အင်္ဂလန်၏ဝိတိုရိယဘုရင်မကြီးဖြစ်လာမည့်သူ ဖြစ်၏။ သူမနှစ်သက်သော သစ်ပင်အိမ်သည် ယနေ့တွင် ကမ္ဘာ့ရှေးအကျဆုံး သစ်ပင်အိမ်တစ်လုံးဖြစ်၏။ ထိုသစ်ပင်အိမ်သည် ၁၉၆၂ခုနှစ်ကတည်းက အရွက်ကြီးများရှိသော သံပုရာပင်တွင် ရစ်တွယ်တည်ရှိနေ၏။ ပထမ၌ သစ်ပင်အိမ်ကို ထိုသစ်ပင်က တင်ဆောင်မတင်ပေးထားသည်။ ယခုတော့ သတ္ထု များအထောက်အကူနဲ့ ဝိုင်ယာကြိုးများဖြင့် ခိုင်ခံ့သေချာစွာပြုလုပ်ထားသဖြင့် ဤသို့ကြီးမားသော ဘိုးအေသစ်ပင်ကြီးကို ဆက်လက်တည်ရှိနေစေ၏။
ပြင်သစ်ရှိ သစ်ပင်အိမ်
၁၈၄၈ခုနှစ်တွင် ပြင်သစ်နိုင်ငံ လီပရပ်စစ် ပစ်ကတ်ရှိ စားသောက်ဆိုင်ပိုင်ရှင်များသည် ဆွစ်ဖမ်မလီရော်ဘင်ဆန်တွင် ဖော်ပြထားသော သစ်ပင်အိမ်မှ နမူနာယူခဲ့သည်။ ပဲရစ်မြို့အနီးမှ လာသော ခရီးသွားများသည် ရှည်လျားသော သစ်အယ်ပင်၏ သစ်ကိုင်းများကြားတွင် စားသောက်ရန်လာကြသည်။ စိတ်ကူးသည် လူသိများလာခဲ့သည်။ စားသောက်ဆိုင်များ များပြား ပေါ်ပေါက် လာသည်နှင့်အမျှ သစ်ပင်အိမ်များနှင့်ဒန်းများကို ပြည့်စုံလာစေသည်။ ဝမ်းနည်းစရာကား သစ်ပင်မှ တွဲလျားကျနေသော ပျဉ်ချပ် အကျန်တွေသာ လွဲ၍ ထိုသို့စားသောက်ဆိုင်များ မရှိတော့ချေ။
အင်ဒိုနီးရှားရှိ သစ်ပင်အိမ်
အချို့လူအုပ်စုများသည် သစ်ပင်အိမ်များတွင် နေကြဆဲဖြစ်လေသည်။ ယှဉ်ပြိုင်လူမျိုးစုများမှ ကာကွယ်ရန် အင်ဒိုနီးရှားရှိ ကိုရိုဝေလူမျိုးများသည် အမြင့်ပေ(၁၄၀)ထိမြင့်သော သစ်ပင်အိမ်များကို တည်ဆောက်ကြသည်။ ခြေတံရှည်အိမ်တိုင်များသည် သစ်ကိုင်များကြားမှီတင်းနေသော သူတို့အိမ်များကို မြှင့်တင်ပေးထားသည်။ သူတို့သည် သစ်သားလှေကားများဖြင့် အပေါ်သို့ ရောက်ရှိနိုင်သည်။ သစ်ပင်အိမ်အဖြစ်သတ်မှတ်ရန် တည်ဆောက်ရာတွင် အထောက်အကူအဖြစ် သစ်ပင်ကို အသုံးပြု၍ ပြု လုပ်ရမည်။ ကိုရိုဝေအိမ်များသည် အရေးပါသည်။ ညောင်ပင်သည် ကိုရိုဝေသစ်ပင်အိမ်၏ အချက်အချာကျသော တိုင်တစ်တိုင် ဖြစ်သည်။ သာဂူထန်းမျိုး၏အခေါက်သည် ကြမ်းပြင်နှင့် နံရံများတွင် သုံးပြီး အမိုးကို အရွက်များဖြင့် ပြုလုပ်ကြသည်။ ။
(World Kids Magazine,Nov/Dec,2021မှ Famous Treehouses Around the world ကို ဘာသာပြန်ပါသည်။ )
Keep Reading